Categories: Celebrity News

The Return Of Superman အစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်တဲ့ Naeun နှင့် Gunhoo တို့မောင်နှမ

The Return of superman အစီအစဉ်ဟာ KBS မှထုတ်လွှင့်တဲ့ Reality Showများထဲမှ အောင်မြင်တဲ့ program တစ်ခုလည်း ဖြစ်ပါတယ်။ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ကလေးများကိုလည်း ပရိတ်သတ်များဆီက အချစ်တွေရထားကြပါတယ်။

ဒါ့ကြောင့်လည်း The Return of supermanမှာပါဝင်ခဲ့ဖူးတဲ့ Naeun နှင့် Gunhoo မောင်နှမနှစ်ယောက်ဟာ ပရိတ်သတ်ရဲ့ အသည်းအသက်လေးတွေလို့ ဆိုလို့ရပါမယ်။ ဇူလိုင်လ ၁၁ရက်နေ့က Naeun နှင့် Gunhoo တို့ရဲ့အဖေဖြစ်သူ ဘောလုံးသမား Park Joo-ho က သူတို့ The return of superman မှာပြန်လည် ပါဝင်နိုင်ကြောင်း အရိပ်အမြွတ် ပြောခဲ့ပါတယ်။

Park Jo-hoo ရဲ့ YouTube channel မှာတင်ခဲ့တဲ့ Q & A ဗီဒီယိုမှာ အခုလိုဖြေကြားခဲ့တာပါ။ ထိုဗီဒီီယိုထဲမှာ ပရိတ်သတ်တစ်ဦးက The Return of superman အစီအစဉ်ကို ပြန်လာဦးမှာလားလို့ မေးမြန်းခဲ့ပါတယ်။

Park Jo-hoo က “ကျွန်တော် အခုတော့ သေချာတဲ့အဖြေတစ်ခု မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ဆုပေးပွဲတစ်ခုမှာတော့ program မှာပြန်ပါဝင်မယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ ဒါကြောင့်ပရိတ်သတ်ကြီးလည်း ကိုယ့်ပါကိုယ်ပဲ တွေးကြည့်လိုက်ပါနော်” ဆိုပြီးဖြေကြားခဲ့ပါတယ်။

Naeun နဲ့ Gunhoo ကိုလွမ်းနေကြတဲ့ ပရိတ်သတ်ကြီးကတော့ ဒီသတင်းကြားပြီး ဝမ်းသာနေကြပါတယ်။ ပရိတ်သတ်ကြီးရော Park မောင်နှမကို ပြန်တွေ့ချင်နေပြီလား။ Comments မှာဆွေးနွေးနိုင်ပါတယ်။

(Zawgyi) The Return Of Superman အစီအစဥ္မွာ ျပန္လည္ပါဝင္နိုင္တဲ့ Naeun ႏွင့္ Gunhoo တို႔ေမာင္ႏွမ

The Return of superman အစီအစဥ္ဟာ KBS မွထုတ္လႊင့္တဲ့ Reality Showမ်ားထဲမွ ေအာင္ျမင္တဲ့ program တစ္ခုလည္း ျဖစ္ပါတယ္။ အစီအစဥ္မွာ ပါဝင္ခဲ့တဲ့ ကေလးမ်ားကိုလည္း ပရိတ္သတ္မ်ားဆီက အခ်စ္ေတြရထားၾကပါတယ္။

ဒါ့ေၾကာင့္လည္း The Return of supermanမွာပါဝင္ခဲ့ဖူးတဲ့ Naeun ႏွင့္ Gunhoo ေမာင္ႏွမႏွစ္ေယာက္ဟာ ပရိတ္သတ္ရဲ့ အသည္းအသက္ေလးေတြလို႔ ဆိုလို႔ရပါမယ္။ ဇူလိုင္လ ၁၁ရက္ေန႔က Naeun ႏွင့္ Gunhoo တို႔ရဲ့အေဖျဖစ္သူ ေဘာလုံးသမား Park Joo-ho က သူတို႔ The return of superman မွာျပန္လည္ ပါဝင္နိုင္ေၾကာင္း အရိပ္အႁမြတ္ ေျပာခဲ့ပါတယ္။

Park Jo-hoo ရဲ့ YouTube channel မွာတင္ခဲ့တဲ့ Q & A ဗီဒီယိုမွာ အခုလိုေျဖၾကားခဲ့တာပါ။ ထိုဗီဒီီယိုထဲမွာ ပရိတ္သတ္တစ္ဦးက The Return of superman အစီအစဥ္ကို ျပန္လာဦးမွာလားလို႔ ေမးျမန္းခဲ့ပါတယ္။

Park Jo-hoo က “ကၽြန္ေတာ္ အခုေတာ့ ေသခ်ာတဲ့အေျဖတစ္ခု မေပးနိုင္ေသးပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ဆုေပးပြဲတစ္ခုမွာေတာ့ program မွာျပန္ပါဝင္မယ္ဆိုၿပီး ေျပာခဲ့ဖူးပါတယ္။ ဒါေၾကာင့္ပရိတ္သတ္ႀကီးလည္း ကိုယ့္ပါကိုယ္ပဲ ေတြးၾကည့္လိုက္ပါေနာ္” ဆိုၿပီးေျဖၾကားခဲ့ပါတယ္။

Naeun နဲ႔ Gunhoo ကိုလြမ္းေနၾကတဲ့ ပရိတ္သတ္ႀကီးကေတာ့ ဒီသတင္းၾကားၿပီး ဝမ္းသာေနၾကပါတယ္။ ပရိတ္သတ္ႀကီးေရာ Park ေမာင္ႏွမကို ျပန္ေတြ႕ခ်င္ေနၿပီလား။ Comments မွာေဆြးေႏြးနိုင္ပါတယ္။

Source: SBS star
Written: Phoo Phoo

Share