Categories: Celebrity News

သူငယ်ချင်းတွေအတွက် Hand-made လက်ကောက်လေးတွေ လက်ဆောင်ပေးခဲ့တဲ့ Taeyeon

Girls Generation ရဲ့ Taeyeon ကတော့ သူငယ်ချင်းတွေအတွက် လက်ကောက်လေးတွေ လုပ်ပေးရင်းနဲ့ အလုပ်ရှုပ်နေပါပီ။ ဇွန်လ ၂၈ ရက်နေ့မှာ Taeyeon က ချစ်စရာကောင်းတဲ့ လက်ကောက်လေးကို ဝ်ပြီး Instagram မှာပုံတင်ခဲ့ပါတယ်။ “ဒါက ငါကိုယ်တိုင် လုပ်ထားတာ? ” ဆိုတဲ့ Caption လေးနဲ့ပေါ့။

မကြာခင်မှာပဲ SHINee ရဲ့ Key က “ကျွန်တော့အတွက် Mint Green အရောင်နဲ့ တစ်ခု” လို့ Comment ရေးခဲ့ပါတယ်။ Red Velvet ရဲ့ Yeri ကလည်း အားကျမခံ “ခရမ်းရောင်လေးနဲ့ တစ်ခု” လို့ အစ်မဖြစ်သူကို တောင်းဆိုခဲ့ပါတယ်။ Hyoyeon ကတော့ “ကျွန်မကတော့ အခု အစ်မဝတ်ထားတဲ့အတိုင်းလေး တစ်ခု” ဆိုပီး သူငယ်ချင်းဖြစ်သူကို စနောက်ပီး Comment ရေးခဲ့ပါတယ်။

Taeyeon ကတော့ နာရီပိုင်းအတွင်းမှာပဲသူငယ်ချင်းတွေကို အမှန်တကယ်ပဲ လက်ကောက်လေးတွေ လုပ်ပေးခဲ့ပါတယ်။ ဒီနောက်တော့ YoonA ကလည်း “ကျွန်မအတွက်လည်း အဖြူရောင်လေး တစ်ခုဆိုပြီး” ထပ်တောင်းဆိုထားပါတယ်။

ကြည့်ရတာ Taeyeon တစ်ယောက်တော့ အခြား သူငယ်ချင်းတွေအတွက်လည်း လက်ကေလေးတွေ ထပ်ပြီး လုပ်ပေးရအုံးမယ့် ပုံပါပဲ။ ဒီလို သူငယ်ချင်းတွေ အလိုကျ အလိုလိုက်ပေးတဲ့ သူငယ်ချင်းတစ်ယောက်ရထားတာလည်း ကံကောင်းမှု တစ်ခုပါပဲနော်။

Source: Soompi
Written: Gyi Gyi

Share