မိဘတွေကို ပြည့်ပြည့်စုံစုံလေးထားပေးချင်တယ်ဆိုတဲ့ အိမ်မက်ကသားသမီးတိုင်းမှာ ရှိပါတယ်။ အချို့တွေကတော့ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပင်မဲ့ အချို့ကတော့ ကြိုးစားနေဆဲပါပဲ။
အနုပညာလောကထဲကို စစဝင်ချင်းမှာတော့ ရုန်းကန်ခဲ့ရပင်မဲ့ အောင်မြင်လာပြီးနောက်ပိုင်းမှာတော့ မိဘတွေအပေါ် ပြန်သိတတ်တဲ့အနုပညာရှင်တွေများစွာရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ကိုယ်ရဲ့အနုပညာကြေးနှင့် မိဘတွေကို အိမ်ပြန်ဝယ်ပေးပြီး ကျေးဇူးဆပ်ခဲ့တဲ့ အနုပညာရှင်အချို့ပဲ ဖြစ်ပါတယ်။
1.Hyeri ( Girl’s Day’s)
Girl’s Day’s အဖွဲ့ဝင်ဖြစ်တဲ့ Hyeri ကတော့ Idol တစ်ဦးအနေနှင့်လည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဒါပေမဲ့ Reply 1988 ရိုက်ကူးအပြီးမှာတော့ သူမရဲ့အောင်မြင်မှုဟာ အထွဋ်အထိပ်ရောက်ခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့မိဘတွေကို သူတို့အရင်နေတဲ့အိမ်ထက် နှစ်ဆလောက်ကြီးတဲ့ Apartment (တိုက်ခန်း) တစ်ခုဝယ်ပေးခဲ့ပါတယ်။
2.Suzy
Suzy ကလည်း ဝင်ငွေအများဆုံးရရှိတဲ့ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း မိဘတွေအတွက် ဇာတိမြေဖြစ်တဲ့ Gwanju မှာအိမ်ဝယ်ပေးရုံမျှမက Cafe ဆိုင်လေးပါ ဖွင့်ပေးနိုင်ခဲ့ပါတယ်။
3.Lee Hyori
ငယ်ငယ်ကဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရတဲ့ Lee Hyori ကလည်း သူအောင်မြင်လာပြီးနောက်ပိုင်း မိဘတွေအပေါ်သိတတ်ခဲ့ပါတယ်။ အဖေနှင့်အမေအတွက် ဇိမ်ခံအိမ်ဝယ်ပေးနိုင်ရုံမျှမက အဒေါ်အတွက်ပါ အဆောက်အဦးတစ်ခုကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။
4.Won Bin
နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှာတော့ Won Bin ဟာမိဘတွေအတွက် အရမ်းခန့်ညားတဲ့ အိမ်တစ်လုံး ဆောက်ပေးခဲ့ပါတယ်။ အိမ်ဟာထူခြားတဲ့ ဒီဇိုင်းရှိတဲ့ နှစ်ထပ်အိမ် အမျုျိးအစားပါ။ ၂၀၀၈ခုနှစ်မှာ ထိုအိမ်ဟာ ဗိသုကာဆုရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ခရီးသွားတွေပါ စိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။
5. Park Shin Hye
ကလေးသရုပ်ဆောင်ဘဝကတည်းက မိဘကိုသိတတ်လာသော သမီးလိမ္မာလေး Park Shin Hye ကတော့ သူမရဲ့ ကလေးဘဝကတည်းက စုထားတဲ့အနုပညာကြေးတွေ့နှင့် မိဘတွေလိုချင်တဲ့ ဆိုင််ဝယ်ပေးခဲ့ပါတယ်။
6.Namgoong Min
A-list ထဲမှာရှိတဲ့ မင်းသား Namgoong Min ကလည်း မိသားစုကို အရင်အလေးပေးခဲ့တဲ့ သူတစ်ယောက်ပါ။ သူရတဲ့ငွေကြေးနှင့် မိဘတွေကို အရင်အိမ်ဝယ်ပေးပြီး၊ လက်ထပ်သွားတဲ့ ညီအတွက်ကိုပါ အဆောက်အဦးတစ်ခု ဝယ်ပေးခဲ့ပါတယ်။
သားသမီးတစ်ယောက်အနေနှင့် မိဘတွေကိုအိမ်ဝယ်ပေးချင်တာကတော့ တကယ်အိမ်မက်တစ်ခုပါ။ သူတို့တွေကတော့ သူတို့မိဘတွေကို ငွေရေးကြေးရေးအားဖြင့် တောင့်တောင်တင်းတင်းထောက်ပံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြေးအားဖြင့် မထောက်ပံနိုင်သေးလည်းအားငယ်စရာတော့ မလိုပါဘူး။
အခြားကျေးဇူးဆပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ ဒီဆောင်းပါးကတော့ မိဘတွေကို အိမ်ဝယ်ပေးထားတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုသောအားဖြင့် ဖော်ပြထားတာပါ။ နောက်ထပ် Part-2 မှာလည်းကျန်ရှိနေသေးတဲ့ သူတွေကိုဆက်လက်ဖော်ပြပေးပါဦးမည်။ မိမိရဲ့ထင်မြင်ချက်ကိုလည်း comments မှာရေးသားနိုင်ပါတယ်။
Source: Soompi
Written: Phoo Phoo