SM Entertainment ကတော့ သူတို့အနုပညာရှင်တွေရဲ့ Fan Club များအတွက် Logo အသစ်တွေကို ထုတ်ပေးလိုက်ပါပီနော်။ အင်တာနက် အသုံးပြုသူတစ်ယောက်က SM Entertainment မှ အနုပညာရှင်တွေရဲ့ Fan Club များအတွက် Logo အသစ်ဒီဇိုင်းတွေ စာရင်းသွင်းခဲ့တာကို ရှာဖွေတွေ့ရှိခဲ့တာပါ။
ဒါ့ကြောင့် Community board တစ်ခုဖြစ်တဲ့ Nate မှာ Logo အသစ်တွေကို ဖော်ပြပေးခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ မိမိတို့ကို ကိုယ်စားပြုပေးမယ့် Logo အသစ်တွေကို သဘောတွေ့နေကြပါတယ်။ ပရိသတ်တွေရဲ့ မှတ်ချက်အချို့ကတော့ …
” Logo လေးတွေက လှလိုက်တာ”.
” ဘောလုံးအသင်းတွေရဲ့ Logo နဲ့တောင်ဆင်တယ်။”
“EXO အတွက် Logo လေးကြိုက်တယ်။”
အစရှိသဖြင့် မှတ်ချက်တွေ ပေးနေကြပါတယ်။ SM Entertainment မှ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ Fan Club နာမည်တွေကိုလည်း Logo အသစ်တွေနဲ့ အတူ ပူးတွဲဖော်ပြပေးလိုက်ပါတယ်နော်။
(1) BoA – Jumping BoA
(2) TVXQ! – Cassiopeia
(3) Super Junior – E.L.F.
(4) Girls Generation – SONE
(5) SHINee – SHINee World
(6) EXO – EXO-L
(7) Red Velvet – ReVeluv
(8) NCT – NCTzen
(9) NCT 127 – NCTzen 127
(10) NCT DREAM – NCTzen DREAM
(11)WayV – WayZenNi
Source: Allkpop
Written: Gyi Gyi