Categories: Celebrity News

Yoo Jae Suk နှင့် Rain ကိုပြသနာတစ်ခုကြောင့် ငိုပြီးတောင်းပန်ခဲ့တဲ့ Lee Hyori

Lee Hyori နှင့် Girls’ generation အဖွဲ့ဝင် Yoona တို့ဟာမကြာသေးမီက ပြသနာတစ်ခုကြောင့် ဝေဖန်တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒါကတော့ သူတို့နှစ်ယောက် ကာရာအိုကေသွားဆိုစဉ်မှာ Maskမတပ်ပဲ Live လွှင့်ခဲ့တာကြောင့်ပါ။

အခုလိုရောဂါဖြစ်နေတဲ့ကာလအတွင်းမှာ Mask မတပ်ပဲ Karaoke သွားဆိုခဲ့လို့ပဲဆိုပြီး ဝေဖန်နေကြတာပါ။ Lee Hyori ကတော့ Live လွှင့်နေစဉ်နောက်ပိုင်းမှာတော့ Mask တပ်ခဲ့ပြီး Yoona ကတော့သူမက Koraoke venue ကိုသွားတဲ့တဲ့အချိန်မှာတပ်ဆင်ခဲ့ပြီး အခန်းထဲမှရောက်မှ Mask ကိုဖြုတ်ခဲ့တာလို့ ဖြေရှင်းခဲ့ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ဆက်တိုက်ဝေဖန်ခဲ့ကြပါတယ်။ ဒါ့ကြောင့်ပဲနှစ်ယောက်စလုံးက သူတို့ရဲ့ IG acc တွေမှာ တရားဝင်တောင်းပန်စာ တင်ခဲ့ရပါတယ်။ မကြာသေးမီကထုတ်လွှင်ခဲ့တဲ့ How Do You Play? အစီအစဉ်၏ အပိုင်းသစ်မှာ Lee Hyori ဟာထိုကိစ္စနှင့် ပက်သက်ပြီး Yoo Jae Suk နှင့် Rain ကုုိပြောပြခဲ့ပါတယ်။

သူမရဲ့အပြုအမှုကိုလည်း နောင်တရနေတဲ့ပုံ ရှိပါတယ်။ ဒါကြောင့်ပဲ Yoo Jae Suk နှင့် Rainက Lee Hyori တစ်ယောက်ဒီပြသနာကို မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဟာသတွေဖောက်ပြီး ပျော်ရွှင်အောင်သာ လုပ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ Yoo Jae Suk က Lee Hyori တစ်ယောက်စိတ်ဓာတ်ကျနေတာကိုသိတော့ အရွှန်းဖောက်ပြီး နောက်တစ်ခါသတိထားဖို့ပဲ ပြောခဲ့ပါတယ်။ ထိုအချိန်မှာ Lee Hyori လည်းမထိန်းနိုင်တော့ဘဲ့ သူမရဲ့လုပ်ရပ်နှင့်ပက်သက်ပြီး Yoo Jae Suk နှင့် Rain ကိုငိုပြီးတာင်းပန်ခဲ့ပါတယ်။

Yoo Jae Suk ကလည်း သူမကို လူဆိုတာ အမှားမကင်းဘူးဆိုပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။ Lee Hyori ကသူ့ရဲ့အပြစ်ကြောင့် အခု Program ကနေ နှုတ်ထွက်ရမလားလို့ မေးလိုက်ချိန်မှာတော့ Yoo Jae Suk ရော Rain ကပါ အဲ့လိုမပြောရန် ဆူကြပါတော့တယ်။

Lee Hyori နှင့် Yoona လည်းသူတို့ရဲ့လုပ်ရပ်နှင့် ပက်သက်ပြီး တောင်းပန်လိုက်ပြီမို့ တောင်ကိုရီးယားပရိတ်သတ်တွေအနေနှင့်လည်း နားလည်ပေးသင့်ပါတယ်။ အမှားကင်းတဲ့သူဆိုတာ ရှိမှမရှိတာပဲကို။ အမှားကိုပြင်ပြီး ရှေ့ဆက်ကြဖို့ပဲ အရေးကြီးတာပါ။ ပရိတ်သတ်ကြီးရော ဒီပြသနာအပေါ် ဘယ်လိုမြင်လဲ။ Comments မှာဆွေးနွေးနိုင်ပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share