Categories: Celebrity News

‘BTS’ နဲ့ ‘EXO’ ရဲ့ကြားက ရင်းနှီးချစ်ခင်တဲ့ စီနီယာဂျူနီယာဆက်ဆံရေးကို ပြသခဲ့တဲ့အချိန်များ

Kpop ပရိတ်သတ်တွေကြားမှာ ဒီနှစ်ဖွဲ့နဲ့ပတ်သတ်ပြီး အငြင်းပွားမှုတွေ ကတောက်ကဆလေးတွေအမြဲလိုလိုရှိနေပေမယ့် idol တွေကတော့ တကယ်ကိုရင်းနှီးတဲ့ စီနီယာဂျူနီယာဆက်ဆံရေးရှိပါတယ်။ EXO အနေနဲ့လဲ BTS အပေါ် စီနီယာပီသသလို BTS ဟာလဲ EXO အပေါ်တရိုတသေနဲ့ လေးစားတာပါပဲ။ သူတို့ရဲ့ချစ်စရာ ဆက်ဆံရေးရှိတယ်ဆိုတာကိုအောက်မှာဖော်ပြပေးသွားမယ့် အမှတ်တရလေးတွေက သက်သေပြနေပါတယ်နော်။

ပထမအချက်အနေနဲ့ကတော့ သူတို့နှစ်ဖွဲ့က Stage ပေါ်က Performance အလန်းစားတွေကို အပြန်အလှန် Support ပေးတတ်ကြတာပါ။ Melon Music Awards 2016 တုန်းကလည်း BTS ရဲ့ ဖျော်ဖြေမှုကို Exo အဖွဲ့ဝင်တွေက အားပေးခဲ့ကြသလို MAMA 2015 တုန်းက Exo ရဲ့ Drop That ဖျော်ဖြေမှုကို BTS အဖွဲ့ဝင်တွေက တစ်ခဲနက်အားပေးခဲ့ကြပါတယ်။

MAMA 2014 တုန်းကလည်း J-Hope နဲ့ Jimin ရဲ့အကစွမ်းရည်ကို Chanyeol နဲ့ Sehun တို့ကသဘောကျခဲ့ကြပါသေးတယ်။ Baekhyun နဲ့ V နှစ်ယောက်သားကိုလည်း ရုပ်ချင်းဆင်တယ်လို့ ပရိတ်သတ်တွေသတ်မှတ်ပေးခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်အပြင် B.A.P အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Daehyun ကလည်းသူတို့နဲ့ရုပ်ဆင်တဲ့အုပ်စုထဲကပဲနော်။

အဲဒီအချိန်ကဆို TV show တစ်ခုက ဒီအကြောင်းကို Taehyung ကိုမေးလာတော့လည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဒီအကြောင်းကိုဆွေးနွေးခဲ့ပါသေးတယ်။ ဒီရုပ်ချင်းဆင်တဲ့ မိသားစုမှာ Daehyun ကအဖေ Baekhyun ကအမေ Taehyung ကကလေးဆိုပြီးတော့တောင်ချစ်စဖွယ်သတ်မှတ်ပေးခဲ့ကြတာနော်။

Chanyeol ကလည်း BTS အဖွဲ့ဝင်တွေချစ်ခင်ဖွယ်ကောင်းတဲ့အကြောင်းချီးကျူးခဲ့ဖူးပါသေးတယ်။ KBS Song Festival အတွက် Chanyeol နဲ့ SHINee အဖွဲ့ဝင် Minho တို့က Jimin နဲ့ SHINee Taemin တို့ကိုအင်တာဗျူးခဲ့တုန်းကလည်း Jimin ရဲ့ချစ်စရာကောင်းတဲ့အပြုံးကို အသိအမှတ်ပြုခဲ့ပါတယ်။ MMA 2016 တုန်းကလည်း Screen ပေါ်က Taehyung ကိုကြည့်ပြီး Chanyeol တစ်ယောက်ပြုံးနေခဲ့ဖူးပါတယ်။

Jimin နဲ့ Kai နဲ့ကလည်း Squad တစ်ခုတည်းကသူငယ်ချင်းတွေပါ။ SHINee အဖွဲ့ဝင် Taemin က Kai ရယ် Jimin ရယ် HOSTPOT က Timoteo ရယ် Sungwoon ရယ်ပါဝင်တဲ့ သူငယ်ချင်းအဖွဲ့အကြောင်းပြောပြခဲ့ဖူးပြီး သူတို့အဖွဲ့မှာဆင်တူဝယ်ထားတဲ့ Jacket တောင်ရှိတယ်ဆိုတော့ တော်ရုံခင်မင်မှုမျိုးတော့မဟုတ်ပါဘူး။

အဖွဲ့နှစ်ဖွဲ့ရဲ့ ခေါင်းဆောင်ကြီးနှစ်ယောက်ဖြစ်တဲ့ Suho နဲ့ RM ကလည်း ခေါင်းဆောင်တစ်ယောက်ရဲ့ဒက္ခတွေကို ရယ်စရာစွက်ပြီးအတူတူဝေမျှဖူးကြပါတယ်။ ၂၀၁၅ ခုနှစ်က Problematic Men ဆိုတဲ့အစီအစဉ်မှာ Kpop အဖွဲ့တွေကို ခေါင်းဆောင်ရခြင်းရဲ့ အကျိုးအပြစ်တွေကို တရင်းတနှီးဖွင့်ဟခဲ့ပြခဲ့ကြပြီး နှစ်ယောက်လုံးမှာတူညီတဲ့ ခံစားချက်တွေရှိခဲ့ကြပါတယ်။

Rain ရဲ့ Rainism သီချင်းဖျော်ဖြေမှုကိုလည်း BTS က Taehyung ရယ် Jungkook ရယ် နဲ့ Exo က Baekhyun တို့က SHINee Minho နဲ့စင်အောက်ကနေ ပျော်ပျော်ပါးပါးအတူကခဲ့ကြဖူးပါတယ်။

၂၀၁၅ ခုနှစ်ကကျင်းပခဲ့တဲ့ 5th Gaon Chart Kpop Award မှာလည်း idol တွေအကုန်ဓာတ်ပုံရိုက်ဖို့စုနေကြတဲ့အချိန် Baekhyun နဲ့ Jimin တို့စက္ကန့်မလပ် တရင်းတနှီးစကားပြောနေခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။

၂၀၁၆ MAMA ရဲ့ Backstage မှာလည်း Suho နဲ့ V နဲ့လှိုက်လှိုက်လှဲလှဲ ပွေ့ဖက်နှုတ်ဆက်တဲ့ video ကလည်း သူတို့ရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုဖော်ပြနေခဲ့ပါတယ်။ Idol Olympic အစီအစဉ်ကလည်း Idol တွေကြားထဲကရင်းနှီးမှုကိုကောင်းကောင်းပြသနိုင်တဲ့ အစီအစဉ်တစ်ခုပါပဲ။ 2017 Idol Olympic အားကစားပြိုင်ပွဲမှာလည်း Jimin နဲ့ Chanyeol တို့ရဲ့ ရင်းနှိီးတဲ့ဆက်ဆံရေးကိုတွေ့ခဲ့ရပါတယ်။

သူတို့နှစ်ဖွဲ့ဟာအမြဲတမ်းအချင်းချင်း လေးလေးစားစားဆက်ဆံတတ်ကြပြီး အောင်မြင်မှုတွေကိုလည်း အချင်းချင်း ဂုဏ်ပြုပေးတတ်ကြသူတွေပါနော်။ ဘာပဲဖြစ်ဖြစ်အောင်မြင်မှုအသီးသီးနဲ့ အချစ်ခံရတဲ့ အဖွဲ့နှစ်ဖွဲ့မို့လို့ နောင်လည်းဒီလိုအမှတ်တရလေးတွေအများကြီးဖန်တီးသွားကြမယ်လို့ မျှော်လင့်ပါတယ်။

source: Soompi
written: helra

Share