Categories: Celebrity News

အာရှရဲ့ အအောင်မြင်ဆုံး အဆိုတော်များ

ဂီတကို လူတိုင်းကချစ်မြတ်နိုးကြသလို ဂီတကို ဖန်တီးသူတွေကလည်း နေရာဒေသအသီးသီး အခြေအနေအမျိုးမျိုး အခက်အခဲများကြားကနေ ပေါ်ပေါက်လာဆဲပါပဲ။ ကျတော်တို့ အာရှမှာ မှာလည်း ပါရမီရှင်များစွာ ပေါ်ပေါက်လျက်ရှိပါတယ်။ အဲ့ထဲကမှ အအောင်မြင်ဆုံး အဆိုပါ
မီရှင်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Lata Mangeshkar (India)

သူမကို အိန္ဒိယရဲ့ နိုက်တင်ဂေးလို့တောင် အများကတင်စားကြပါတယ်။ ဘောလိဝုဒ် ဇာတ်ကားပေါင်းများစွာရဲ့ ထောင်နဲ့ချီတဲ့ ဇာတ်ဝင်သီချင်းပေါင်းများစွာကို ဘာသာစကားပေါင်း ၃၆ မျိုးနဲ့ သီဆိုကာမှတ်တမ်းတင်ထားပါတယ်။ ကမ္ဘာမှာ သီချင်းသံအများဆုံး အသံသွင်းနိုင်သူ အဖြစ် စံချိန်တင်ထားပါတယ်။

(၂) Coco Lee (Hong Kong)

Coco Lee ကတော့ ဟောင်ကောင်ကနေ စတင်အောင်မြင်လာပြီး ယခု အမေရိကန်မှာ အခြေချနေပါတယ်။ သူမဟာ အာရှတစ်ခွင်မှာ အလွန်အောင်မြင်တဲ့ ပေါပ့်အဆိုတော်ဖြစ်ပြီး Miss Chinese-America ဆုကို သိမ်းပိုက်ထားသူပါ။

(၃) Nusrat Fateh Ali Khan

Nusrat Fateh Ali Khan ဟာဆိုရင် သီချင်းအမျိုးအစားအသစ်တစ်ခုနဲ့ သောသရှင်တွေကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အပြင် သူ့ရဲ့ပျားရည်လို နားဝင်ချိုတဲ့ သီချင်းအမျိုးအစားဖြစ်တဲ့ ‘Shahenshah of Qawwali’ ကြောင့် သန်းပေါင်းများစွာသော ပရိတ်သတ်ရဲ့ အားပေးမှုကို ရရှိထားသူပါ။

(၄) Tata Young (Thailand)

Tata Young ဟာသူမရဲ့ အားပြင်းပြင်းနဲ့ ထူးခြားတဲ့ အသံပါဝါကြောင့် သူမအသက် ၁၁ နှစ်မှာ ထိုင်းသီချင်းဆိုပြိုင်ပွဲမှာ ဆုကိုရရှိခဲ့ပြီး သူမအသက် ၁၆ နှစ်မှာဆိုရင် အောင်မြင်မှုတွေကို တစ်ပိုက်ကြီးရနေပါပြီ။ ယခုချိန်ဆိုရင် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ရောက်ဖြစ်ပြီး တစ်ကိုယ်တော်အယ်ဘမ် ၈ ခုကို ထုတ်ဝေခဲ့ပြီးပါပြီ။

(၅) Siti Nurhaliza (Malaysia)

Siti Nurhaliza က မလေးရှားမှာ အချမ်းသာဆုံး ထိပ်တန်းအနုပညာရှင်တစ်ရောက်ဖြစ်ပြီး တစ်ကိုယ်တော်အယ်ဘမ်အများဆုံး ထုတ်ဝေထားနိုင်သူပါ။ the Voice of Asia in 2002 ကိုလည်း ရရှိထားပါတယ်။

(၆) Lea Salonga (Philippines)

သူမကတော့ အာရှမှာတင်မကပါဘူး တစ်ကမ္ဘာလုံးကပါ သူမရဲ့အသံကို ကြားဖူးကြမှာပါ။ သူမရဲ့ Disney ရုပ်ရှင်ထဲက အသံတွေ၊ သီချင်းတွေဖြစ်တဲ့ Alladin ထဲက Jasmine၊ Mulan ထဲက Fa Mulan တွေဟာ ကျတော်တို့ အားလုံးရဲ့ပါးစပ်ဖျားမှာ စွဲနေခဲ့မှာပါ။

(၇) BoA (Kwon Bo-aH) (Korea)

သူမရဲ့ ကျော်ကြားမှုတွေကတော့ အာရှမှာသာမက အမေရိကန်ထိကို ထိုးဖောက်နိုင်ခဲ့ပါတယ်။ Kwon က ဂျပန်မှာ ပထမဆုံး အယ်ဘမ်ပေါင်း တစ်သန်းကျော်ကျော်ကို ရောင်းချနိုင်တဲ့သူဖြစ်ပါတယ်။

(၈) Ayumi Hamasaki (Japan)

Ayumi Hamasaki ကတော့ အာရှမှာ အချမ်းသာဆုံး ထိပ်တန်းအနုပညာရှင်တစ်ရောက်ဖြစ်ပြီး အနုပညာသက်တမ်း ၁၅ နှစ်ကျော်ရှိပါပြီ။ ဂျပန်တစ်နိုင်ငံထဲမှာတင်ကို အယ်ဘမ်ပေါင်း သန်း ၅၀ ကျော်ကျော်ကို ရောင်းချနိုင်တဲ့သူဖြစ်ပါတယ်။

(၉) Joey Yung (Hong Kong)

Joey Yung ကတော့ ထိပ်တန်းအနုပညာရှင်တစ်ရောက်ဖြစ်ပြီး ပေါပ့်ဘုရင်မလို့တောင် တင်စားကြပါတယ်။ သူမက ကြော်ငြာတွေလည်း ရိုက်ကူးပြီး တစ်ခုတစ်ခုကို သင်စိတ်ကူးရင်နိိုင်တာထက်ကို များတဲ့အနုပညာကြေးကို ရရှိသူပါ။

(၁၀) Agnes Monica (Indonesia)

တရုတ်ဇာတိဖြစ်ပြီး ယခု အင်ဒိုနီးရှားမှာ ထိပ်တန်းအနုပညာရှင်တစ်ရောက်ဖြစ်နေပါပြီ။ သူမ အသက် ၆ နှစ်မှာ အနုပညာများကို စတင်လုပ်ကိုင်ပြီး ယခုမှာဆိုရင်တော့ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ ရှိနေပါပြီ။ ဆုပေါင်းများစွာကို ရရှိထားပြီး ပြည်တွင်းရော ပြည်ပပါ အောင်မြင်နေသူဖြစ်ပါတယ်။

Source: SuccessStory
Written: S.Kaung

Share