Categories: Celebrity News

ဖျတ်သိမ်းထားတဲ့ MTV ပြန်တက်လာခဲ့ပြီး Eminem အတုရဲ့ ကို့ရို့ကားယား‌နိုင်မှုတွေ ထွက်ပေါ်လာ

Music ပရိတ်သတ်တွေအားလုံးကတော့ Eminem ကိုမသိတဲ့သူ မရှိသလောက်ရှားပါးလိမ့်မယ်။ Rap အဆိုတော်ကြီး Eminem ဟာ Rap ဆိုတဲ့အပိုင်းမှာ ဆရာတစ်ဆူ ဖြစ်ရုံသာမကဘဲ Music နယ်ပယ် အသိုင်းအဝိုင်းမှာလည်း အတော်လေး အရာရောက်သူတစ်ဦးပါ။ အားလုံးကလည်း သူ့ရဲ့သီချင်းထဲကအတိုင်း Rap God လို့ တင်စားခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။

2017 ခုနှစ်တုန်းကတော့ Eminem ဟာ Pink နဲ့ သီချင်းတစ်ပုဒ် လုပ်ခဲ့ပါတယ်။ ထိုသီချင်းမှာ Eminem က featuring ဝင်ဆိုပေးထားခြင်း ဖြစ်ပါတယ်။ ထို့သီချင်းရဲ့ နာမည်ကတော့ “Revenge” ပါ။ Pink ဟာ ထိုသီချင်းအတွက် MTV ကို ထိုနှစ်ထဲမှာဘဲ ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် ထိုရိုက်ကူးမှုမှာ Eminem ပါဝင်ခဲ့ခြင်း မရှိပါဘူး။ Eminem အတုလုပ်ပြီး ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာဘဲ ထို MTV ဟာတော်တော်ကို ကို့ရို့ကားယား နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း Pink ဟာ ထို MTV ကိုဖျတ်သိမ်းခဲ့ပါတယ်။ 3 နှစ်ကြာပြီးနောက်မှာတော့ ထို MTV ဟာပြန်ပေါ်လာခဲ့ပါတယ်။ ထိုသို့ပြန်ပေါ်လာတဲ့အတွက် တစ်ချို့တွေကလည်း သဘောကျနေကြသလို၊ တစ်ချို့တွေကလည်း Artist ကိုလေးစားတဲ့အနေနဲ့ မတင်သင့်ကြောင်း ပြောဆိုမှုတွေလည်း ရှိကြပါတယ်။

နောက်ထပ် ပြဿနာ တစ်ခုကတော့ Eminem ပါ။ Eminem အတုတွေမှန်း သိပေမယ့်လည်း အစစ်လို့ထင်နေသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် MTV မှာ လုံးဝ ပါဝင်ခဲ့ခြင်းမရှိပေမယ့်လည်း ဝေဖန်မှု‌လေးတွေရှိနေပါတယ်။ ဒီအတွက် Eminem ကြီးကတော့ ဘာမှမပြောသလို၊ MTV ကလွဲနေပေမယ့်လည်း သီချင်းလေးကတော့ တကယ်ကောင်းပါတယ်။ ကဲပရိတ်သတ်ကြီးလည်း တခြားသူတွေအထင်မလွဲရအောင် ထိုအကြောင်းအရာလေးကို ဝေမျှရင်း သီချင်းလေးကို ခံစားလိုက်ပါဦးနော်။

Source: HipHop24X7
Written: Titegyi

Share