Korea Business Research မှထုတ်ပြန်လိုက်တဲ့ ဇူလိုင်လရဲ့ Brand reputation ranks(အဆင့်)များကို သိရှိလိုက်ရပါတယ်။ Rankings ကိုဆုံးဖြတ်ရာမှာတော့ ယောကျာ်းလေးkpopအဖွဲ့ဝင် ၆၃ဝရဲ့ လူထုစိတ်ဝင်စားမှု၊ မီဒီယာ၊ Community awareness စတာတွေကိုကြည့်ပြီး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီ data တွေကိုတော့ ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁၈ရက်နေ့အထိ စစ်တမ်းကောက်ခဲ့တယ်လို့ ပြောာထားပါတယ်။ BTS အဖွဲ့ဝင် Jimin ကတော့ 6,104,773 brand reputation index နှင့် နံပါတ် ၁နေရာမှာ ရပ်တည်ခဲ့ပါတယ်။
EXO အဖွဲ့ဝင် Chanyeol ကတော့ 4,197,287နှင့်နံပါတ်၂ နေရာမှာရှိခဲ့ပါတယ်။ BTS အဖွဲ့ဝင် Jungkook နှင့် Vတို့ကတော့ နံပါတ် ၃ နှင့် ၄ နေရာတွင် အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။
နံပါတ် ၅ နေရာမှာတော့ EXO အဖွဲ့ဝင် Sehun က reputation index 3,776,957 နှင့်ရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ Brand Reputation စာရင်းမှာ Top 10 ထဲပါဝင်နေတဲ့ Kpop male idol တွေပဲဖြစ်ပါတယ်။
1.BTS’s Jimin
Source: Soompi
Written: Phoo Phoo