Categories: Celebrity News

အသက် (၄၀) ကျော်နေတာတောင်ကြည့်ကောင်းနေဆဲဖြစ်တဲ့တောင်ကိုရီးယားမင်းသား (၇) ယောက်

အသက်ကြီးလာပေမယ့် တစ်မျိုးပိုကြည့်ကောင်းပြီး ခံ့ညားလာတဲ့အနုပညာရှင်တွေလည်း ကမ္ဘာတစ်ဝှမ်မှာအများအပြားပါပဲနော်။ အခုလည်း ဝိုင်လိုပဲလို့တင်စားရလောက်တဲ့ အသက်ကြီးလာတာနဲ့အမျှ ပိုခံ့ညာလာတဲ့ ကိုရီးယားမင်းသားတွေကိုဖော်ပြပေးလိုက်ပါတယ်။

Joo Jin Mo


Joo Jin Mo ရဲ့တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ချောမောလှပတဲ့မျက်နှာက အသက် ၄၅ နှစ်လို့တောင်မထင်မိစရာပါ။ အနုပညာခရီးလမ်းကို ၁၉၉၉ ခုနှစ်က Dance Dance ဆိုတဲ့ဇာတ်လမ်းနဲ့စတင်ခဲ့ပြီး ဒရမ်မာတွေ ရုပ်ရှင်တွေအများကြီးမှာပါဝင်ခဲ့ပါတယ်။

Jang Hyuk


Jang Hyuk က အောင်မြင်တဲ့မင်းသားတစ်ဦးဖြစ်တဲ့အပြင် pro ကျတဲ့ တိုက်ကွမ်ဒိုကစားသမားတစ်ဦးပါတဲ့။ ၁၀နှစ်ကျော် အားကစားလုပ်ခဲ့တဲ့ ခန္ဓာကိုယ်မို့လို့ ထင်ပါရဲ့၊ အသက် ၄၀ကျော်တဲ့ထိတောင်ကြည့်ကောင်းနေတုန်းပါပဲ။ ၁၉၉၇ ခုနှစ်က Model ဇာတ်လမ်းတွဲနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး The Flu, Voice စတဲ့နာမည်ကြီးဇာတ်လမ်းတွေမှာလည်းပါဝင်ခဲ့ပါတယ်။

So Ji Sub


သူကတော့ငယ်ငယ်တုန်းက model အနေနဲ့ရော rapper အနေနဲ့ပါ အနုပညာလှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်တဲ့။ ဒါ့အပြင် နိုင်ငံအဆင့်ရေကူးပြိုင်ပွဲမှာလည်း ဆုရခဲ့ဖူးပါတယ်တဲ့။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကတည်းက အနုပညာလောကထဲဝင်ရောက်ခဲ့ပြီး Master’s Sun ဇာတ်လမ်းတွဲမှာလည်းအရမ်းကိုမိမိုက်နေခဲ့တဲ့ဦးပါနော်။

Won Bin


​ထယ်ဆောက်ကိုရော အခုထိချစ်သေးကြလား? Autumn in my heart ဇာတ်လမ်းထဲမှာ Tae Seok ဆိုပြီး ကြွေခဲ့ရတဲ့ Won Bin ကအခုဆို အသက် ၄၀ တောင်ကျော်နေပြီနော်။ ရုပ်ချောတယ်ဆိုတာဒီလိုမျိုးဆိုပြီးတောင် ကိုရီးယားပြည်သူတွေ ဥပမာပေးကြတဲ့အထိ သူရဲ့ချောမောလှပမှုကတော့ စံပါပဲနော်။

Song Seung Heon


ထယ်ဆောက်အလှည့်ပြီးသွားတော့ အခုဂျွန်စောလာပါပြီနော်။ Autumn in my heart ရဲ့ ဂျွန်စော character နဲ့တစ်ဟုန်ထိုးနာမည်ကြီးခဲ့တဲ့ Song Seung Heon ကလည်းအခုဆို ၄၃ နှစ်တောင်ရှိပါပြီတဲ့။ လတ်တလောထွက်ရှိနေတဲ့ Dinner mate မှာလည်း ဦးရဲ့ ချောမောနေမှုကြီးတွေကိုတွေ့နိုင်ပါတယ်နော်။

Lee Byung Hun


ကိုရီးယားရုပ်ရှင်လောကမှာသာမကပဲ Hollywood ထိခြေဆန့်နိုင်တဲ့ မင်းသားကြီး Lee Hyung Hun ကိုလည်းချန်ခဲ့လို့ဘယ်ဖြစ်ပါမလဲ။ IRIS ဇာတ်လမ်းမှာလည်း သရုပ်ဆောင်ပီပြင်ခဲ့တဲ့ အပြင် Red 2, The Rise of Cobra စတဲ့ Hollywood ရုပ်ရှင်တွေထိပါအောင်မြင်ခဲ့ပါတယ်။

Kwon Sang Woo


Stairway to Heaven နဲ့အောင်မြင်ခဲ့တဲ့ Kwon Sang Woo ကလည်း တစ်ချိန်က star တစ်ယောက်ပါပဲနော်။ သူက အသက်အရွယ်တစ်ခုကိုရောက်လာတော့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေတောင်စတင်နေပြီး Bali က The resort of ocean blue hotel ရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်နေပါပြီတဲ့။

source: kdramastars
written: helra

Share