Categories: Celebrity News

ဂီတလောကမှ အနားယူဖို့ အစီစဉ်ရှိကြောင်း ပြောလာတဲ့ Jay Park

Jay Park ကတော့ သူဟာ ဂီတလောကမှ အနားယူဖို့ အစီအစဉ်ရှိနေကြောင်းကိုထုတ်ဖော်သွားပါတယ်။ ဇွန်လ ၃ ရက်နေ့မှာတော့ AOMG ရဲ့ တည်ထောင်သူ Jay Park ဟာ Instagram မှာ ဒီအကြောင်းကို ရေးသားသွားတာပဲဖြစ်ပါတယ်။

Jay Park က “ဒီသီချင်းက ကျွန်တော့ရဲ့ အနားယူမယ့်အစီအစဉ်ကို ပြောထားတာပါ။ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် နောင်တမရှိပဲနဲ့ စွန့်ခွါနိုင်မယ်လို့ ထင်တယ်” ဆိုတဲ့ Caption နဲ့ အတူသူ့ရဲ့ သီချင်းသစ် “Nothing Matters” ကို ဖော်ပြသွားတာဖြစ်ပါတယ်။

Jay Park ဟာ ဒီလို အနားယူမယ့်အကြောင်းပြောတာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်က အင်တာဗျူးတစ်ခုမှာလည်း “ကျွန်တော့်မှာ ဒီလောက ကနေ စောစောအနားယူဖို့အစီအစဉ်ရှိပါတယ်” လို့ပြောခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း “နောက်နှစ်အနည်းငယ်အတွင်း ဂီတာလောကမှ အနားယူသွားမယ်” လို့ Twitter မှာ ရေးသားခဲ့ဖူးပါတယ်။ တကယ်ပဲ Jay Park ဂီတလောက ကနေအနားယူတော့မလားဆိုတာကတော့… ဒီလို အရမ်းတော်တဲ့ အနုပညာရှင်တစ်ယောက်ကို ဂီတလောကမှာ တကယ့်ကိုအကြာကြီး မြင်ချင်ပါသေးတယ်။

Source: Allkpop
Written: GyiGyi

Share