Potato Star ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်ခဲ့တဲ့ အလှလေး Seo Ye Ji ကယခုလောလောလတ်လတ် It’s okay to not be okay မှာတစ်ရှိန်ထိုးအောင်မြင်နေပါတယ်နော်။ ဒါကြောင့်အပိုင်းသစ်စောင်နေတဲ့ အချိန်လွမ်းမနေရအောင် သူမပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွေကိုဖော်ပြလိုက်ပါတယ်။
၁။ Potato Star
သူ့ရဲ့ပွဲဦးထွက်ဇာတ်လမ်းတွဲဖြစ်ပြီး အကျော်ကြားဆုံး ဟာသဇာတ်လမ်းတွဲဖြစ်ခဲ့ပါတယ်။ မင်းသား Go Kyung Pyo နဲ့ မောင်နှမနှစ်ယောက် ကြောင်နဲဲ့ကြွက်လို ရန်ဖြစ်ကြတဲ့ ဇာတ်ဝင်ခန်းတွေမှာ Seo Ye Ji ရဲ့ ချစ်စရာပုံစံကို တွေ့ရမှာပါ။
၂။ Diary of a Night Watchman
၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ရှေးခေတ်နန်းတွင်းဇာတ်လမ်းလေးဖြစ်ပြီး မင်းသား Wal Gang (Jung Il Woo) ကဝိညာဉ်တွေကိုမြင်နိုင်တဲ့သူအနေနဲ့ပါဝင်ပြီးတော့ Ye Ji ကတော့အိမ်ရှေ့စံရဲ့ ကြင်ရာတော်လောင်ူ Soo Ryeon ပါ။ ရိုးရာဝတ်စုံနဲ့တောင် Ye Ji ကို chrisma အပြည့်နဲ့ မြင်တွေ့ခဲ့ရတဲ့ဇာတ်လမ်းလေးပါ။
၃။ Moorim School : Saga of the Brave
ထူးခြားတဲ့ Moorim ဆိုတဲ့ကျောင်းမှာတက်ရောက်နေတဲ့ Kpop Idol တစ်ယောက်နဲ့ တရုတ်လူမျိုးတစ်ယောက် မိန်းကလေးတစ်ယောက်တည်းကိုပြိုင်တူချစ်ကြတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ ဒီမိန်းကလေးက Ye Ji ဖြစ်ပြီး ဒီဇာတ်လမ်းထဲက သူမ character ကလည်း ထက်မြက်ရဲရင့်တဲ့ပုံစံပါ။
၄။ Hwarang : The Poet Worrior Youth
၂၀၁၆ တုန်းကထွက်ခဲ့တဲ့ Hwarang ဇာတ်လမ်းတွဲထဲက မင်းသမီးSook Myung ကိုရောမှတ်မိကြသေးလား? အဲဒီမင်းသမီး လေးကလည်း Ye Ji ပဲနော်။ Hwarang ထဲမှာ ရိုးရာအဝတ်အစားနဲ့လည်းအရမ်းကိုလိုက်ဖက်ခဲ့တာပါ။
၅။ Save Me
ဒီဇာတ်လမ်းတွဲလေးမှာလည်း မိသားစုဝင်တွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ မှိုင်းတိုက်တဲ့စကားတွေကို ယုံကြည်နေပေမယ့် သမီးဖြစ်သူက မယုံကြည်နိုင်တဲ့ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းထဲကနာမည်က Sang Mi ဖြစ်ပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးပါ။
၆။ The Bros
ဒါကတော့ ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ရုပ်ရှင်ပါ။ ဖခင်ရဲ့ဈာပနမှာပြန်တွေ့ပြီး မိသားစုရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိသွားတဲ အကြောင်းရုပ်ရှင်ပါ။ Ye Ji ကတော့ Sa Ra ဆိုတဲ့မိန်းကလေးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။
၇။ Lawless Lawyer
Seo Ye Ji နဲ့ Lee Joong Ki တို့ရဲ့အောင်မြင်ခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး Ye Ji ကအမှန်တရားဘက်က ရှေ့နေတစ်ဦးဖြစ်တဲ့ Ha Jae Yi နေရာကသရုပ်ဆောင်ခဲ့ပြီး Lee Jun Ki ကမိခင်အသတ်ခံရမှုကိုဖော်ထုတ်နေတဲ့ Bong Sang Pil အနေနဲ့ပါဝင်ခဲ့ပါတယ်။ သူမရဲ့ chrisma အပြည့်နဲ့မျက်နှာဟာ ရှေ့နေဇာတ်ရုပ်နဲ့တော့ကွက်တိပါပဲ။
၈။ It’s Okay To Not Be Okay
လတ်တလောရေပန်းအစားဆုံး စီးရီးလေးကိုတော့ချန်ထားခဲ့လို့ ဘယ်ဖြစ်ပါမလဲနော်။ Seo Ye Ji ကဖက်ရှင်ကျတဲ့ ပုံပြင်ခပ်မိုက်မိုက်တွေရေးသားတဲ့ စာရေးဆရာမ Ko Moon Young အနေနဲ့ပါဝင်တာဖြစ်ပြီး သူနာပြုလေး Moon Gang Tae (Kim So Hyun) နဲ့တွဲဖက်ညီညီသရုပ်ဆောင်မှုတွေက ပရိတ်သတ်ရင်ကို လှုပ်ခတ်နေစေပါတယ်။
Source: cosmopolitan philippine
written: helra