Categories: Celebrity News

Park Bogum တစ်ယောက် Big 3 ရဲ့ ကမ်းလှမ်းချက်ကိုတောင် ငြင်းခဲ့တဲ့အကြောင်းပြချက်

အကယ်၍ သင်ဟာကိုရီးယားအနုပညာလောကမှာ ခြေချဖို့ရည်ရွယ်လိုက်ပြီဆိုရင်တော့ အရင်ဆုံးမက်တဲ့အိပ်မက်ဟာ ထိပ်တန်းအေဂျင်စီကြီးတွေနဲ့ လက်တွဲရဖို့ပါ။ လက်နဲ့ထိရင်ရွှေဖြစ်တယ်လို့ ဆိုရတဲ့အထိ မွေးထုတ်ပေးလိုက်တဲ့ အနုပညာရှင်တိုင်းအောင်မြင်တဲ့ SM, YG နဲ့ JYP လို အေဂျင်စီတွေကို ငြင်းဆိုမယ့်လူက ခပ်ရှားရှားပါပဲ။

ဒါပေမယ့် မင်းသား Park Bo Gum ကတော့ လျှမ်းလျှမ်းတောက် အေဂျင်စီ ၃ ခုလုံးမှာ audition အောင်ပြီး ဝင်ခွင့်ရခဲ့တာတောင် လက်တွဲဖို့ကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ်တဲ့။ ဒီလိုငြင်းဆိုရတဲ့အတွက်လဲ သူ့မှာခိုင်လုံတဲ့ အကြောင်းပြချက်တော့ ရှိခဲ့ပါတယ်။

ရုပ်ရည်ရော သရုပ်ဆောင်ပညာရော အသံပါရမီပါရှိတဲ့ ဘက်စုံထူးချွန်တဲ့ Park Bo Gum ဟာ ကနဦးမှာ အဆိုတော်လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ပြီး audition ဝင်ခဲ့ပေမယ့် နောက်ပိုင်းတော့ သူ့ရဲ့ဆန္ဒကိုသေချာသိကာ သရုပ်ဆောင်လုပ်ဖို့ စိတ်ပြင်းပြလာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူဝင်ခွင့်ရတဲ့ အေဂျင်စီကြီးတွေက သူ့ကိုသရုပ်ဆောင်အဖြစ်ပံ့ပိုးဖို့ထက် idol ဖြစ်ဖို့သာ ရည်ရွယ်ချက်ထားတာမို့ သူ့ကို သရုပ်ဆောင်အဖြစ် သေချာလေ့ကျင့်ပံ့ပိုးပေးမယ်လို့ ကတိပေးတဲ့ အေဂျင်စီကိုရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ထိုခေတ်ထိုအခါက Big 3 ကို ငြင်းဆိုလိုက်တယ်လို့ ဆိုရင် အတော်ကိုအံ့ဩခဲ့ကြပေမယ့် ခုချိန်မှာတော့ Park Bogum ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ဆိုရမှာပါ။ Idol လုပ်ဖို့သာရွေးချယ်ခဲ့ရင် အခုလို ထိပ်တန်းမင်းသား Park Bogum ရဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတွေကို ကြည့်ရဖို့က အလှမ်းဝေးသွားပါပြီ။

(Zawgyi) Park Bogum တစ္ေယာက္ Big 3 ရဲ့ ကမ္းလွမ္းခ်က္ကိုေတာင္ ျငင္းခဲ့တဲ့အေၾကာင္းျပခ်က္

အကယ္၍ သင္ဟာကိုရီးယားအႏုပညာေလာကမွာ ေျခခ်ဖို႔ရည္ရြယ္လိုက္ၿပီဆိုရင္ေတာ့ အရင္ဆုံးမက္တဲ့အိပ္မက္ဟာ ထိပ္တန္းေအဂ်င္စီႀကီးေတြနဲ႔ လက္တြဲရဖို႔ပါ။ လက္နဲ႔ထိရင္ေရႊျဖစ္တယ္လို႔ ဆိုရတဲ့အထိ ေမြးထုတ္ေပးလိုက္တဲ့ အႏုပညာရွင္တိုင္းေအာင္ျမင္တဲ့ SM, YG နဲ႔ JYP လို ေအဂ်င္စီေတြကို ျငင္းဆိုမယ့္လူက ခပ္ရွားရွားပါပဲ။

ဒါေပမယ့္ မင္းသား Park Bo Gum ကေတာ့ လၽွမ္းလၽွမ္းေတာက္ ေအဂ်င္စီ ၃ ခုလုံးမွာ audition ေအာင္ၿပီး ဝင္ခြင့္ရခဲ့တာေတာင္ လက္တြဲဖို႔ကို ျပတ္ျပတ္သားသားျငင္းဆိုခဲ့ပါတယ္တဲ့။ ဒီလိုျငင္းဆိုရတဲ့အတြက္လဲ သူ႔မွာခိုင္လုံတဲ့ အေၾကာင္းျပခ်က္ေတာ့ ရွိခဲ့ပါတယ္။

႐ုပ္ရည္ေရာ သ႐ုပ္ေဆာင္ပညာေရာ အသံပါရမီပါရွိတဲ့ ဘက္စုံထူးခၽြန္တဲ့ Park Bo Gum ဟာ ကနဦးမွာ အဆိုေတာ္လုပ္ဖို႔ ရည္ရြယ္ခ်က္ရွိခဲ့ၿပီး audition ဝင္ခဲ့ေပမယ့္ ေနာက္ပိုင္းေတာ့ သူ႔ရဲ့ဆႏၵကိုေသခ်ာသိကာ သ႐ုပ္ေဆာင္လုပ္ဖို႔ စိတ္ျပင္းျပလာတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ သူဝင္ခြင့္ရတဲ့ ေအဂ်င္စီႀကီးေတြက သူ႔ကိုသ႐ုပ္ေဆာင္အျဖစ္ပံ့ပိုးဖို႔ထက္ idol ျဖစ္ဖို႔သာ ရည္ရြယ္ခ်က္ထားတာမို႔ သူ႔ကို သ႐ုပ္ေဆာင္အျဖစ္ ေသခ်ာေလ့က်င့္ပံ့ပိုးေပးမယ္လို႔ ကတိေပးတဲ့ ေအဂ်င္စီကိုေရြးခ်ယ္ခဲ့တာလို႔ ဆိုပါတယ္။

ထိုေခတ္ထိုအခါက Big 3 ကို ျငင္းဆိုလိုက္တယ္လို႔ ဆိုရင္ အေတာ္ကိုအံ့ဩခဲ့ၾကေပမယ့္ ခုခ်ိန္မွာေတာ့ Park Bogum ရဲ့ဆုံးျဖတ္ခ်က္က မွန္ကန္တယ္လို႔ဆိုရမွာပါ။ Idol လုပ္ဖို႔သာေရြးခ်ယ္ခဲ့ရင္ အခုလို ထိပ္တန္းမင္းသား Park Bogum ရဲ့ ႐ုပ္ရွင္ဇာတ္လမ္းေကာင္းေတြကို ၾကည့္ရဖို႔က အလွမ္းေဝးသြားပါၿပီ။

source: Koreaboo
written: Dar Dar

Share