Categories: Celebrity News

ပရိတ်သတ်တွေကို မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့တဲ့ Kdrama ထဲမှ ဇာတ်ဝင်ခန်းများ

ကိုရီးယားဇာတ်လမ်းတွဲတွေကို လူအတော်များများကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ အချစ်၊ အမုန်း၊ အလွမ်း၊ အဆွေးကို ပီပီပြင်သရုပ်ဖော် နိုင်ကြလို့ပဲ ဖြစ်ပါတယ်။
ပရိတ်သတ်ကို ပျော်ရွှင်အောင်လည်း ဖန်တီးပေးနိုင်သလို၊ ဝမ်းနည်းအောင်လည်း သူတို့တွေလုပ်နိုင်ခဲ့ပါတယ်။ အခုဖော်ပြပေးမယ့် ဇာတ်ဝင်ခန်းအချို့ကတော့ ဒါတွေကိုအပြည့်အဝ ပေးစွမ်းနိုင်ခဲ့ပါတယ်။

1. Eun Suh (Autumn in my heart)


ဆောင်ဦးရွက်ကြွေချစ်သက်သေ ဇာတ်လမ်းတွဲမှ ပရိတ်သတ်တွေကို မျက်ရည်ချွေခဲ့တာကတော့ အွန်ဆော ဇာတ်ကောင်ပါပဲ။ မင်းသမီး Song Hye Kyo ကလည်း အွန်ဆောအနေနှင့် ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သလို မင်းသား Won Bin နှင့် Song Seung Heon တို့ကလည်း အပီအပြင်ဝမ်းနည်းစရာကောင်းအောင် ဇာတ်ပို့ပေးနိုင်ခဲ့ပါတယ်။ အွန်ဆော ကင်ဆာရောဂါနှင့် သေဆုံးသွားတဲ့ ဇာတ်ဝင်ခန်းကတော့ ပရိတ်သတ်တွေကို လုံးဝငိုကြွေးစေခဲ့ပါတယ်။

2.Han Sung (Hwarang)


BTS အဖွဲ့ဝင် V ကတော့ Hwarang ဇာတ်လမ်းတွဲမှာ ချစ်စရာကောင်လေး Han Sung အနေနှင့် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Han Sung ဟာဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ပြီး Moo Myung (Park Seo Joon)အပေါ်မှာ အကိုအရင်းတစ်ယောက်လို သံယောဇဉ်တွယ်နေတာပါ။

 

နောက်ဆုံးမှာလည်း Moo Myung ဆီကိုဝင်လာတဲ့ ဓားချက်ကို ဝင်ခံရင်း ဓားမှာပါတဲ့ အဆိပ်ကြောင့်ပဲ သေပွဲဝင်ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းဟာ ဆိုရင်တော့ ပရိတ်သတ်တွေခမျာ ရင်ကွဲမတတ်ခံစားလိုက်ရပါတယ်။

3.Shin Joon Young (Uncontrollably Fond)


Uncontrollably fond ရဲ့ ဇာတ်သိမ်းပိုင်းကတော့ ပရိတ်သတ်တွေကို နာကျင်စေခဲ့ပါတယ်။ Shin Joon Young (Kim Woo Bin) ဟာသူ့ရဲ့ ကင်ဆာရောဂါကို နောက်ဆုံးမှာ အရှုံးပေးလိုက်ရတဲ့ ဇာတ်ဝင်ခန်းကြောင့် ပရိတ်သတ်တွေ ငိုကြွေးခဲ့ရပါတယ်။

ဒါ့အပြင် မင်းသား Kim Woo Bin ဟာလည်း 2017 ခုနှစ်မှာ ကင်ဆာရောဂါတစ်မျိုးကြောင့် ဆေးကုသမှုခံယူခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ သူဟာကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး အလုပ်တွေလည်း ပြန်လုပ်နိုင်နေပါပြီ။

4.Gong Yoo (Goblin)


Goblin ဇာတ်လမ်းတွဲဟာ ကြည်နူးစရာ၊ ချစ်စရာ၊ ဝမ်းနာည်းစရာကောင်းတဲ့ ဇာတ်ဝင်ခန်းမျိုးစုံပါဝင်ခဲ့သည့် ဇာတ်လမ်းတွဲကောင်းတစ်ခုလို့ ပြောမယ်ဆိုလျှင်လည်း မမှားနိုင်ပါဘူး။ Kim Shin (Gong Yoo) သေဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့ချစ်သူ Ji Eun Tak (Kim Go Eun) ရဲ့ပူဆွေးမှုဟာ ပရိတ်သတ်ရင်ထဲကို ထိစေခဲ့ပါတယ်။

Kajima (မသွားပါနဲ့) ဆိုပြီးကလေးတစ်ယောက်လို တမ်းတမ်းတတငိုကြွေးနေတဲ့ Kim Go Eum ရဲ့သရုပ်ဆောင်မှုတွေဟာ ကြည့်ရှုသူပရိတ်သတ်ကိုလည်း ထပ်တူငိုရအောင် လုပ်နိုင်ခဲ့ပါတယ်။

5.Scarlet Heart:Ryeo


Scarlet Heart:Ryeo ဇာတ်လမ်းတွဲကတော့ အစပိုင်းမှာ ပျော်ရွှင်စရာတွေပေးခဲ့သလောက် ဇာတ်လမ်းရဲ့နောက်ပိုင်းတွေမှာ ဇာတ်ကောင်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးစေခဲ့တယ်။

ရင်အနာဆုံးဇာတ်ဝင်ခန်းဆိုရင်တော့ မင်းသား Eun (Baekhyun) နှင့်သူ့ရဲ့ဇနီး တို့ကိုအသေသတ်ခံလိုက်ရတဲ့ အခန်းလည်းပါမယ်ထင်တယ်။ နောက်ပြီး Hae Soo (IU) ကသူ့ရဲ့ချစ်သူ ဘုရင် Wang So ( Lee Joon Gi) နှင့်မဆုံစည်းလိုက်ရပဲ အသည်းကွဲကာ သေဆုံးသွားခဲ့တဲ့ ဇာတ်ဝင်ခန်းကလည်း ပရိတ်သတ်တွေရင်ကို လှုပ်ခါစေခဲ့ပါတယ်။

ဝမ်းနည်းစရာဇာတ်ဝင်ခန်းတစ်ခုကို သရုပ်ဆောင်ရတာဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကောင်စရိုက်ထဲကို ထည်ထည်ဝင်ဝင် စိတ်နှစ်ပြီးမှ သရုပ်ဆောင်လို့ရတာပါ။

ဒါပေမဲ့ အခုဖော်ပြပေးလိုက်တဲ့ ဇာတ်ဝင်ခန်းတိုင်းက သရုပ်ဆောင်တွေဟာ ဒီအချက်ကို အောင်မြင်စွာချပြနိုင်ခဲ့ပါတယ်။ ပရိတ်သတ်တွေ ဘယ်အချိန်ချိန်ပြန်ကြည့်ကြည့် ဝမ်းနည်းနေရမယ့် sences များပဲဖြစ်ပါတယ်။ ပရိတ်သတ်များကော ဘယ်ဇာတ်ဝင်ခန်းက ရင်ထဲအထိဆုံးဖြစ်မလဲ။ မိမိရဲ့ထင်မြင်ချက်ကို ဆွေးနွေးနိုင်ပါတယ်နော်။

Source: Cosmo
Written: Phoo Phoo

Share