Categories: Celebrity News

Park Bo Gum နဲ့ Park So Dam တို့ရဲ့ ဇာတ်လမ်းတွဲသစ်

မင်းသားချော Park Bo Gum နဲ့ “Parasite” မှ မင်းသမီးလေး Park So Dam တို့ရဲ့ ဇာတ်လမ်းတွဲသစ် “Record of Youth” ကို မကြာမီမှာ tVN ရုပ်သံလမ်းမှ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ အဓိကပါဝင်သရုပ်ဆောင်သွားကြမှာကတော့ Park Bo Gum, Park So Dam နဲ့ Byun Woo Seok တို့ဖြစ်ပါတယ်။ “Record of Youth” ဇာတ်လမ်းတွဲကတော့ မော်ဒယ်လ် လောကမှ တက်သစ်စလူငယ်များရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြပုံများကို ပုံဖော်သွားမှာပဲ ဖြစ်ပါတယ်။

Park Bo Gum ကတော့ အောင်မြင်တဲ့မော်ဒယ် နဲ့ မင်းသား ဖြစ်ဖို့ အိပ်မက်ရှိတဲ့ နွေးထွေးတက်ကြွတဲ့ လူငယ်လေး Sa Hye Joon အဖြစ် သရုပ်ဆောင် သွားမှာဖြစ်ပြီး၊ Park So Dam ကတော့ မိက်ကပ်ပညာရှင်တစ်ယောက် ဖြစ်လိုတဲ့ လွန်စာကြိုးစားတဲ့ Ahn Jung Ha အဖြစ်ပါဝင်သရုပ်ဆောင်ထားတာ ပဲဖြစ်ပါတယ်။

“Record of Youth” ဇာတ်လမ်းတွဲကို စက်တင်ဘာလမှ စတင်၍ tVN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ “Record of Youth” ကို စောင့်ကြည့် အားပေးကြမယ်မလား…?

(Zawgyi) Park Bo Gum နဲ့ Park So Dam တို့ရဲ့ ဇာတ်လမ်းတွဲသစ်





Source: Soompi
Written: Gyi Gyi

Share