Categories: Celebrity News

အနုပညာကြေးအများဆုံးရတဲ့ ကိုရီးယားက ထိပ်တန်းမင်းသမီး (၅) ဦး

သရုပ်ဆောင်တွေဟာ အောင်မြင်မှုမြင့်တက်လာတာနဲ့အမျှ သူတို့ရတဲ့အနုပညာကြေးကလဲ အံ့အားသင့်စရာ ပမာဏကိုရောက်ရှိလာပါတယ်။ ဒီမင်းသမီးတွေကတော့ အနုပညာလောကမှာ အချိန်အတန်ကြာ ထိပ်တန်းမင်းသမီးတွေအဖြစ် ရပ်တည်နေတာကြောင့် အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေအဖြစ် နှစ်တိုင်းနီးပါး ဖော်ပြခံရသူတွေပါ။

၅။ Song Hye Kyo


‘Autumn in My Heart’ ဇာတ်လမ်းတွဲမှာ ကတည်းက အောင်မြင်လာလိုက်တာ ဒီဘက်ခေတ်အထိ ‘Descendants of the Sun’ ‘Encounter’ ဇာတ်လမ်းတွဲတွေနဲ့ ပရိတ်သတ်ရင်ထဲမှာ အခိုင်အမာနေရာယူထားတဲ့ Song Hye Kyo ရဲ့ အနုပညာကြေးကတော့ ပျမ်းမျှအနေနဲ့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $42000 ရရှိပါတယ်။

၄။ Choi Ji Woo


ကိုရီးယားဇာတ်လမ်းတွဲတွေကို နိုင်ငံတကာပရိတ်သတ်တွေရဲ့ ရင်ထဲကိုအရောက်ပို့ပေးနိုင်တဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်တဲ့ မင်းသမီး Choi Ji Woo ကလဲ 2015 နောက်ပိုင်းမှာ ဇာတ်လမ်းတွဲလက်ခံရိုက်ကူးမှု မရှိတာတောင် တစ်ပိုင်းကို $42000 နဲ့ ဒီစာရင်းမှာ ရပ်တည်နေပါတယ်။

၃။ Ha Ji Won


ကိုရီးယားပရိတ်သတ်တွေသာမက နိုင်ငံတကာပရိတ်သတ်တွေပါ အကြိုက်တွေ့တဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Ha Ji Won ကလဲ နှစ်ပိုင်းများစွာလျော့မသွားတဲ့ အောင်မြင်မှုနဲ့အတူ အခုအချိန်မှာ ဇာတ်လမ်းတွဲတစ်ပိုင်းအတွက် $42000 ရတဲ့ မင်းသမီးတစ်လက်ပါ။

၂။ Lee Young Ae


ငယ်စဉ်ကလဲ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး အခုချိန်ထိလဲ အောင်မြင်မှုတွေ ဆထက်ထမ်းပိုးရရှိနေတဲ့ Lee Young Ae ကလဲ အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့တာတောင် သူမကိုကမ်းလှမ်းမယ်ဆိုရင် ပျမ်းမျှအနေနဲ့ တစ်ပိုင်းကို $83000 နဲ့ ကမ်းလှမ်းရပါတယ်။

၁။ Jun Ji Hyun


လက်ရှိမှာ ကိုရီးယားရဲ့ဝင်ငွေအကောင်းဆုံးနဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးကတော့ Jun Ji Hyun ပါ။ ဒီအချိန်ထိမလျော့သေးတဲ့အလှနဲ့ ရိုက်ကူးသမျှဇာတ်လမ်းတွဲတိုင်း ဝက်ဝက်ကွဲအောင်မြင်တာမို့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $84000 တောင် ရပါတယ်။

သူတို့တွေကတော့ Kpopstarz သတင်းဌာနက ဖော်ပြတဲ့ ကိုရီးယားမင်းသမီးတွေထဲကမှ ဒီနှစ်အတွက် အနုပညာကြေးအများဆုံးရတဲ့ ထိပ်တန်းမင်းသမီး (၅) ယောက်ပဲဖြစ်ပါတယ်။ ကိုယ့်အချစ်ဆုံးလေးတွေ ပါကြရဲ့လားဆိုတာကိုတော့ မှတ်ချက်မှာရေးပေးသွားကြပါနော်။

(Zawgyi) အႏုပညာေၾကးအမ်ားဆုံးရတဲ့ ကိုရီးယားက ထိပ္တန္းမင္းသမီး (၅) ဦး

သ႐ုပ္ေဆာင္ေတြဟာ ေအာင္ျမင္မႈျမင့္တက္လာတာနဲ႔အမၽွ သူတို႔ရတဲ့အႏုပညာေၾကးကလဲ အံ့အားသင့္စရာ ပမာဏကိုေရာက္ရွိလာပါတယ္။ ဒီမင္းသမီးေတြကေတာ့ အႏုပညာေလာကမွာ အခ်ိန္အတန္ၾကာ ထိပ္တန္းမင္းသမီးေတြအျဖစ္ ရပ္တည္ေနတာေၾကာင့္ အႏုပညာေၾကးအျမင့္ဆုံးမင္းသမီးေတြအျဖစ္ ႏွစ္တိုင္းနီးပါး ေဖာ္ျပခံရသူေတြပါ။

၅။ Song Hye Kyo
‘Autumn in My Heart’ ဇာတ္လမ္းတြဲမွာ ကတည္းက ေအာင္ျမင္လာလိုက္တာ ဒီဘက္ေခတ္အထိ ‘Descendants of the Sun’ ‘Encounter’ ဇာတ္လမ္းတြဲေတြနဲ႔ ပရိတ္သတ္ရင္ထဲမွာ အခိုင္အမာေနရာယူထားတဲ့ Song Hye Kyo ရဲ့ အႏုပညာေၾကးကေတာ့ ပ်မ္းမၽွအေနနဲ႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို $42000 ရရွိပါတယ္။

၄။ Choi Ji Woo
ကိုရီးယားဇာတ္လမ္းတြဲေတြကို နိုင္ငံတကာပရိတ္သတ္ေတြရဲ့ ရင္ထဲကိုအေရာက္ပို႔ေပးနိုင္တဲ့ ေရွ႕ေဆာင္လမ္းျပတစ္ဦးျဖစ္တဲ့ မင္းသမီး Choi Ji Woo ကလဲ 2015 ေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲလက္ခံရိုက္ကူးမႈ မရွိတာေတာင္ တစ္ပိုင္းကို $42000 နဲ႔ ဒီစာရင္းမွာ ရပ္တည္ေနပါတယ္။

၃။ Ha Ji Won
ကိုရီးယားပရိတ္သတ္ေတြသာမက နိုင္ငံတကာပရိတ္သတ္ေတြပါ အႀကိဳက္ေတြ႕တဲ့ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Ha Ji Won ကလဲ ႏွစ္ပိုင္းမ်ားစြာေလ်ာ့မသြားတဲ့ ေအာင္ျမင္မႈနဲ႔အတူ အခုအခ်ိန္မွာ ဇာတ္လမ္းတြဲတစ္ပိုင္းအတြက္ $42000 ရတဲ့ မင္းသမီးတစ္လက္ပါ။

၂။ Lee Young Ae
ငယ္စဥ္ကလဲ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္ၿပီး အခုခ်ိန္ထိလဲ ေအာင္ျမင္မႈေတြ ဆထက္ထမ္းပိုးရရွိေနတဲ့ Lee Young Ae ကလဲ အႏုပညာအလုပ္ေတြကို သိပ္မလုပ္ျဖစ္ေတာ့တာေတာင္ သူမကိုကမ္းလွမ္းမယ္ဆိုရင္ ပ်မ္းမၽွအေနနဲ႔ တစ္ပိုင္းကို $83000 နဲ႔ ကမ္းလွမ္းရပါတယ္။

၁။ Jun Ji Hyun
လက္ရွိမွာ ကိုရီးယားရဲ့ဝင္ေငြအေကာင္းဆုံးနဲ႔ အႏုပညာေၾကးအျမင့္ဆုံးမင္းသမီးကေတာ့ Jun Ji Hyun ပါ။ ဒီအခ်ိန္ထိမေလ်ာ့ေသးတဲ့အလွနဲ႔ ရိုက္ကူးသမၽွဇာတ္လမ္းတြဲတိုင္း ဝက္ဝက္ကြဲေအာင္ျမင္တာမို႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို $84000 ေတာင္ ရပါတယ္။

သူတို႔ေတြကေတာ့ Kpopstarz သတင္းဌာနက ေဖာ္ျပတဲ့ ကိုရီးယားမင္းသမီးေတြထဲကမွ ဒီႏွစ္အတြက္ အႏုပညာေၾကးအမ်ားဆုံးရတဲ့ ထိပ္တန္းမင္းသမီး (၅) ေယာက္ပဲျဖစ္ပါတယ္။ ကိုယ့္အခ်စ္ဆုံးေလးေတြ ပါၾကရဲ့လားဆိုတာကိုေတာ့ မွတ္ခ်က္မွာေရးေပးသြားၾကပါေနာ္။

source : kpopstarz
written : Dar Dar

Share