Categories: Celebrity News

Seo Ye Ji နှင့် EXO တို့ ကြော်ငြာတူတူရိုက်ကူးခဲ့ဖူးတယ်ဆိုတာ သင်သိပါသလား

ပရိတ်သတ်တွေက It’s Okay To Not Be Okay တွင်ပါဝင်ခဲ့သော မင်းသမီး Seo Ye Ji နှင့် EXO အဖွဲ့ဟာ ကြော်ငြာအတူတူ ရိုက်ကူးခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။

ယခုလတ်တလောတွင် Seo Ye Ji ဟာပရိတ်သတ်များကြားတွင် ရေပန်းစားအာင်မြင်နေပြီဖြစ်၍ ပရိတ်သတ်များက သူမ၏ အတိတ်ကလုပ်ခဲ့သည့် projects များနှင့် ပက်သက်၍ သိချင်နေကြပါတယ်။

အဆိုပါကြော်ငြာကို ၂၀၁၃ခုနှစ်တွင် ရိုက်ကူးခဲ့ပြီး ထိုအချိန်သူမအသက်ကတော့ ၂၂နှစ်ပဲ ဖြစ်ပါတယ်။ သူမအနုပညာလောကထဲသို့ စစဝင်ချင်းအချိန်များပင် ဖြစ်ပါတယ်။ ထိုကြော်ငြာထဲမှာတော့ Seo Ye Jiဟာသူမ၏ body အချိုးအစားနှင့် လိုက်ဖက်သည့် ကျောင်းဝတ်စုံများစွာကို ဝတ်ဆင်ပြီး ရိုက်ကူးခဲ့ပါတယ်။

ထိုအချိန်မှာကတည်းက Seo Ye Ji ဟာသူမ၏ မြင့်မားသော အရပ်အမောင်းနှင့် EXO အဖွဲ့ဝင်များကြားတွင် ထင်ထင်ရှားရှား ရှိနေပါတယ်။ အရပ်ရှည်ရည်နှင့် မျက်နှာသေးသေးလေးရှိသော သူမ၏ငယ်စဉ်ပုံရိပ်များကို ပရိတ်သတ်များက သဘောကျနေပါတယ်။

ငယ်ဂုဏ်လည်းရှိနေပြီး EXO အဖွဲ့ဝင်များနှင့် လိုက်ဖက်စွာအတွဲညီစွာ ရိုက်ကူးထားသည့်ပုံများကို တွေ့ရမှာပါ။အခုမှာတော့ It’s Okay To Not Be Okay ဇာတ်လမ်းတွဲထဲမှ သူမ၏ သရုပ်ဆောင်ချက်များကို ပရိတ်သတ်များကအတော်ပင် သဘောကျနေကြပါတယ်။

Psycho ဆန်ပြီး Strong ဖြစ်သည့် အမျိုးသမီး၏ ကာရိုက်တာကို အမှန်တကယ်ပင် ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ထိုဇာတ်လမ်းတွဲကိုတော့ အပတ်စဉ် စနေ့၊တနင်္ဂနွေနေ့များတွင် ထုတ်လွှင့်ပါတယ်။

Source: SBS star
Written: Phoo Phoo

Share