Categories: Celebrity News

Kim Tae Hee နဲ့ တူတဲ့ သမီးလေးရထားတဲ့ Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံ

Rain နဲ့ Kim Tae Hee တို့ရဲ့ သမီးလေးဟာ အမေတူသမီးချောလေးပါတဲ့။ ဒါကိုတော့ K-Pop လောကရဲ့ ဘုရင်မ Lee Hyo Ri က ပြောလိုက်တာပါ။ လက်ရှိမှာ Rain နဲ့ Lee Hyo Ri တို့ဟာ Yoo Jae Suk နဲ့အတူ “Hangout with Yoo” အစီအစဉ်ရိုက်ကူးနေတာကြတာပါ။

ဒီအစီစဉ်မှာ Rain က Lee Hyo Ri ကို သူ့ရဲ့ သမီးလေးပုံတွေကို ပြပြီး ထုတ်ကြွားခဲ့တာပေါ့။ ပုံတွေမြင်တာနဲ့ Lee Hyo Ri ကတော့ အံ့အားသင့်ခဲ့ရပါတော့တယ်။ သမီးလေးက အရမ်းချစ်စရာကောင်းလို့ပါတဲ့။ Lee Hyo Ri ထပ်ပြီးပြောလိုက်တာကတော့ ” နှဖူးကိုကြည့်လိုက်ပါအုံး။

Kim Tae Hee နှဖူးအတိုင်းပဲ။ သမီးလေးက Kim Tae Hee နဲ့တူလိုက်တာ” လို့ပြောခဲ့ပါတယ်။ ဒီစကားကို ကြားရတဲ့ Rain တစ်ယောက်ကတော့ ပျော်တပြုံးပြုံးပေါ့။ Rain နဲ့ Kim Tae Hee တို့ကတော့ ကြေညာရိုက်ကူးရေးတစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြပြီး ချစ်ကြိုးသွယ်ပြီးနောက် ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ လက်ထပ်ပြီး ကိုးလအကြာမှာ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

ဒုတိယသမီးလေးကိုတော့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ အမျိုးသမီးချောချောလေးနဲ့ သမီးချောချောလေးတွေကို ပိုင်ဆိုင်ထားရဲ့ Rain ကတော့ ဘယ်လောက်တောင် ပျော်နေလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ ချောမောခန့်ငြားတဲ့ အဖေ၊ လှပတဲ့ အမေနဲ့ ချစ်စရာ သမီးနှစ်ယောက်တို့ ရှိနေတဲ့ Rain တို့ မိသားစုကတော့ တကယ်ကို အားကျစရာပါပဲနော်။

Source: SBS Star
Written: Gyi Gyi

Share