Categories: Celebrity News

BLACKPINK အတွက် ဂုဏ်ယူစကားပြောလိုက်တဲ့ Pussycat Dolls

“The Pussycat Dolls” အဖွဲ့ဝင်တွေလည်း BLACKPINK ကို ချစ်ကြပါတယ်နော်။ BLACKPINK ဟာ သူမတို့ရဲ့ သီချင်းသစ်ဖြစ်တဲ့ “How You Like That” ထွက်ပီးချိန်မှစလို့ ပြည်တွင်းသာမက နိုင်ငံတကာစံချိန်တွေကိုပါ နေ့စဉ်နဲ့အမျှ စံချိန်ချိုးနေတာဖြစ်ပါတယ်။


BLACKPINK ရဲ့ “How You Like That” ဟာ ယခုဆိုရင် Billboard ရဲ့ “Digital Song Sales Chart” မှာ နံပါတ် ၂ နေရာကို ရောက်လာပီဖြစ်ပါတယ်။ ဒီစံချိန်ဟာ Girl Group သီချင်းတစ်ပုဒ်ရဲ့ အမြင့်ဆုံးစံချိန်ပါ။

“The Pussycat Dolls” တို့နဲ့ စံချိန်တူပါပဲ။ “The Pussycat Dolls” တို့ဟာ သူမတို့ရဲ့ Hit သီချင်းတွေဖြစ်တဲ့ “Don’t Cha”, “The Chicks” နဲ့ “Not Ready To Make Nice” တို့ဖြင့် ၂၀၀၅ နဲ့ ၂၀၀၇ ခုနှစ်တို့မှာ အမျိုးသမီးအဖွဲ့တစ်ခုရဲ့ “Highest-charting Single” အဖြစ် မှတ်တမ်းတင်ထားခဲ့တာပါ။


BLINKS တွေကတော့ BLACKPINK အတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။ BLINKS တွေ ဝမ်းသာမဆုံးဖြစ်ကြရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ “The Pussycat Dolls” ကြောင့်ပါပဲ။ ဒီ စံချိန်ကို ကြေညာပြီးမကြာမီမှာပဲ “The Pussycat Dolls” အဖွဲ့မှ သူမတို့ရဲ့ Twitter စာမျက်နှာမှတစ်ဆင့် “BLACKPINK” အတွက် ဂုဏ်ယူစကားပြောပေးခဲ့ကြပါတယ်။

ဒါ့ကြောင့် ကမ္ဘာအရပ်ရပ်မှ BLINKS တွေကလည်း “The Pussycat Dolls” ကို အပြန်အလှန် ဂုဏ်ယူအားပေးစကားပြောခဲ့ကြပါတယ်။ BLINKS တွေကတော့ Queens အချင်းချင်း အားပေးနေကြတယ်လို့ တင်စားနေကြတာပေါ့။ စံချိန်တူဖြစ်လာပြီ ဖြစ်တဲ့ “The Pussycat Dolla” နဲ့ “BLACKPINK” အဖွဲ့တို့ CONGRATULATIONS ပါ။

Source: Koreaboo
Written: Gyi Gyi

Share