Categories: Celebrity News

ဂျူလိုင်လအတွင်း စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲသစ်များ

ဇူလိုင်လရဲ့ ပထမဆုံးအပတ်ကိုရောက်ရှိလာပြီ ဖြစ်တာကြောင့် ဒီလအတွင်းမှာ ထုတ်လွှင့်ပြသမယ်လို့ အတည်ပြုထားတဲ့ ဇာတ်လမ်းတွဲကောင်းတွေကို မျှော်လင့်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ongoing series တွေကလဲ ဇာတ်ရှိန်မြင့်နေတာမို့ ဒီလကတော့ ဒရမ်မာပရိတ်သတ်တွေ မအားလပ်တော့မယ့်လ ပါပဲနော်။

Memorials


Nana နဲ့ Park Sung Hoon ရဲ့အချစ်ဟာသဇာတ်လမ်းတွဲလေးကိုတော့ ဇူလိူင် ၁ ကနေ စတင်ကြည့်ရှုနိုင်ပါပြီ။ ဆင်းရဲပေမယ့် တက်ကြွပြီးကြိုးစားတဲ့ မိန်းကလေးနဲ့ စည်းကမ်းကြီးလွန်းတဲ့ ရဲအရာရှိလေးရဲ့ကြားက အချစ်တစ်ခုပေါက်ဖွားလာပုံကို မြင်ရမှာပါ။

The Good Detective


ရဲဝန်ထမ်းစုံထောက်တွေရဲ့ ဘဝဖြတ်သန်းပုံနဲ့ အမှန်တရားကိုထုတ်ဖော်ဖို့ ကြိုစားကြပုံကို စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲတစ်ခုအဖြစ် အသက်သွင်းထားတာပါ။ ဇူလိုင် ၆ ရက်နေ့မှာ ထုတ်လွှင့်မှာဖြစ်ပြီး မင်းသား Jang Seung Jo နဲ့အားလုံးရဲ့အချစ်တော်မင်းသားကြီး Son Hyun Joo ပါဝင်သရုပ်ဆောင်ထားပါတယ်။

Men Are Men


မင်းသမီး Hwang Jung Eum အဓိကပါဝင်ထားတဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲလေးကိုတော့ ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်လွှင့်ပြသမှာပါ။ အပျိုကြီးလုပ်မယ်လို့ ပြောထားတဲ့ မမဟာ အဖက်ဖက်ကပြည့်စုံတဲ့ ကိုလူချောနှစ်ယောက်ရဲ့ ချစ်ခွင့်ပန်ခြင်းခံရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရမှာပါ။

Was It Love?


ပရိတ်သတ်အချစ်တော် Song Jihyo နဲ့ မင်းသား Son Ho Jun တို့ပါဝင်ထားပြီး Song Jihyo ဟာ အလုပ်နဲ့သမီးဖြစ်သူပေါ်မှာပဲ စိတ်နှစ်ထားတဲ့ ထက်မြက်တဲ့ single mother ရုပ်ရှင် producer တစ်ယောက်အဖြစ် သရုပ်ဆောင်မှာပါ။ ဇူလိုင် ၈ ရက်နေ့မှာစတင်ကြည့်ရှုနိုင်ပါပြီ။

She Knows Everything


မှုခင်းဇာတ်လမ်းတွဲ အမျိုးအစားဖြစ်ပြီး စိတ်ဝင်စားစရာဇာတ်ကွက်နဲ့ ကြည့်ရှုသူတွေကိုဆွဲဆောင်ဦးမှာပါ။ ပြန်လည်ဆောက်လုပ်ဖို့ပြင်ဆင်နေတဲ့ တိုက်ခန်းမှာ မှုခင်းတွေဖြစ်ပေါ်လာပုံကို အခြေတည်ရိုက်ကူးထားပြီး ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်လွှင့်ပါမယ်။

Graceful Friends


နှစ်ပေါင်း ၂၀ ကျော်သိကျွမ်းခင်မင်လာတဲ့ အေးချမ်းတဲ့ သူငယ်ချင်းအုပ်စုကြားမှာ လူသတ်မှုတစ်ခု ဖြစ်ပေါ်လာနဲ့အခါ သူတို့ရဲ့ခင်မင်မှုအပေါ် ဘယ်လိုတွေသက်ရောက်မှုရှိမလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဇူလိုင် ၁၀ ရက်နေ့မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Train


အလုပ်အပေါ်မှာတာဝန်ကျေလွန်းပြီး ဘယ်လိုအမှုမျိုးကိုမဆို အမှုမှန်ပေါ်ပေါက်ဖို့ ကြိုးစားတတ်တဲ့ စုံထောက်လေး Seo Do Won ရဲ့ကမ္ဘာဟာ သူချစ်တဲ့အမျိုးသမီးလေးကိုယ်တိုင် ကွင်းဆက်လူသတ်မှုမှာ အသတ်ခံရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ? ဇူလိုင် ၁၁ မှာပြသမှာဖြစ်ပြီး parallel universe ကိုလဲ မြင်ရမယ့်ဇာတ်လမ်းတွဲပါ။

United Effort to Accomplish One Thing


နာမည်ကြီးပန်းချီပညာရှင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ Bit Na (Kim Hye Jun) ကအမွေတွေအများကြီးနဲ့ ကြွယ်ဝသူလေးတစ်ဦးပါ။ တစ်နေ့မှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သတ်တဲ့ အရှုပ်တော်ပုံတွေ ပေါ်ပေါက်လာပါတော့တယ်။ ဇူလိုင် ၁၅ ရက်နေ့ MBC ရုပ်သံလိုင်းမှာ စတင်ပြသမှာပါ။

Flower Of Evil


အမှုစစ်တစ်ယောက်အနေနဲ့ ကိုယ်နှစ်ပေါင်းများစွာပေါင်းသင်းလာတဲ့ ခင်ပွန်းဟာ ကွင်းဆက်လူသတ်သမား psychopath တစ်ယောက်ဖြစ်ခဲ့တယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ ရိုက်ကူးပြမယ့် ဇာတ်လမ်းတွဲပါ။ Lee Joon Gi နဲ့ Moon Chae Won အဓိကပါဝင်ထားပြီး ဇူလိုင် ၂၂ ရက်နေ့မှာ သတင်ပြသမှာပါ။ ဒီဇာတ်လမ်းတွဲတွေထဲကမှ ဘယ်ဇာတ်လမ်းတွဲကိုကြည့်ဖို့ မျှော်လင့်စောင့်စားနေသလဲဆိုတာကို ပြောပြပေးသွားပါဦးနော်။

written: Dar Dar

Share