Categories: Celebrity News

ပရိတ်သတ်တွေကို ကြည်နူးပီတိဖြာစေခဲ့တဲ့ Lee Min Ho နဲ့ Woo Do Hwan ရဲ့ ဓာတ်ပုံများ

The King : Eternal Monarch မှာလဲ သံယောစဉ်ကြီးတဲ့ ဘုရင်နဲ့ သက်တော်စောင့်လေးအဖြစ်သရုပ်ဆောင်ခဲ့ပြီး ပြင်ပဘဝမှာလဲ ချစ်စရာ သူငယ်ချင်းဆက်ဆံရေးရှိကြတဲ့ Lee Min Ho နဲ့ Woo Do Hwan မင်းသားနှစ်လက်ရဲ့ ဓာတ်ပုံလေးတွေကတော့ ဒီနေ့အင်တာနက်သုံးစွဲသူတွေကြားမှာ ရေပန်းစားနေပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာပဲ တပ်ထဲဝင်ပြီး စစ်မှုထမ်းတာဝန်ထမ်းဆောင်ရတော့မယ့် ညီငယ်လေး Woo Do Hwan ကို သွားတွေ့ပုံရတဲ့ Lee Min Ho ဟာ စစ်သားဆံပင်ပုံစံဖြစ်နေတဲ့ Woo Do Hwan ကို စလို့နောက်လို့ကောင်းနေပုံကို သူ့ရဲ့ official instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ပုံတွေထဲမှာတော့ ညီအစ်ကိုနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို အတိုင်းသားတွေ့ရပြီး The King ဇာတ်လမ်းတွဲအပြီးမှာ ပထမဆုံးအနေနဲ့ နှစ်ယောက်ကိုတွဲမြင်ရတာမို့ ပရိတ်သတ်တွေ ပျော်မဆုံးဖြစ်နေကြပါတယ်။ Woo Do Hwan တစ်ယောက်လဲ စစ်မှုထမ်းတာဝန်ကို ဘေးကင်းစွာနဲ့ပြီးဆုံးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

source : Lee Min Ho
written : Dar Dar

Share