Categories: Celebrity News

သမီးငယ်လေး ‘Song’ ရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ အချစ်တွေအပြည့်နဲ့ Haha ပြောခဲ့တဲ့ဆုတောင်းစကား

Haha နဲ့ Byul တို့နှစ်ဦးသားဟာ ၂၀၁၂ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာ သားဦးလေး Dream ကိုမွေးဖွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ဒုတိယမြောက်သားလေး Soul ကိုမွေးဖွားခဲ့ပါတယ်။ သမီးလေး Song ကတတိယမြောက်ကလေးဖြစ်ပြီး ၂၀၁၉ ဇူလိုင် ၁၅ ရက်မှာမွေးဖွားခဲ့တာပါ။ ဒီနှစ် ဇူလိုင်လ ၁၅ ရက်မှာတော့ သမီးငယ်လေးရဲ့မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။

ချစ်စရာသမီးလေး Song ရဲ့ မွေးနေ့အတွက် haha ရဲ့ instagram မှာတင်ထားတဲ့ မွေးနေ့ဆုတောင်းစကားကို ဖော်ပြပေးလိုက်ပါတယ်။ “ချစ်စရာကောင်းတဲ့ အငယ်ဆုံး မင်းသမီးလေး Song ရေ Happy Birthday ပါနော်။ မွေးနေ့မှာတူတူရှိနေချင်ပေမယ့် ရိုက်ကူးရေးတွေရှိနေလို့ တူတူမရှိပေးနိုင်တာလည်း တောင်းပန်ပါတယ်။ တစ်လောကလုံး mask တွေဝတ်နေရတဲ့အချိန်မှာမွေးဖွားလာရတာကိုလည်းအားနာပြီးတော့ ကလေးသေးသေးလေးမို့ mask တပ်ဖို့မလိုပဲနဲ့ တောက်တောက်ပပပြုံးပေးတာကိုလည်းကျေးဇူးတင်ရပါတယ်။

၂၀၂၀ အားလပ်ရက်တုန်းက သမီးလေးအပြင်းဖျားတုန်းကလည်း အသည်းအသန် ညဘက်ကြီးဆေးရုံကိုပြေးခဲ့ရတဲ့ စိတ်ပင်ပန်းမှုကိုလည်းမှတ်မိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ဒီလ်ိုလှလှပပကြီးပြင်လာပေးတာကိုပဲကျေးဇူးတင်ရပါတယ်။ မပြည့်စုံတဲ့လူသားတစ်ယောက်ပေမယ့် သမီးလေးအတွက်တော့ အချစ်တွေအများကြီးပေးနိုင်တဲ့ နွေးထွေးပြီး cool ဖြစ်တဲ့အဖေတစ်ယောက်ဖြစ်အောင်ကြိုးစားသွားမှာပါ။

စာလည်းအရမ်းတော်စရာမလိုလို့ ဒီတိုင်းလှလှပပပျော်ပျော်ရွှင်ရွှင်ကြီးလာပေးပါ။ ချစ်တယ်။” ဆိုပြီးတင်ခဲ့တာပါ။ ဆုတောင်းရဲ့နောက်မှာလည်း “စာတော်တော့လည်း ကျေးဇူးတင်ရတာပေါ့” လို့ဟာသစွက်ပြီးရေးခဲ့ပါသေးတယ်။

ဒီဆုတောင်းအောက်မှာ Byul က “Happy Birthday ပါသမီးလေးရေ။ မြန်မြန်ကြီးပြင်လာပြီး မေမေ့ရဲ့ညာလက်ရုံးဖြစ်ပေးပြီး ဖေဖေ မသောက်တော့အောင်စွမ်းဆောင်ပေးပါဦး hahahaha” ဆိုပြီး ချစ်စရာ reply လေးရေးခဲ့ပါသေးတယ်။ ဒါအပြင့် သုမရဲ့ instagram story မှာလည်းသမီးလေးကိုမွေးနေ့ဆုတောင်းပေးခဲ့ပါသေးတယ်။

​နွေးထွေးတဲ့ haha တို့မိသားစုလေးကိုကြည့်ပြီး ပရိတ်သတ်တွေအားလုံးလည်းအပျော်တွေကူးစက်နေကြပြီး သူ့ရဲ့မွေးနေ့ဆုတောင်းအောက်မှာလည်း အနုပညာရှင်တွေကရော ပရိတ်သတ်တွေကပါ သမီးလေးကိုဆုတောင်းပေးခဲ့ကြပါတယ်။

source : soompi
written : helra

Share