Categories: Celebrity News

သားသမီးတွေ သူတို့ကိုလှမ်းမြင်နိုင်ဖို့ BTS banner တွေကို အသုံးပြုခဲ့ကြတဲ့မိဘများ

မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ သဘောကျတဲ့အရာကို ကြည်ကြည်ဖြူဖြူလက်ခံပေးပြီး သားသမီးတွေရဲ့ နှစ်သက်မှုကို အကောင်းဘက်ကနေအသုံးချတတ်ဖို့ လိုပါတယ်။ တရုတ်ကမိဘတွေရဲ့ ဒီလုပ်ရပ်လေးကတော့ ARMY တွေကြားမှာ ပြောစမှတ်တွင်ပြီး ချစ်စရာကောင်းတဲ့ ဖြစ်ရပ်ကလေးတွေပါပဲ။

ဖြစ်ပုံကတော့ဒီလိုပါ။ တရုတ်နိုင်ငံကအထက်တန်းကျောင်းသားတွေအတွက် အရေးအကြီးဆုံး တက္ကသိုလ်ဝင်စာမေးပွဲကို Gaokao ကို ဖြေဆိုပြီးစီးကြမယ့် သားသမီးတွေကို အပြင်ကစောင့်ဆိုင်းနေတဲ့မိဘတွေဟာ ကလေးတွေလူအုပ်ထဲမှာသူတို့ကိုလှမ်းမြင်နိုင်ဖို့ BTS ရုပ်ပုံပါ banner ကြီးတွေနဲ့ စောင့်နေကြတာပါ။

ဒီပုံတွေကတော့ တရုတ်လူမှုကွန်ယက် weibo ကတစ်ဆင့် ကမ္ဘာအရပ်ရပ်ကိုစတင်ပျံ့နှံ့ခဲ့ပြီး တရုတ်နိုင်ငံမှာတော့ ၂၀၁၉ ခုနှစ်ကတည်းက ဒီနည်းလမ်းကိုအသုံးပြုခဲ့ကြတာလို့ဆိုပါတယ်။ ARMY လေးတွေနဲ့ သူတို့မိဘတွေကြားက အဖြစ်အပျက်လေးကိုတော့ အားလုံးသဘောအကျကြီးကျနေကြပါတယ်။

(Zawgyi) သားသမီးေတြ သူတို႔ကိုလွမ္းျမင္နိုင္ဖို႔ BTS banner ေတြကို အသုံးျပဳခဲ့ၾကတဲ့မိဘမ်ား

မိဘေတြအေနနဲ႔ ကိုယ့္သားသမီးေတြ သေဘာက်တဲ့အရာကို ၾကည္ၾကည္ျဖဴျဖဴလက္ခံေပးၿပီး သားသမီးေတြရဲ့ ႏွစ္သက္မႈကို အေကာင္းဘက္ကေနအသုံးခ်တတ္ဖို႔ လိုပါတယ္။ တ႐ုတ္ကမိဘေတြရဲ့ ဒီလုပ္ရပ္ေလးကေတာ့ ARMY ေတြၾကားမွာ ေျပာစမွတ္တြင္ၿပီး ခ်စ္စရာေကာင္းတဲ့ ျဖစ္ရပ္ကေလးေတြပါပဲ။

ျဖစ္ပုံကေတာ့ဒီလိုပါ။ တ႐ုတ္နိုင္ငံကအထက္တန္းေက်ာင္းသားေတြအတြက္ အေရးအႀကီးဆုံး တကၠသိုလ္ဝင္စာေမးပြဲကို Gaokao ကို ေျဖဆိုၿပီးစီးၾကမယ့္ သားသမီးေတြကို အျပင္ကေစာင့္ဆိုင္းေနတဲ့မိဘေတြဟာ ကေလးေတြလူအုပ္ထဲမွာသူတို႔ကိုလွမ္းျမင္နိုင္ဖို႔ BTS ႐ုပ္ပုံပါ banner ႀကီးေတြနဲ႔ ေစာင့္ေနၾကတာပါ။

ဒီပုံေတြကေတာ့ တ႐ုတ္လူမႈကြန္ယက္ weibo ကတစ္ဆင့္ ကမၻာအရပ္ရပ္ကိုစတင္ပ်ံ႕ႏွံ့ခဲ့ၿပီး တ႐ုတ္နိုင္ငံမွာေတာ့ ၂၀၁၉ ခုႏွစ္ကတည္းက ဒီနည္းလမ္းကိုအသုံးျပဳခဲ့ၾကတာလို႔ဆိုပါတယ္။ ARMY ေလးေတြနဲ႔ သူတို႔မိဘေတြၾကားက အျဖစ္အပ်က္ေလးကိုေတာ့ အားလုံးသေဘာအက်ႀကီးက်ေနၾကပါတယ္။

source: koreaboo
written: Dar Dar

Share