Categories: Celebrity News

Kim Jong Un ကိုယ်တိုင်တက်ရောက်အားပေးခဲ့ဖူးတဲ့ တောင်ကိုရီးယား အဆိုတော်အဖွဲ့

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တစ်ယောက် မမျှော်လင့်ပဲတက်ရောက်အားပေးခဲ့ဖူးတဲ့ တောင်ကိုရီးယား မိန်းကလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ရှိခဲ့ဖူးပါတယ်။ တောင်ကိုရီးယား၏ နာမည်ကြီး Girl group တစ်ခုဖြစ်တဲ့ Red Velvet ဟာနှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးအတွက် ပြုံယမ်းမြို့ကိုသွားရောက်ပြီး ဖျော်ဖြေခဲ့ဖူးပါတယ်။

ဒါပေမဲ့ ထိုပွဲကို ထူးဆန်းစွာ Kim Jong Un နှင့် သူ၏ဇနီး ကိုယ်တိုင်တက်ရောက်ပြီး Red Velvet အဖွဲ့ကို အားပေးခဲ့ပါတယ်။ အဆိုပါပွဲမှာ Red Velvet မှသူတို့၏နာမည်ကြီးသီချင်းတွေဖြစ်တဲ့ Bad Boy နှင့် Red Flavor ကိုဖျော်ဖြေခဲ့ပါတယ်။ အဖွဲ့ဝင်ဖြစ်သူ Yeri ကတော့ “ကျွန်မတို့ထင်ထားတာထက်ပိုပြီး အားပေးမှုတွေရှိခဲ့လို့ စိတ်အေးလက်အေး နှင့်ဆက်ပြီး ဖျော်ဖြေနိုင်ခဲ့ပါတယ်”ဆိုပြီး သူရဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

Kim Jong Un ကလည်း ” လူအများကကျွန်တော့်ကို Red Velvet ကိုအားပေးဖို့လာတာလားဆိုပြီး ပြောနေကြပါတယ်။ ကျွန်တော်ရဲ့ အချိန်ဇယားတွေကိုရွေ့ခဲ့ပြီး ဒီနေ့ပွဲကို လာခဲ့တာပါ” ဆိုပြီး သူ့ရဲ့သဘောထားကို ပြောပြခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ Red Velvet ရဲ့ အကပိုင်းနှင့်သီချင်းစာသားအပိုင်းကို ပြောင်းလဲဖို့မတောင်းဆိုခဲ့ဘူးလို့လည်း သိရပါတယ်။

ဒါဟာသူတို့အနေနဲ့ တော်တော်လေးလိုက်လျောပေးထားတယ်လို့ ဆိုရမှာပါ။ များသောအားဖြင့်တော့ သီချင်းစာသားထဲမှာ အင်္ဂလိပ်လိုပါခဲ့ရင်ပဲဖြစ်စေ၊သူတို့ရဲ့ယဉ်ကျေးမှုနှင့်မကိုက်ရင်ပဲစြ်စေ ပြောင်းလဲဆိုပေးရတယ်ဆိုပြီး သတင်းထွက်ထားခဲ့တာပါ။

Red Velvet နှင့်အတူ အခြားနာမည်ကြီး တောင်ကိုရီးယား အဆိုတော်များလည်း ဖျော်ဖြေခဲ့ပါတယ်။ Girls’ Generation အဖွဲ့ဝင် Seohyun လည်းပါဝင်ခဲ့ပါတယ်။ သို့ပင်မဲ့ မြောက်ကိုရီးယားမှာ ဖျော်ဖြေဖူးတဲ့ Kpop Boy Group တော့မရှိသေးပါဘူး။

ဘာလို့လဲဆိုတော့ မြောက်ကိုရီးယားမှာက အမျိုးသားတွေ ကခုန်ပြီး၊သီချင်းဆိုတာကို အခုအချိန်အထိ လက်မခံနိုင်သေးလို့ပါတဲ့။ သူတို့အတွက်တော့ ယောကျ်ားလေးတွေ ဖျော်ဖြေတင်ဆက်တာဟာ ထူးဆန်းတယ်လို့ ခံယူထားပုံရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုမှုကိုကျေးဇူးတင်ပါတယ်နော်။ မိမိရဲ့အမြင်ကိုလည်း Comments မှာဆွေနွေးနိုင်ပါတယ်။

Source: abcnews
Written: Phoo Phoo

Share