Categories: Celebrity News

အကပညာရှင်တစ်ဦးပြောပြတဲ့ အခက်ခဲဆုံးကကွက်တွေနဲ့ kpop သီချင်း (၈) ပုဒ်

သာမာန်လူတွေအနေနဲ့တော့ လှုပ်ရှားရင်းသီချင်းဆိုဖို့တောင် မလွယ်ပေမယ့် kpop idol တွေကတော့ ခက်ခဲတဲ့ကကွက်တွေနဲ့ သီချင်းတွေကို တွဲဖက်ဖျော်ဖြေရတာပါ။ အဲ့ဒီအထဲမှာမှ ဒီတိုင်းကဖို့တောင် ခက်ခဲလွန်းတယ်ဆိုတဲ့ သီချင်းတွေကို ပရော်ဖက်ရှင်နယ် အကပညာရှင်တစ်ဦးက ရွေးချယ်ခဲ့ပါတယ်။

24 Hours (Sunmi)


2013 ခုနှစ်က အရမ်းအောင်မြင်ခဲ့တဲ့ Sunmi ရဲ့ 24 hours ကကွက်တွေက ကြည့်ရင်လွယ်သလိုထင်ရပေမယ့် သေချာမှန်ကန်အောင်လိုက်ကဖို့ မလွယ်ကူတဲ့ ကကွက်တွေလို့ဆိုပါတယ်။ Cover dancer တွေတောင် ဒီသီချင်းကို ရှောင်ကြတာများပါတယ်တဲ့။

Don’t Wanna Cry (Seventeen)


အားမာန်လဲထည့်ရသလို ခြေထောက်လှုပ်ရှားမှုတွေက မြန်ဆန်လွန်းလို့ တစ်ယောက်တည်းစည်းချက်ညီအောင် ကနိုင်ဖို့ကို မလွယ်တဲ့ကကွက်တွေကို ဆယ့်သုံးယောက်တညီတညာတည်း ကပြသွားတာပါ။ ပိုပြီးချီးကျူးစရာကတော့ ထိုကကွက်တွေဟာ အဖွဲ့ဝင် Hoshi ရဲ့ ဖန်တီးမှုပါ။

Move (Taemin)


အခြားသာမာန်ကကွက်တွေနဲ့မတူပဲ တစ်ကိုယ်လုံးကိုဟန်ချက်ညီညီ အသုံးချရတာမို့ အင်မတန်ခက်ခဲပါတယ်။ ရုပ်သံအစီအစဉ်တွေမှာ idol တွေကို ပညာစမ်းဖို့ နာမည်ကြီးတဲ့ သီချင်းဖြစ်ပြီး ဒီသီချင်းထွက်လာပြီဆိုရင် idol အဖွဲ့တွေရဲ့ main dancer တွေသာ ယုံကြည်ချက်ရှိရှိ ကနိုင်တဲ့သီချင်းပါ။

7th Sense (NCT U)


အခြား kpop သီချင်းတွေနဲ့မတူတဲ့ သီချင်းပုံစံနဲ့ သမာရိုးကျမဟုတ်တဲ့ beat ကြောင့် အကရဲ့အဓိကသော့ချက်ဖြစ်တဲ့ စည်းချက်လိုက်တာကအစ ခက်ခဲတဲ့သီချင်းပါတဲ့။ Produce X 101 တုန်းက ထူးချွန်တဲ့ trainee တွေအတွက်တောင် ရှောင်ချင်လောက်အောင် ခက်ခဲတဲ့သီချင်းပါ။

Be Natural (Red Velvet)


ထိခိုက်ဒဏ်ရာ ရနိုင်ချေများပြီး ရှုပ်ထွေးတဲ့ကကွက်တွေပါဝင်တဲ့ သီချင်းကိုတော့ နေ့ညမပြတ်လေ့ကျင့်ထားတဲ့ Red Velvet အဖွဲ့ဝင်တွေဟာ heels တွေစီးပြီးကို ကျွမ်းကျင်စွာ ကပြနိုင်ပေမယ့် အခြားအကသမားတွေအတွက်တောင် အန္တရာယ်များပါတယ်။

Hala Hala (ATEEZ)


ATEEZ ဟာ ခက်ခဲတဲ့ကကွက်နဲ့ အမိုက်စားသီချင်းတွေကြောင့် လူသိများပြီး Hala Hala ကလဲ အဲ့ဒီထဲက တစ်ပုဒ်ပါပဲ။ အားမာန်အပြည့်နဲ့ အပြင်းစားကကွက်တွေဟာ ဘယ်နှခါကြည့်ကြည့် အံ့ဩမှင်သက်စရာ ကောင်းလွန်းပါတယ်။

Lucifer (Shinee)


၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့သီချင်းပေမယ့် အခုချိန်ပြန်ကြည့်တာတောင် ကကွက်တွေက ခက်ခဲပြီး အဆင့်မြင့်နေတုန်းပါ။ လှုပ်ရှားမှုတွေအရမ်းများပြီး တိတိကျကျပုံစံဝင်အောင် ကရတာကြောင့် သက်လုံကောင်းဖို့လိုပြီး မဟုတ်ရင်တော့ အတော်လေးပင်ပန်းမှာပါ။

Blood, Sweat and Tears (BTS)


Chorus မှာ နေရာရွှေ့တဲ့အပိုင်းနဲ့ အနှေးအမြန်ဟန်ချက်ညီအောင် လုပ်ရတဲ့အပိုင်းတွေဟာ တကယ်ပညာသားပါပြီး အမြန်အဆန် pattern ပြောင်းတဲ့နေရာမှာ ညီညာအောင်ဆက်ကနေဖို့က အကသမားတွေအတွက် ခက်ခဲတဲ့အရာပါတဲ့။

source: kpopstarz
written: Dar Dar

Share