Moon Lovers ဇာတ်လမ်းတွဲကို အတူရိုက်ကူးရင်း ခင်မင်ရင်းနှီးခဲ့ကြတဲ့ Lee Joon Gi နဲ့ IU ကတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲအားပေးပံ့ပိုးနေတဲ့ မိတ်ဆွေကောင်းတွေပါ။ IU ရဲ့ Hotel Del Luna ဇာတ်လမ်းတွဲတုန်းကလဲ Lee Joon Gi ဟာ ဧည့်သည်သရုပ်ဆောင်အဖြစ် အားဖြည့်ပေးခဲ့ပါသေးတယ်။
အခုလဲ IU ဟာ Park Seo Joon, Lee Hyun Woo တို့နဲ့အတူ ‘Dream’ ဆိုတဲ့ရုပ်ရှင်မှာ documentary တွေရိုက်ကူးတဲ့ PD မလေး Lee So Min အဖြစ် သရုပ်ဆောင်နေတာဖြစ်ပြီး Lee Joon Gi ဟာ အဆိုပါရိုက်ကွင်းကို မုန့်နဲ့ကော်ဖီတွေ food truck နဲ့ပို့ပေးခဲ့တယ်လို့သိရပါတယ်။
Truck ပေါ်မှာလဲ ‘PD ကြီး Lee So Min ခင်ဗျာ ကျွန်တော့်ကိုလဲ Docu တစ်ခုရိုက်ပေးဖို့ တောင်းဆိုပါတယ်’ လို့ စနောက်ထားပါသေးတယ်။ IU ကလဲ အစ်ကိုကြီး Lee Joon Gi ရဲ့အားပေးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ instagram မှာပုံလေးတွေတင်ပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ခင်မင်ရင်းနှီးမှုကတော့ တကယ်ကို ချစ်စရာကြည်နူးစရာပါပဲ။ IU ပါဝင်သရုပ်ဆောင်ထားတဲ့ Dream ရုပ်ရှင်ကလဲ ရိုက်ကူးနေပြီဖြစ်သလို Lee Joon Gi ရဲ့ Flower of Evil ဇာတ်လမ်းတွဲကလဲ ထုတ်လွှင့်ပြသတော့မှာ ဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ပရိတ်သတ်တွေကတော့ တဝကြီးအားပေးရဦးမှာပါ။
source : dlwrma (IU’s instagram)
written : Dar Dar