Categories: Celebrity News

July လ ဒုတိယအပတ်အတွက် ကိုရီးယားရဲ့ ရေပန်းအစားဆုံး သရုပ်ဆောင်များ

Good Data Corporation ကနေ ကိုရီးယားအင်တာနက်သုံးစွဲသူတွေရဲ့ blogs တွေ လူမှုကွန်ယက်တွေမှာ လူထုစိတ်ဝင်စားမှုအများဆုံး လူပြောအများဆုံး သရုပ်ဆောင်တွေကို စာရင်းပြုစုလိုက်တဲ့အခါမှာတော့ July ဒုတိယပတ်အတွက် ဒီသရုပ်ဆောင်တွေဟာ အစဉ်အတိုင်းရပ်တည်နေပါတယ်။

၁။ Kim Soo Hyun


ဇာတ်လမ်းတွဲလက်ခံရိုက်ကူးမှုကို အတန်ကြာရပ်နားထားရာက လက်ရှိမှာ It’s Okay To Not Be Okay ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်အာရုံကို ဖမ်းစားနိုင်တဲ့ Kim Soo Hyun ကတော့ လက်ရှိမှာ ရေပန်းအစားဆုံး အနုပညာရှင်ဖြစ်ပါတယ်။

၂။ Seo Ye Ji


It’s Okay To Not Be Okay ရဲ့ မင်းသမီး Seo Ye Ji ရဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ အဆင့်အန်းမြင့်ဖက်ရှင်တွေဟာ အရမ်းကို လူပြောများနေတာပါ။ အရင်အပတ်က ပထမနေရာမှာရှိခဲ့ပြီး ဒီအပတ်မှာတော့ ဒုတိယနေရာပါ။

၃။ Lee Sang Yeob


တောင်ကိုရီးယားမှာ လူကြိုက်များလှတဲ့ မိသားစုဒရမ်မာဖြစ်တဲ့ Once Again ဟာလဲ ဇာတ်သိမ်းပိုင်းနီးလာတာနဲ့အမျှ ပရိတ်သတ်အားပေးမှုအရမ်းများနေသလို ထိုအထဲမှာ အခုအပတ်အတွက် ရေပန်းအစားဆုံးကတော့ Lee Sang Yeob ပဲဖြစ်ပါတယ်။

၄။ Kim Yoo Jung


ပြီးခဲ့တဲ့အပတ်မှာ rating အမြင့်ဆုံးကို ရောက်လာခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းတွဲ Backstreet Rookie ရဲ့ မင်းသမီးလေး Kim Yoo Jung ရဲ့အလှဟာ လူတိုင်းရဲ့အာရုံကိုဖမ်းစားခဲ့တာကြောင့် အရမ်းပေါ်ပြူလာဖြစ်နေပါတယ်။

၅။ Lee Min Jung


မိသားစု ဇာတ်လမ်းတွဲရှည်တွေ အရိုက်များပြီး အခုလဲ Once Again ဇာတ်လမ်းတွဲနဲ့ ကိုရီးယားပရိတ်သတ်ရဲ့ အချစ်တွေကိုခံယူနေရတဲ့ Lee Min Jung ကတော့ ဒီတစ်ပတ်အတွက် နံပါတ် ၅ နေရာမှာရပ်တည်နေပါတယ်။

၆။ Hwang Jung Eum


ပြီးခဲ့တဲ့အပတ်ကမှ စတင်ထုတ်လွှင့်ခဲ့တဲ့ Men Are Men ဇာတ်လမ်းတွဲဟာလဲ ချစ်စရာကောင်းပြီးထူးခြားတဲ့ ရယ်စရာဇာတ်လမ်းလေးကြောင့် ကြည့်ရှုနှုန်းများနေပြီး မင်းသမီး Hwang Jung Eum ကလဲ ပေါ်ပြူလာ ဖြစ်နေပါတယ်။

၇။ Ji Chang Wook


Backstreet Rookie ဇာတ်လမ်းတွဲ rating တက်လာသလို မင်းသား Ji Chang Wook ကိုလဲ ကိုရီးယားပရိတ်သတ်တွေက ချန်မထားပါဘူး။ ဒီအပတ်အတွက် SNS တွေမှာ Ji Chang Wook နာမည်ကို ရေးတဲ့အရေအတွက်က အတော်ကိုများပြီး ရေပန်းစားနေတာပါ။

၈။ Lee Sang Yi


Once Again ရဲ့ လူကြိုက်များမှုကတော့ အံ့မခန်းပါပဲ။ သရုပ်ဆောင်တွေအားလုံးကလဲ ဒီစာရင်းမှာ အပတ်စဉ်ပါဝင်နေသလို ကိုရီးယားပရိတ်သတ်ရဲ့ အချစ်တော် Lee Sang Yi ကတော့ ဒီအပတ်အတွက် နံပါတ် ၈ ဖြစ်ပါတယ်။

၉။ Song Jihyo


အမြဲတမ်းပရိတ်သတ် ပါးစပ်ဖျားရေပန်းစားနေတဲ့ Song Jihyo ကတော့ Was It Love စတင်ထုတ်လွှင့်တဲ့ အပတ်မှာတင် ဒီစာရင်းထဲကို ဝင်လာတာပါ။ ဇာတ်လမ်းကလဲ စိတ်ဝင်စားဖို့ကောင်းပြီး သူ့ရဲ့သရုပ်ဆောင်မှုကလဲ သဘာဝကျကျနဲ့ ချစ်စရာကောင်းပါတယ်။

၁၀။ Han Yeri


အရင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲနေမှာလဲ ပရိတ်သတ်အားပေးမှု ရရှိခဲ့သလို အခုပြသနေတဲ့ My Unfamiliar Family ဇာတ်လမ်းတွဲဟာလဲ ကိုရီးယားမှာ ကြည့်ရှုနှုန်းမြင့်ပြီး အောင်မြင်တာမို့ Han Yeri ဟာ ဒီစာရင်းမှာ အပတ်စဉ်ပါဝင်နေတာပါ။

Good Corporation Data ဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် စစ်တမ်းသာဖြစ်ပြီး ကိုရီးယားရဲ့အသုံးများတဲ့ SNS တွေမှာသာ စာရင်းကောက်ယူထားတာဖြစ်လို့ နိုင်ငံတကာပရိတ်သတ်နဲ့ သဘောထားချင်း မကိုက်ညီခဲ့ဘူးဆိုရင်တော့ နားလည်ပေးကြဖို့ တောင်းဆိုပါတယ်။

source: good data corporation
written: Dar Dar

Share