ကမ္ဘာတစ်ဝှမ်းရှိ နယ်ပယ်အသီးသီးက ရုပ်အဖြောင့်ဆုံး အမျိူးသား (၁၀) ဦးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီစာရင်းကို တစ်ကမ္ဘာလုံးက စာဖတ်ပရိတ်သတ်များရဲ့ e-mail များနဲ့ မဲပေးပို့ထားကြတာကို စာရင်းပြုစုပြီး ဖော်ပြပေးထားတာပါ။ သူတို့ဟာဆိုရင် ဒီစာရင်းထဲပါလာတာဟာ ရုပ်ရည်ချောမောရုံအပြင် ကိုယ်ခန္ဓာအချိုးအစား တွေသာမက စိ်တ်နေစိတ်ထားတွေပါ ကောင်းမွန်လို့လည်း ဖြစ်ပါတယ်။
(၁၀) Robert Pattison
The Twilight ရုပ်ရှင်ကားကြီးနဲ့ မိန်းကလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ Robert Pattison ဟာ ရုပ်ရှင်ရိုက်ကူးရင်း Twilight မင်းသမီးဖြစ်သူ Kristen Stewart အပါအဝင် မင်းသမီးအများစုနဲ့ တွဲခဲ့ပါတယ်။ ၂၀၁၅ ဧပြီလမှာ လက်ထပ်ခဲ့ပေမယ့် ၂၀၁၇ အောက်တိုဘာမှာ ပြန်လည်ကွာရှင်းခဲ့ပါတယ်။
(၉) Brad Pitt
Brad Pitt ဟာ အသက် ၅၆ နှစ် ရှိပြီဖြစ်ပေမယ့် ယခုထိ စွဲဆောင်မှုရှိနေတဲ့ မျက်လုံးတွေကြောင့် ဒီဆွဲဆောင်မှုအရှိဆုံးစားရင်း ထဲမှာ နှစ်တိုင်းပါဝင်လာခဲ့တာ ၉ ကြိမ်မြှောက် ဖြစ်ပါတယ်။ Golden Globe Award ၂ ဆုနဲ့ အကယ်ဒမီ ၁ ဆုကို ရရှိထားပါတယ်။
(၈) Bradley Cooper
Bradley Cooper ဟာ အသက် ၄၉ နှစ် ရှိပါပြီ။ Grammy ၂ ခုကို ပိုင်ဆိုင်ထားပြီး ဘာသာစကား များစွာကိုလည်း ပြောနိုင်သူပါ။ သူ့ရဲ့ မျက်လုံးပြာပြာ နဲ့ ဆွဲဆောင်မှု အားပြင်းလှတဲ့ အပြုံးများက ဘယ်ကာရိုက်တာကိုမဆို မကြည့်ဘဲမနေနိုင်လောက်အောင်ကို လုပ်ဆောင်နိုင်ပါတယ်။
(၇) Henry Cavill
Man of Steel, Batman Vs Superman, Justice League, The Witcher စတဲ့ ရုပ်ရှင်ကားကြီးတွေရဲ့ စတားဖြစ်သူ Henry Cavill ဟာ သူ့ရဲ့ စူပါမန်းဝတ်စုံ အနီရောင်ဝတ်ရုံကြီးနဲ့ Superman တစ်ယောက်အနေနဲ့ အားလုံးကို အမှတ်ရနေစေသူပါ။
(၆) David Beckham
ရုပ်အချောဆုံး အားကစားသမား လို့ ပြောလိုက်တာနဲ့ David Beckham တစ်ယောက်ကို ပြေးမြင်ကြမှာပါ။ အသက် ၄၄ နှစ် ရှိပြီဖြစ်တဲ့ David Beckham ဟာ ယခုတိုင် အမျိုးသမီးတွေရဲ့ သည်းသည်းလှုပ်ခြင်းကို ခံနေရဆဲပါ။
(၅) Ian Somerhalder
အမေရိကန်ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ The Vampire Diaries ထဲက မင်းသားတစ်ဉီးဖြစ်သူ Ian Somerhalder ဟာ ၂၀၁၅ မှာ Ashley Greene နဲ့ လမ်းခွဲခဲ့ပြီး Nikki Reed နဲ့ လက်ထပ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အချောဆုံး အဖေ အဖြစ် သတ်မှတ်ခံထားရပါတယ်။
(၄) Omar Borkan Al Gala
Omar Borkan Al Gala ကတော့ ရုပ်ချောတာ မကောင်းဘူးဆိုတာကို သက်သေပြခဲ့သူပါ။ (စတာပါ) ဘာလို့လဲဆိုတော့ သူ့ရဲ့ ချောမောလွန်းတာကြောင့် သူ့ရဲ့တိုင်းပြည်ဖြစ်တဲ့ ဆော်တီအာရေဗီးယားကနေ ပြည်နှင်ဒဏ်ပေးခံခဲ့ ရပါတယ်တဲဲ့။ ယခုအခါမှာတော့ သူက ကဗျာရေးတာအပြင် အခြားအနုပညာေတွကို လုပ်ဆောင်နေပါတယ်။
(၃) Chris Evans
Captiain America နဲ့ အများစု သိခဲ့ကြတဲ့ Chris Evans ဟာ Fantastic Four, Civil War, The Paper Boy, Fierce People စတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူရဲ့ ထူးဆန်းတဲ့ အကျင့်ကတော့ အထူးသဖြင့် မိန်းကလေးများကို မျက်လုံးမိတ်ပြတတ်တာပဲဖြစ်ပါတယ်။
(၂) Tom Cruise
ဇူလိုင်လ ၃ ရက်နေ့ ၁၉၆၂ မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ သရုပ်ဆောင် ကောင်းမှုကြောင့် Golden Globe Award ကို ၃ ကြိမ်တိတိ ပိုင်ဆိုင်ထားသူပါ။ ဒါ့အပြင် သူဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မင်းသားဖြစ်ပြီး ခေတ်ရေစီးကြောင်းကို အလွှမ်းမိုးနိုင်ဆုံးသူအဖြစ် သတ်မှတ်ခံထားရပါတယ်။
(၂) Kim Tae-Hyung
စိတ်ဝင်စားစရာပါပဲ။ မဲအရေအတွက်တူပြီး အဆင့် ၂ ကိုတော့ ၂ ယောက်က ပြိုင်ရခဲ့တာပါ။ BTS အဖွဲ့ဝင်ဖြစ်တဲ့ Kim Tae-Hyung ဟာ အချောဆုံးအမျိုးသားများစာရင်းမှာ မကြာခဏပါဝင်သူဖြစ်ပြီး သူဟာ အဖွဲ့ရဲ့ vocalist, rapper တစ်ဦး ဖြစ်တဲ့အပြင် သရုပ်ဆောင်တစ်ဦးလဲ ဖြစ်ပါတယ်။
(၁) Hrithik Roshan
ဘောလိဝုဒ်မင်းသား Hrithik Roshan ကတော့ သရုပ်ဆောင် ကောင်းရုံတင်မကပါဘူး အကပါတော်ပြီး ဆွဲဆောင်မှုရှိလှတာကြောင့် ပရိတ်သတ်တွေ သည်းသည်းလှုပ်ကြတာ မဆန်းပါဘူး။ ဒါ့အပြင် သူဟာ လူမှုအဖွဲ့အစည်းတွေကို အလွန်ကူညီပြီး အလှူအတန်း ရက်ရောလှတာကြောင့် နံပါတ်တစ်ကို ရရှိခဲ့ပါတယ်။
Source: Fillgapnews
Written: S.Kaung