Categories: Celebrity News

Wonder Girlsအဖွဲ့ဝင်ဟောင်း Hyelim နဲ့ Shin Min Chul တို့ရဲ့မင်္ဂလာပွဲပုံရိပ်များ

Wonder Girl အဖွဲ့ဝင်ဖြစ်ခဲ့တဲအလှလေး Hyelim နဲ့ တိုက်ကွမ်ဒိုကစားသမား Shin Min Chul ရဲ့မင်္ဂလာပွဲသတင်းကောင်းကို ပရိတ်သတ်တွေ အရင်လတွေကတည်းကကြားနေရတာပါ။ pre-wedding ဓာတ်ပုံတွေကိုလည်း အားလုံးကဝိုင်း share ပေးရင်းဂုဏ်ပြခဲ့ကြပါသေးတယ်။

သူတို့ရဲ့ သမီးရည်းစားသက်တမ်းက ၇ နှစ်တောင်ရှိပါပြီတဲ့။ ၂၀၁၃ ခုနှစ်ကတည်းကတွဲခဲ့ကြတဲ့သူတို့ဟာ ၂၀၂၀ ဇွန်လ ၅ရက်နေ့မှာလက်ထပ်ပွဲကျင်းပပြီး သူတို့ရဲ့အချစ်ဇာတ်လမ်းကို Happy Ending အနေနဲ့ ခြယ်မှုန်းခဲ့ပါတယ်။

လက်ထပ်ပွဲမှာ အသစ်စက်စက်သတို့သားနဲ့ သတို့သမီးက အလှဆုံးတောက်ပနေကြပြီး ကြွရောက်ချီးမြှင့်သူတွေလည်းအများအပြားရှိခဲ့ပါတယ်။ ပွဲကို Twice member အချို့လည်းတက်ရောက်ခဲ့ပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့မင်္ဂလာပွဲက ဓာတ်ပုံတွေက်ု ဝေဝေဆာဆာဖော်ပြပေးလိုက်ပါတယ်။

(Zawgyi) Wonder Girlsအဖွဲ့ဝင်ဟောင်း Hyelim နဲ့ Shin Min Chul တို့ရဲ့မင်္ဂလာပွဲပုံရိပ်များ




written: helra

Share