Categories: Celebrity News

အမွှာတွေလို့တောင် အထင်မှားလောက်ရသည့် ရုပ်ချင်းဆင်သော Kcele အချို့ (Part-1)

တခါတလေမှာတော့ တောင်ကိုရီးယားဆယ်လီအချို့က တူညီတဲ့ရုပ်သွင်ပြင်မျိုး ရှိနေကြတတ်ပါတယ်။ ဘယ်လောက်တောင်တူကြသလဲဆို အချို့ကိုဆွေမျုျိးတော်စပ်နေသလားလို့တောင် ပရိတ်သတ်များကို သံသယဝင်စေပါတယ်။ အခုဖော်ပြပေးမယ့်သူအချို့ကတော့ ရုပ်ချင်းဆင်တယ်လို့ လူပြောများတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ဘယ်သူတွေလဲဆိုတာကို ကြည့်လိုက်ကြရအောင်…

1.Baekhyun (EXO) & V (BTS)


EXO အဖွဲ့ဝင်ဖြစ်တဲ့ Baekhyun နှင့် BTS အဖွဲ့ဝင် V ဟာတကယ့်ကို အမွှာတွေလို့ ပြောရင်တောင် ရလောက်ပါတယ်။ သေသေချာချောမကြည့်လျှင် ဘယ်သူက Baekhyun၊ ဘယ်သူက V ဆိုတာကို မှားသွားနိုင်ပါတယ်။

2. Park Bo Gum & Lee Hyun Woo


နာမည်ကြီး မင်းသားနှစ်ယောက်ဖြစ်တဲ့ Park Bo Gum နှင့် Lee Hyun Woo ဟာလည်း မျက်နှာပေါက်တူတဲ့ သူတွေပါ။ မျက်လုံး၊ မျက်ခုံး၊ နှာတံကအစ တော်တော့်ကို ဆင်တူနေတယ်လို့ ဆိုရမှာပါ။

3.Kwill & Daesung (Big Bang)


Solo artist တစ်ယောက်ဖြစ်တဲ့ Kwill နဲ့ရုပ်ချင်းဆင်တဲ့သူကိုပြပါဆိုရင်တော့ Big Bang အဖွဲ့ဝင် Daesung ကို လက်ညှိးထိုးပြရပါမယ်။ ပြုံးလိုက်ရင် မျက်လုံးပိတ်သွားတာကအစ တူနေတာကို ပရိတ်သတ်တွေလည်း သတိထားမိမှာပါ။

4.Han Ga In & Dongjun (ZE:A)


ဒီတခါကတော့ မောင်နှမလို့ အထင်ခံရတဲ့အထိ ရုပ်ချင်းဆင်နေသော မင်းသမီး Han Ga In နှင့် Dongjun တို့ပဲ ဖြစ်ပါတယ်။ မျက်နှာပြည့်ပြည့်၊ မျက်လုံးဝိုင်းဝိုင်းလေးကတော့ သိသိသာသာကို တူနေတာကိုတွေ့ရပါတယ်။ Han Ga In သာယောကျ်ားလေးတစ်ယောက်ဖြစ်ခဲ့ရင်တော့ Dongjun ရဲ့ရုပ်ရည်အတိုင်း ဖြစ်နေမှာပါ။

5.Nam Joo Hyuk & Ahn Hyo Seop


နောက်ထပ်ရုပ်ချင်းချွတ်စွပ်တူတဲ့ မင်းသားနှစ်ယောက်ကတော့ Nam Joo Hyuk နှင့် Ahn Hyo Seop တို့ပါ။ Ahn Hyo Seop ကတော့ Nam Joo Hyuk ထက်မျက်နှာလေး နည်းနည်းပိုပြည့်တယ်လို့ ပြောရမယ်ထင်တယ်။ အဲ့အချက်လေးကလွဲရင် ကျန်တာအားလုံးကတော့ လုံးဝကို ညီအစ်ကိုနှစ်ယောက်လို့ အထင်မှားလောက်ပင် ဖြစ်ပါတယ်။

လောကမှာ လူသူမရှား၊ နာမည်တူမရှားဆိုတာ အမြဲဖစ်တတ်တဲ့ ကိစ္စရပ်တစ်ခုပါ။ ကိုယ်နဲ့ရုပ်ချင်းဆင်တဲ့ သူတစ်ယောက်ကိုတွေ့ဖိုဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ အဲ့လိုလူမျိုးကိုတွေ့ရင် ဘာပဲဖြစ်ဖြစ် ကိုယ်နဲ့ရင်နှီးနေသလို့တော့ ခံစားမိမှာပါ။ ကိုယ်ရဲ့အခြားတစ်ယောက်ကို မြင်လိုက်ရသလိုလည်း ဖြစ်နိုင်ပါတယ်။ ပရိတ်သတ်တွေရော ကိုယ်နဲ့ရုပ်ချင်းဆင်တဲ့သူကို မြင်ဖူးလား။ ဘယ်လိုအတွေ့အကြုံမျိုးလေးတွေ ကြုံခဲ့ဖူးလည်းဆိုတာကို ဆွေးနွေးနိုင်ပါတယ်နော်။

Source: Anneyongoppa
Written: Phoo Phoo

Share