K Celebrity တွေဟာ များသောအားဖြင့် တွေ့ဖို့အခွင့်အလမ်းများပြီး အနေနီးတဲ့ ကိုယ့်နယ်ပယ်ထဲက အနုပညာရှင်နဲ့ပဲတွဲကြတာများပါတယ်။ အခုတော့ရှားရှားပါးပါး နာမည်ကျော်မဟုတ်တဲ့သူနဲ့တွဲခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတဲ့ တောင်ကိုရီးယားအနုပညာရှင် ၄ ဦးကိုဖော်ပြပေးလိုက်ပါတယ်။
၁။ 2PM’s Ok Taecyeon
Taecyeon ရဲ့ dating သတင်းကိုတော့မကြာသေးမီကမှ အတည်ပြုခဲ့တာပါ။ သူ့ရဲ့ ချစ်သူမိန်းကလေးက အသက် ၂၉ နှစ်အရွယ်ရှိပြီး celebrity တစ်ယောက်မဟုတ်ပဲ ရိုးရိုး ရုံးအလုပ်ကိုလုပ်ကိုင်သူပါတဲ့။
သတင်းထွက်လာတုန်းကတော့ သူသာပျော်ရင်ရပါပြီဆိုပြီးထောက်ခံခဲ့တဲ့ပရိတ်သတ်ရော သဘောမကျခဲ့တဲ့ပရိတ်သတ်ရောရှိခဲ့ပြီး Taecyeon ကသူ့ရဲ့ instagram မှာ တောင်းပန်စာတင်ခဲ့ပါတယ်။
၂။ EXO’s Chen
Chen ကတော့ ဒီနှစ်အစပိုင်းမှာ တာဝန်သိတတ်တဲ့ ဖေဖေ အနေနဲ့ သတင်းခေါင်းကြီးပိုင်းနေရာတော်တော်များများကိုယူခဲ့ပါတယ်။ သူ့ရဲ့ချစ်သူနဲ့ လက်ထပ်တော့မယ့်အကြောင်းကို ကိုယ်တိုင်စာရေးပြီး ပရိတ်သတ်တွေ တလေးတစားပြောပြခဲ့ပြီး SM ကလည်းအချိန်နဲ့ တစ်ပြေးညီ အတည်ပြုပေးခဲ့ပါတယ်။
သူ့ရဲ့ ချစ်သူမိန်းကလေးကလည်း အနုပညာရှင်မဟုတ်ပါဘူး။ ဒီကိစ္စကြောင့် Chen မှာခက်ခဲတဲ့အချိန်တွေအများကြီးရှိခဲ့ပြီး EXO-L တွေကတော့ဘာပဲဖြစ်ဖြစ် Chen ဖက်ကပါပဲ။
၃။Rainbow’s Jisook နဲ့ Lee Doo Hee
Rainbow အဖွဲ့ဝင် Jisook က အောက်တိုဘာ ၂၀၁၉ မှာ Programmer ၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Lee Doo Hee နဲ့တွဲနေကြောင်းဖွင့်ဟခဲ့ပါတယ်။ ဖွင့်ဟပြီးနောက်ပိုင်းသူတို့နှစ်ယောက်ကို MBC ရဲ့ Don’t be jaelous ဆိုတဲ့အစီအစဉ်မှာတွဲတွေ့ခဲ့ရပါတယ်။
သူတို့ရဲ့ ချစ်စရာကောင်းတဲ့ realtionship လေးကိုပရိတ်သတ်တွေကသဘောကျခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့အစီအစဉ်ရှိပြီး covid ကြောင့်ချိန်ဆနေရတာလို့ပါ မကြာသေးမီကပြောကြားခဲ့ပါသေးတယ်။
၄။ Jessica Jung
Girls’ Generation အဖွဲ့မှာရှိနေတဲ့အချိန် ၂၀၁၄ ခုနှစ်ကတည်းက Jessica ကစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Tyler Kwon နဲ့ စတွဲခဲ့တာပါ။ သူတို့နှစ်ဦးက Hong Kong မှာမထင်မှတ်ပဲဆုံခဲ့ပြီး နောက်ပိုင်းမှာ Tyler Kwon က Jessica ရဲ့ Fashion Brand ဖြစ်တဲ့ Blanc & Eclare မှာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
သူတို့တွဲနေတယ်ဆိုတဲ့ သတင်းကို SM Entertainment ကငြင်းခဲ့ပြီး ပရိတ်သတ်တွေဆီကလည်း Jessica ကိုအဖွဲ့ထဲကထွက်သွားမှာ စိုးရိမ်တာကြောင့် ကောင်းမွန်တဲ့တုံ့ပြန်မှုမရခဲ့ပါဘူး။ နောက်ပိုင်း သူမ Enterrainment ကထွက်ပြီးတဲ့အချိန် ၂၀၁၆ မှသာဒီသတင်းကအတည်ဖြစ်ခဲ့တာပါ။
Source: kpopstarz
written: helra