Categories: Celebrity News

လူတိုင်းကို တုန်လှုပ်သွားစေတဲ့ Adele ရဲ့ စံချိန်တစ်ခုကို ကျော်ဖြတ်ခဲ့တဲ့ BTS

ဇူလိုင်လ ၆ ရက်နေ့မှာတော့ BTS ဟာ စံချိန်သစ်တစ်ခု တင်လိုက်ပြန်ပါပီနော်။ BTS ရဲ့ Black Swan ဟာ နိုင်ငံပေါင်း ၁၀၃ နိုင်ငံရဲ့ iTunes Chart မှာ နံပါတ် ၁ နေရာကို ယူထားနိုင်ခဲ့ပါတယ်။

ဒါကတော့ Adele ရဲ့ ၅ နှစ်တာ တင်ထားခဲ့တဲ့ စံချိန်ကို ချိုးခဲ့တခြင်းပါ။ Adele ကတော့ နိုင်ငံပေါင်း ၁၀၂ နိုင်ငံရဲ့ iTunes Chart မှာ နံပါတ် ၁ ရခဲ့တာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကိုတော့ ကမ္ဘာအရပ်ရပ်က ARMY တွေက ဆင်နွှဲနေကြပါပီ။

ခုဆိုရင်တော့ “BTS WORLD DOMINATION” ဆိုတဲ့ စာသားဟာ Twitter ရဲ့ Worldwide Trend မှာ နံပါတ် ၁ ဖြစ်နေပါတယ်။ BTS ရဲ့ နောက်ဆုံး ထွက်ရှိခဲ့တဲ့ “Stay Gold” ကလည်း “Billboard World Digital Song Sales Chart” မှာ နံပါတ် ၁ နေရာ ယူထားပါသေးတယ်။

ဒါဟာဆိုရင်တော့ ဒီ Chart မှာ နံပါတ် ၁ ယူထားနိုင်တဲ့ BTS ရဲ့ အပုဒ် ၂၀ မြောက်ပါ။ ဒါ့အတွက် BTS ဟာ ယခုဆိုရင်တော့ “Billboard World Digital Song Sales Chart” မှာ နံပါတ် ၁ နေရာ ယူနိုင်တဲ့ သီချင်းအများဆုံး ရှိတဲ့ အနုပညာရှင် ဖြစ်လာပါပီ။ BTS ရဲ့ ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုတွေကတော့ ထပ်ကာ ထပ်ကာပါပဲ။

CONGRATULATIONS BTS!
Source: Allkpop
Written: Gyi Gyi

Share