Categories: Celebrity News

Zombie စုံထောက် ဇာတ်လမ်းတွဲအသစ်တွင် ပါဝင်သရုပ်ဆောင်ကြမည့် Choi Jin Hyuk နှင့် Park Ju Hyun

KBS ရုပ်သံလိုင်းမှ ရိုက်ကူးမယ့် Zombie Detective ဇာတ်လမ်းတွဲတွင် Choi Jin Hyuk နှင့် Park Ju Hyun တို့မှ ပါဝင်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ နာမည်ကိုကတည်းက Zombie ရုပ်ရှင်တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအကြိုက် ဖြစ်မယ်ဆိုတာ မလွဲဧကန်ပါပဲ။

ဒီဇာတ်လမ်းတွဲမှာ Choi Jin Hyuk မှ bodyဖြောင့်ပြီး စမတ်ကျတဲ့ Zoombie တစ်ယောက်အနေနှင့် သရုပ်ဆောင်မှာပါ။ ဇာတ်လမ်းထဲမှာသူက Zoombie ဖြစ်နေတာ ၂နှစ်ခန့်ရှိပြီဖြစ်တဲ့ စုံထောက်တစ်ပါ။

သူဘာကြောင့် Zoombie ဖြစ်သွားလဲ၊ ဘယ်လိုပြန်လုပ်ရင် ဒီဘဝက ရုန်းထွက်နိုင်မလဲဆိုတယ့် အဖြေတွေကို လိုက်ရှာရမဲ့ သူတစ်ယောက်ပါ။ အဲ့လိုရှာဖွေရင်းနှင့်မှ စုံထောက်တစ်ယောက်အနေနှင့် လူမိုက်၊လူရမ်းကားတွေကို ဖမ်းဆီးနှိမ်နင်းရမှာပါ။

မင်းသမီး Park Ju Hyun ကတော့ သတင်းစာတိုက်တစ်ခုရဲ့ စာရေးဆရာမတစ်ဦးပါ။ ရဲရင့်တယ်၊ ပြတ်သားတယ်။ နောက်ပိုင်းမှာတော့ သူကြောင့် လူတစ်ယောက် တအတိုက်အခိုက်ခံလိုက်ရတယ်။ ဒါကြောင့်ပဲ အလုပ်ထွက်လိုက်ရတယ်။

ထို့နောက်တွင်မှ Zoombie စုံထောက် ( Choi Jin Hyuk) နဲ့အတူတူ ပူးပေါင်းပြီး စုံစမ်းရေးလုပ်ငန်းတွေ စတင်ခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ်လာကြတယ်။

အဲ့နောက်မှာတော့ နှစ်ဦးကြားမှာ အချစ်ဇာတ်လမ်းတွေ ဘယ်လိုပုံစံမျိုးနဲ့ ပေါ်ပေါက်လာမလဲ ဆိုတာကိုတော့ ဇာတ်လမ်းတွဲထွက်လာရင် ကြည့်လိုက်ရအောင်နော်။ အချိန်ပေး၍ ဖတ်ရှုမှုကို ကျေးဇုူးတင်ပါတယ်။ Cele Bar ပရိတ်သတ်ကြီးလည်း comment မှာ မှတ်ချက်လေးတွေ ရေးသားပေးခဲ့ပါဦးရှင့်…။

Source: Soompi
Written: Phoo Phoo

Share