Categories: Celebrity News

BBC ရဲ့ Undercover ကိုရီးယား Version မှာပါဝင်သရုပ်ဆောင်သွားမယ့် YeonWoo Jin နဲ့ Han Sun Hwa

Yeon Woo Jin နဲ့ Han Sun Hwa တို့ကိုတော့ JTBC မှရိုက်ကူးထုတ်လွှင့်သွားမယ့် Undercover ကိုရီးယား Version မှာ မြင်တွေ့ရတော့မှာပါ။ BBC ရဲ့ Undercover ကို အမည်တူပဲ ဆက်လက်အသုံးပြုသွားမှာဖြစ်ပြီး မိမိရဲ့ ဘဝဇာတ်ကြောင်းကို ဖုံးကွယ်နေထိုင်နေတဲ့ Han Jung Hyun နဲ့ ရှေ့နေမ Choi Yeon Soo တို့ရဲ့အကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Yeon Woo Jin ကတော့ Queen For 7 days, Introverted Boss အစရှိတာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားပဲဖြစ်ပါတယ်။ Han Sun Hwa ကတော့ Secret အဖွဲ့ဝင်ဟောင်းပါ။ လက်ရှိ Backstreet Rookie ဇာတ်လမ်းတွဲမှာလည်း Yoo Yeon Joo အနေနဲ့ပါဝင်သရုပ်ဆောင်နေပါတယ်။ Yeon Woo Jin နဲ့လည်း Marriage not Dating မှာ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

Yeon Woo Jin နဲ့ Han Sun Hwa တို့ကိုတော့ အဓိကဇာတ်ကောင်များရဲ့ လူငယ်ဘဝနေနဲ့ တွေ့ရမှာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များဖြစ်တဲ့ Ji Jin Hee နဲ့ Kim Hyun Joo တို့ကိုတော့ ပစ္စုပ္ပန်က ဇာတ်ကောင်များအဖြစ် တွေ့ရမှာပါ။ JTBC ရဲ့ Undercover ကို၂၀၂၁ နှစ်ဦးပိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ လျာထားတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 2021 မှာ ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ခုတိုးပြီပေါ့နော်။

(Zawgyi) BBC ရဲ့ Undercover ကိုရီးယား Version မွာပါဝင္သ႐ုပ္ေဆာင္သြားမယ့္ YeonWoo Jin နဲ႔ Han Sun Hwa

Yeon Woo Jin နဲ႔ Han Sun Hwa တို႔ကိုေတာ့ JTBC မွရိုက္ကူးထုတ္လႊင့္သြားမယ့္ Undercover ကိုရီးယား Version မွာ ျမင္ေတြ႕ရေတာ့မွာပါ။
BBC ရဲ့ Undercover ကို အမည္တူပဲ ဆက္လက္အသုံးျပဳသြားမွာျဖစ္ၿပီး မိမိရဲ့ ဘဝဇာတ္ေၾကာင္းကို ဖုံးကြယ္ေနထိုင္ေနတဲ့ Han Jung Hyun နဲ႔ ေရွ႕ေနမ Choi Yeon Soo တို႔ရဲ့အေၾကာင္းကို ရိုက္ကူးသြားမွာျဖစ္ပါတယ္။

Yeon Woo Jin ကေတာ့ Queen For 7 days, Introverted Boss အစရွိတာေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသားပဲျဖစ္ပါတယ္။ Han Sun Hwa ကေတာ့ Secret အဖြဲ႕ဝင္ေဟာင္းပါ။ လက္ရွိ Backstreet Rookie ဇာတ္လမ္းတြဲမွာလည္း Yoo Yeon Joo အေနနဲ႔ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။ Yeon Woo Jin နဲ႔လည္း Marriage not Dating မွာ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။

Yeon Woo Jin နဲ႔ Han Sun Hwa တို႔ကိုေတာ့ အဓိကဇာတ္ေကာင္မ်ားရဲ့ လူငယ္ဘဝေနနဲ႔ ေတြ႕ရမွာျဖစ္ၿပီး ဝါရင့္သ႐ုပ္ေဆာင္မ်ားျဖစ္တဲ့ Ji Jin Hee နဲ႔ Kim Hyun Joo တို႔ကိုေတာ့ ပစၥဳပၸန္က ဇာတ္ေကာင္မ်ားအျဖစ္ ေတြ႕ရမွာပါ။ JTBC ရဲ့ Undercover ကို၂၀၂၁ ႏွစ္ဦးပိုင္းမွာ ထုတ္လႊင့္ျပသသြားမယ္လို႔ လ်ာထားတဲ့အေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ 2021 မွာ ၾကည့္ရမယ့္ ဇာတ္ကားေကာင္းတစ္ခုတိုးၿပီေပါ့ေနာ္။

Source: Soompi
Written: Gyi Gyi

Share