Categories: Celebrity News

ဝါရင့်သရုပ်ဆောင် Ji Jin Hee နှင့် Kim Hyun Joo တို့ပါဝင်မည့် JTBC ရဲ့ဇာတ်လမ်းတွဲအသစ်

BBC ကရိုက်ကူးထားတဲ့ Undercover ဆိုတဲ့ဇာတ်လမ်းတွဲကို တောင်ကိုရီးယားက ပြန်လည်ရိုက်ကူးမယ်လို့ ကြေငြာပြီးနောက်ပိုင်း ပရိတ်သတ်အတော်များများက ဘယ်သရုပ်ဆောင်တွေ ပါမလဲဆိုတာကို သိချင်နေကြပါတယ်။ အခုတော့ Casts တွေအတိအကျ ထွက်ရှိလာခဲ့ပါတယ်။

Undercover ဆိုတဲ့ ဇာတ်လမ်းတွဲအမည်နှင့် Ji Jin Hee နှင့် Kim Hyun Joo တို့မှ Main casts အနေနှင့် ပါဝင်ကြမှာပါ။ Han Jung Hyun (Ji Jin Hee) ဟာ နိုင်ငံလျှိဝှက်အဖွဲ့အစည်းတစ်ခု၏ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူဟာသရုပ်မှန်ကို ဖုံးကွယ်ပြီးနေလာခဲ့ရတာ ကြာပါပြီ။

လျိုဝှက်ထောက်လှမ်းရေးမစ်ရှင်တွေ ဆောင်ရွက်ရာမှလည်း ကျွမ်းကျင်ပြီး၊ သွက်လက်တဲ့ အရည်အချင်းရှိတဲ့ သူတစ်ယောက်ဆိုလည်းဟုတ်တယ်။ ဒါပေမဲ့ Choi Yeon Soo (Kim Hyun Joo) နှင့် လက်ထပ်ပြီးနောက်ပိုင်းမှာတော့ သူရဲ့ဘဝအမှန်ကို လူတွေကသိသွားကြတယ်။

မိန်းမဖြစ်သူကလည်း လုံးဝကိုသမာသမတ်ကျတဲ့ ရှေ့နေ့တစ်ယောက်ဖြစ်တော့ သူ့အတွက်ပိုပြီး အခက်တွေ့စေခဲ့ပါတယ်။ Kim Hyun Jooကတော့ “ကျွန်မ ဇာတ်ညွှန်းရရချင်းမှာ တကယ့်ကိုစိတ်ဝင်စားသွားတယ်။ ပါဝင်မဲ့ ကာရိုက်တာတွေကြားထဲက ဆက်ဆံရေးကို တကယ်သဘောကျတယ်။

အဓိကအားဖြင့် မိန်းမဖြစ်သူ Choi Yeon Soo ရဲ့ကာရိုက်တာကို သဘောကျတယ်။ သူ့ကြောင့်လည်း ကျွန်မ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်တာပါ။ ပရိတ်သတ်တွေကို ထူးခြားတဲ့အနုပညာprojectတွေ ပေးချင်တဲ့ ကျွန်မအတွက် ဒီဇာတ်လမ်းက ကွက်တိပါပဲလို့” ပြောခဲ့ပါတယ်။

Undercover ဇာတ်လမ်းတွဲကိုတော့ Beauty Inside နဲ့ Another Oh Hae Young ကိုရိုက်ကူးထားတဲ့ ဒါရိုက်တာကပဲ ရိုက်ကူးမှာပါ။ ၂၀၂၁ခုနှစ်ရဲ့ ပထမနှစ်ဝက်လောက်မှာ ထုတ်လွှင်နိုင့်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

(Zawgyi) ဝါရင့္သ႐ုပ္ေဆာင္ Ji Jin Hee ႏွင့္ Kim Hyun Joo တို႔ပါဝင္မည့္ JTBC ရဲ့ဇာတ္လမ္းတြဲအသစ္

BBC ကရိုက္ကူးထားတဲ့ Undercover ဆိုတဲ့ဇာတ္လမ္းတြဲကို ေတာင္ကိုရီးယားက ျပန္လည္ရိုက္ကူးမယ္လို႔ ေၾကျငာၿပီးေနာက္ပိုင္း ပရိတ္သတ္အေတာ္မ်ားမ်ားက ဘယ္သ႐ုပ္ေဆာင္ေတြ ပါမလဲဆိုတာကို သိခ်င္ေနၾကပါတယ္။ အခုေတာ့ Casts ေတြအတိအက် ထြက္ရွိလာခဲ့ပါတယ္။

Undercover ဆိုတဲ့ ဇာတ္လမ္းတြဲအမည္ႏွင့္ Ji Jin Hee ႏွင့္ Kim Hyun Joo တို႔မွ Main casts အေနႏွင့္ ပါဝင္ၾကမွာပါ။ Han Jung Hyun (Ji Jin Hee) ဟာ နိုင္ငံလၽွိဝွက္အဖြဲ႕အစည္းတစ္ခု၏ ေအးဂ်င့္တစ္ေယာက္ျဖစ္ၿပီး သူဟာသ႐ုပ္မွန္ကို ဖုံးကြယ္ၿပီးေနလာခဲ့ရတာ ၾကာပါၿပီ။

လ်ိဳဝွက္ေထာက္လွမ္းေရးမစ္ရွင္ေတြ ေဆာင္ရြက္ရာမွလည္း ကၽြမ္းက်င္ၿပီး၊ သြက္လက္တဲ့ အရည္အခ်င္းရွိတဲ့ သူတစ္ေယာက္ဆိုလည္းဟုတ္တယ္။ ဒါေပမဲ့ Choi Yeon Soo (Kim Hyun Joo) ႏွင့္ လက္ထပ္ၿပီးေနာက္ပိုင္းမွာေတာ့ သူရဲ့ဘဝအမွန္ကို လူေတြကသိသြားၾကတယ္။

မိန္းမျဖစ္သူကလည္း လုံးဝကိုသမာသမတ္က်တဲ့ ေရွ႕ေန႔တစ္ေယာက္ျဖစ္ေတာ့ သူ႔အတြက္ပိုၿပီး အခက္ေတြ႕ေစခဲ့ပါတယ္။ Kim Hyun Jooကေတာ့ “ကၽြန္မ ဇာတ္ညႊန္းရရခ်င္းမွာ တကယ့္ကိုစိတ္ဝင္စားသြားတယ္။ ပါဝင္မဲ့ ကာရိုက္တာေတြၾကားထဲက ဆက္ဆံေရးကို တကယ္သေဘာက်တယ္။

အဓိကအားျဖင့္ မိန္းမျဖစ္သူ Choi Yeon Soo ရဲ့ကာရိုက္တာကို သေဘာက်တယ္။ သူ႔ေၾကာင့္လည္း ကၽြန္မ ဒီဇာတ္လမ္းတြဲမွာ ပါဝင္ျဖစ္တာပါ။ ပရိတ္သတ္ေတြကို ထူးျခားတဲ့အႏုပညာprojectေတြ ေပးခ်င္တဲ့ ကၽြန္မအတြက္ ဒီဇာတ္လမ္းက ကြက္တိပါပဲလို႔” ေျပာခဲ့ပါတယ္။

Undercover ဇာတ္လမ္းတြဲကိုေတာ့ Beauty Inside နဲ႔ Another Oh Hae Young ကိုရိုက္ကူးထားတဲ့ ဒါရိုက္တာကပဲ ရိုက္ကူးမွာပါ။ ၂၀၂၁ခုႏွစ္ရဲ့ ပထမႏွစ္ဝက္ေလာက္မွာ ထုတ္လႊင္နိုင့္ဖို႔ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

Source: Soompi
Written: Phoo Phoo

Share