Categories: Celebrity News

စောစောလက်ထပ်လိုတဲ့ ဆန္ဒကိုပြောပြလာတဲ့ Yeo Jin Goo

မင်းသားလေး Yeo Jin Goo ကတော့ သူစောစောစီးစီး လက်ထပ်လိုကြောင်း ဆန္ဒကို ဖွင့်ဟပြောကြားခဲ့ပါတယ်။ မကြာသေးမီက Yeo Jin Goo ဟာ tVN ရဲပ House on Wheels အစီအစဉ်မှာ ဧည့်သည်အဖြစ် သွားရောက်ခဲ့တာပါ။

Yeo Jin Goo နဲ့အတူ ဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Sung Dong Il, Kim Hee Won နဲ့ Kang Hyo Jin တို့လည်း အတူတူရှိနေခဲ့ကြပါတယ်။ စကားတပြောပြောနှင့် ရှိနေရာက အချစ်အကြောင်းလည်း ပြောဆိုခဲ့ကြပါသေးတယ်။

မင်းသားကြီး Sung Dong Il မှလည်း Yeo Jin Goo ကို အချစ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ Yeo Jin Goo ကတော့ “ကျွန်တော့မှာ တစ်ဖက်သက်အချစ်ပဲရှိခဲ့ပါတယ်။ တစ်ခါမှတော့ ရည်းစားမထားခဲ့ဖူးပါဘူး” ဆိုပြီး ရှက်ပြုံးလေးနဲ့ ဖြေကြားခဲ့ပါတယ်။

“ကျွန်တော် လက်ထပ်မယ်အစီအစဉ်ကို သေချာ ဆုံးဖြတ်ထားတာတော့ မရှိပေမယ့် ကျွန်တော် စောစောတော့လက်ထပ်ချင်မိပါတယ်။ ပျော်ရွှင်နေတဲ့ မိသားစုတွေ မြင်တိုင်းလည်း စောစော လက်ထပ်ချင်တဲ့ အတွေးပေါက်မိပါတယ်” လို့ လက်ထပ်မယ့်အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

Yeo Jin Goo ကို 1997 ၊ ဩဂုတ်လမှာ မွေးဖွားခဲ့တာ ဖြစ်တဲ့အတွက် လက်ရှိ ၂၃ နှစ်ပဲရှိပါသေးတယ်။ Yeo Jin Goo တကယ်ပဲ စောစော လက်ထပ်ဖြစ်မလားဆိုတာကတော့ …!

(Zawgyi) ေစာေစာလက္ထပ္လိုတဲ့ ဆႏၵကိုေျပာျပလာတဲ့ Yeo Jin Goo

မင္းသားေလး Yeo Jin Goo ကေတာ့ သူေစာေစာစီးစီး လက္ထပ္လိုေၾကာင္း ဆႏၵကို ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ မၾကာေသးမီက Yeo Jin Goo ဟာ tVN ရဲပ House on Wheels အစီအစဥ္မွာ ဧည့္သည္အျဖစ္ သြားေရာက္ခဲ့တာပါ။

Yeo Jin Goo နဲ႔အတူ ဝါရင့္သ႐ုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ Sung Dong Il, Kim Hee Won နဲ႔ Kang Hyo Jin တို႔လည္း အတူတူရွိေနခဲ့ၾကပါတယ္။ စကားတေျပာေျပာႏွင့္ ရွိေနရာက အခ်စ္အေၾကာင္းလည္း ေျပာဆိုခဲ့ၾကပါေသးတယ္။

မင္းသားႀကီး Sung Dong Il မွလည္း Yeo Jin Goo ကို အခ်စ္နဲ႔ ပတ္သက္ၿပီး ေမးခြန္းထုတ္ခဲ့ပါတယ္။ Yeo Jin Goo ကေတာ့ “ကၽြန္ေတာ့မွာ တစ္ဖက္သက္အခ်စ္ပဲရွိခဲ့ပါတယ္။ တစ္ခါမွေတာ့ ရည္းစားမထားခဲ့ဖူးပါဘူး” ဆိုၿပီး ရွက္ျပဳံးေလးနဲ႔ ေျဖၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ လက္ထပ္မယ္အစီအစဥ္ကို ေသခ်ာ ဆုံးျဖတ္ထားတာေတာ့ မရွိေပမယ့္ ကၽြန္ေတာ္ ေစာေစာေတာ့လက္ထပ္ခ်င္မိပါတယ္။ ေပ်ာ္ရႊင္ေနတဲ့ မိသားစုေတြ ျမင္တိုင္းလည္း ေစာေစာ လက္ထပ္ခ်င္တဲ့ အေတြးေပါက္မိပါတယ္” လို႔ လက္ထပ္မယ့္အေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

Yeo Jin Goo ကို ၂၀၂၀၊ ဩဂုတ္လမွာ ေမြးဖြားခဲ့တာ ျဖစ္တဲ့အတြက္ လက္ရွိ ၂၃ ႏွစ္ပဲရွိပါေသးတယ္။ Yeo Jin Goo တကယ္ပဲ ေစာေစာ လက္ထပ္ျဖစ္မလားဆိုတာကေတာ့ …!

Source: SBS Star
Written: Gyi Gyi

Share