ခုဖော်ပြပေးသွားမယ့် အနုပညာရှင်တွေကတော့ နိုင်ငံရပ်ခြားထိပါ သွားရောက်ပြီး ပညာသင်ယူခဲ့တဲ့ သရုပ်ဆောင်များထဲမှ အချို့ပဲ ဖြစ်ပါတယ်။
1. Jung Eun Chae
The King: Eternal Monarch မှ Jung Eun Chae ကတော့ အသက် ၁၅ နှစ်အရွယ်မှာ လန်ဒန်မှာ နေထိုင်ခဲ့ပြီး ပညာသင်ယူခဲ့တာ ဖြစ်ပါတယ်။ သူမဟာ “Central Saint Martins” မှာ “Textile design” ပညာရပ်ကို သင်ယူခဲ့ပါတယ်။
2. Seo Ye Ji
Kim Soo Hyun နဲ့အတူ လက်ရှိ “It’s Okay Not To Be Okay” မှာ တွဲဖက်သရုပ်ဆောင်နေတဲ့ Seo Ye Ji ကလည်း စပိန်နိုင်ငံမှာ ပညာဆည်းပူးခဲ့ဖူးပါတယ်။ သူမဟာ စပိန်နိုင်ငံမှာ ၃ နှစ်ကြာနေထိုင်ခဲ့ပြီး စပိန်စကားလည်း ကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။
3. Jung Ryeo Won
Jung Ryeo Won ကိုတော့ “My Name Is Kim Sam Soon” မှာ ပါဝင်သရုပ်ဆောင်ခဲ့သူအဖြစ် လူသိများပါတယ်။ သူမဟာလည်း အနုပညာလောကသို့ မဝင်ခင် ဩစတေးလျနိုင်ငံ မှာ မိသားစုနဲ့အတူ နေထိုင်ခဲ့ဖူးပါတယ်။ Jung Ryeo Won ကတော့ ဩစတေးလျနိုင်ငံ “Griffith University” မှာ “International Business” ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။
4. Choi Woo Shik
Parasite ရဲ့ မင်းသား Choi Woo Shik ဟာလည်း အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။ သူကတော့ အသက် ၁၀ နှစ်အရွယ်မှာ မိသားစုနဲ့အတူ ကနေဒါ နိုင်ငံမှာ နေထိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။ Choi Woo Shik ဟာ ကနေဒါနိုင်ငံ Simon Farser University မှာ Arts ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။
5. Park Min Young
Park Min Young ဟာလည်း အင်္ဂလိပ်စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်တာကို သတိထားမိကြမှာပါ။ သူမဟာ American high school မှာ Exchange student အနေနဲ့ တက်ရောက်ခဲ့ဖူးပြီး Rachel ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့ပါတယ်။
6. Ahn Hyo Seop
မင်းသားချော Ahn Hyo Seop ကတော့ ငယ်စဉ်က ကနေဒါနိုင်ငံမှာ မိသားစုနဲ့အတူ နေထိုင်ခဲ့ပြီး ပညာသင်ယူခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကတော့ Paul လို့ ခေါ်ကြပါတယ်။ Ahn Hyeo Seop ဟာ အသက် ၁၇ နှစ်အရွယ်မှာ အနုပညာလုပ်ငန်းတွေ လုပ်ချင်တဲ့ အိပ်မက်နဲ့ ကိုရီးယားနိုင်ငံသို့ ပြန်လာခဲ့တာဖြစ်ပါတယ်။
7. Han Ye Seul
Birth of a Beauty နဲ့ 20th Century Boy and Girl တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Han Ye Seul ကတော့ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့တာပါ။ သူမကတော့ L.A မှာရှိတဲ့ Cerritos College မှာ Computer Graphics အထူးပြုဘာသာရပ်ကို သင်ယူခဲ့တာပါ။
Source: Candyman
Written: GyiGyi