Categories: Celebrity News

“Amazing Saturday” အစီအစဉ်မှာ မြင်ရမယ့် EXO ရဲ့ Baekhyun, Chanyeol နဲ့ Kai

EXO ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Baekhyun, Chanyeol နဲ့ Kai တို့ကို မကြာခင်မှာ tvN ရဲ့ “Amazing Saturday” အစီအစဉ်မှာ မြင်ရတော့မှာပါ ဖြစ်ပါတယ်နော်။
ဒီပါဝင်မှုဟာဆိုရင် Baekhyun, Chanyeol နဲ့ Kai တို့ရဲ့ ပထမဆုံး အကြိမ် Amazing Saturday မှာ ပါဝင်ခြင်းပဲဖြစ်ပါတယ်။

သူတို့မတိုင်ခင်ကတော့ Suho နဲ့ Chen တို့ သွားရောက်ခဲ့ဖူးပါတယ်။ Amazing Saturday ဆိုတာကတော့ အစီအစဉ်မှ ဖွင့်ပြတဲ့ သီချင်းတွေကို နားထောင်ပြီး သီချင်းစာသားမှန်အောင် ခန့်မှန်းရတဲ့အစီအစဉ်ပါ။ တနည်းအားဖြင့် နားထောင်နိုင်တဲ့ အရည်အချင်းနဲ့ မှတ်ဉာဏ်ကို အသုံးချရတဲ့ အစီအစဉ်ပေါ့။

EXO ရဲ့ သီချင်းတွေကိုလည်း မကြာမကြာ Amazing Saturday အစီအစဉ်မှာ သီချင်းစာသားခန့်မှန်းဖို့ မေးခွန်းအနေနဲ့ ဖွင့်ပြခဲ့ဖူးပါတယ်။ “MAMA”, “Tempo”, “Overdose”, “Gravity”, “Lotto” နဲ့ “Girl Friend” တို့ပါ။

ဒါ့ကြောင့် EXO အဖွဲ့နဲ့ “Amazing Saturday” ဆိုတာက ကံစပ်တယ်တောင် ပြောလို့ရပါတယ်။ ဒါ့ကြောင့်လည်း EXO အဖွဲ့ဝင်တွေကော အခြားသီချင်းတွေကို နားထောင်ပြီး သီချင်းစာသားကို မှန်အောင်ခန့်မှန်းနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Baekhyun, Chanyeol နဲ့ Kai တို့ ပါဝင်သွားမယ့် “Amazing Saturday” ကို ဇူလိုင်လလယ်မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ကဲ Baekhyun, Chanyeol နဲ့ Kai တို့ ချစ်စရာအလွဲလေးတွေ လုပ်ကြမလား၊ အစွမ်းတွေ ပြကြမလားဆိုတာကို စောင့်စားနေကြရအောင်နော်။

(Zawgyi) “Amazing Saturday” အစီအစဥ္မွာ ျမင္ရမယ့္ EXO ရဲ့ Baekhyun, Chanyeol နဲ႔ Kai

EXO ရဲ့ အဖြဲ႕ဝင္ေတြျဖစ္တဲ့ Baekhyun, Chanyeol နဲ႔ Kai တို႔ကို မၾကာခင္မွာ tvN ရဲ့ “Amazing Saturday” အစီအစဥ္မွာ ျမင္ရေတာ့မွာပါ ျဖစ္ပါတယ္ေနာ္။
ဒီပါဝင္မႈဟာဆိုရင္ Baekhyun, Chanyeol နဲ႔ Kai တို႔ရဲ့ ပထမဆုံး အႀကိမ္ Amazing Saturday မွာ ပါဝင္ျခင္းပဲျဖစ္ပါတယ္။

သူတို႔မတိုင္ခင္ကေတာ့ Suho နဲ႔ Chen တို႔ သြားေရာက္ခဲ့ဖူးပါတယ္။ Amazing Saturday ဆိုတာကေတာ့ အစီအစဥ္မွ ဖြင့္ျပတဲ့ သီခ်င္းေတြကို နားေထာင္ၿပီး သီခ်င္းစာသားမွန္ေအာင္ ခန႔္မွန္းရတဲ့အစီအစဥ္ပါ။ တနည္းအားျဖင့္ နားေထာင္နိုင္တဲ့ အရည္အခ်င္းနဲ႔ မွတ္ဉာဏ္ကို အသုံးခ်ရတဲ့ အစီအစဥ္ေပါ့။

EXO ရဲ့ သီခ်င္းေတြကိုလည္း မၾကာမၾကာ Amazing Saturday အစီအစဥ္မွာ သီခ်င္းစာသားခန႔္မွန္းဖို႔ ေမးခြန္းအေနနဲ႔ ဖြင့္ျပခဲ့ဖူးပါတယ္။ “MAMA”, “Tempo”, “Overdose”, “Gravity”, “Lotto” နဲ႔ “Girl Friend” တို႔ပါ။

ဒါ့ေၾကာင့္ EXO အဖြဲ႕နဲ႔ “Amazing Saturday” ဆိုတာက ကံစပ္တယ္ေတာင္ ေျပာလို႔ရပါတယ္။ ဒါ့ေၾကာင့္လည္း EXO အဖြဲ႕ဝင္ေတြေကာ အျခားသီခ်င္းေတြကို နားေထာင္ၿပီး သီခ်င္းစာသားကို မွန္ေအာင္ခန႔္မွန္းနိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

Baekhyun, Chanyeol နဲ႔ Kai တို႔ ပါဝင္သြားမယ့္ “Amazing Saturday” ကို ဇူလိုင္လလယ္မွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။ ကဲ Baekhyun, Chanyeol နဲ႔ Kai တို႔ ခ်စ္စရာအလြဲေလးေတြ လုပ္ၾကမလား၊ အစြမ္းေတြ ျပၾကမလားဆိုတာကို ေစာင့္စားေနၾကရေအာင္ေနာ္။

Source: Allkpop
Written: Gyi Gyi

Share