Categories: Celebrity News

IU ရဲ့ Dreamရုပ်ရှင်ရိုက်ကွင်းကို Food Truck ပို့ပေးခဲ့တဲ့ Hotel Del Luna ပိုးစုန်းကြူးလေး Lee Do Hyun

လူချစ်လူခင်များတဲ့ IU ကိုတော့ နောက်သူငယ်ချင်းတစ်ယောက်က သူမရဲ့ရုပ်ရှင်ရိုက်ကွင်းကို Food Truck ပို့ပြီးအားပေးလိုက်ပြန်ပါပြီနော်။ ဒီတစ်ခါပို့ပေးတဲ့သူကတော့ Hotel Del Luna မှာသူမနဲ့အတူပါဝင်ခဲ့တဲ့ Lee Do Hyun ပဲဖြစ်ပါတယ်။

Lee Do Hyun က Hotel Del Luna မှာ Chung Myung အနေနဲ့ပါဝင်ခဲ့ပြီး Man Wol (IU) ရဲ့အချစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူက Man Wol နားကဘယ်တော့မှမခွာပဲ တစ်ချိန်လုံးပိုးစုန်းကြူးလေးအဖြစ်ဘေးမှာနေနေခဲ့တာပါ။

ဒီပိုးစုန်းကြူးဇာတ်ကောင်ကိုယူပြီး Food truck ရဲ့ poster မှာလည်း Lee Do Hyun တစ်ယောက် ပိုးစုန်းကြူးခန္ဓာကိုယ်နဲ့ သူ့မျက်နှာကို edit ပြီးထည့်ခဲ့တာပါ။ အနုပညာမောင်နှမကြားက ရင်းနှီးမှုကတော့အားကျစရာပါပဲ။

Dream ဇာတ်လမ်းတွဲမှာ IU နဲ့ Park Seo Joon တိုအဓီကပါဝင်လာမှာဖြစ်ပြီး ဒီမတိုင်ခင်ကလည်း Lee Joong Ki, Kim Soo Hyun စတဲ့ နာမည်ကြီးတွေက Food Truck ပိုပြီးအားပေးခဲ့ကြပါသေးတယ်။

Source: Cosmopolitan Philippines
Written: Helra

Share