Categories: Celebrity News

နာမည်ကြီး Cosmetics brand ရဲ့ Global Ambassador ဖြစ်လာတဲ့ Lay Zhang

MAC Cosmetics ကကမ္ဘာတစ်လွှမ်းကို အလှကုန်ပစ္စည်းတွေဖြန့်ဖြူးရောင်းချနေတဲ့ နာမည်ကောင်းရထားပြီးသား Cosmetics brand တစ်ခုဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က MAC Cosmetics က Lay Zhang က်ိုသူတို့ရဲ့ Global Ambassador အဖြစ်ခန့်အပ်လိုက်ကြောင်း သူတို့ရဲ့ Instagram ကနေတစ်ဆင့်ပြောကြားခဲ့ပါတယ်။

သူတို့ရဲ့ Instagram post မှာလည်း ‘အရည်အချင်းရှိတဲ့ EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Lay Zhang ကို Global Ambassador အဖြစ်ခန့်အပ်ပြီး နောက်ပိုင်းမှာလည်းပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေဖန်တီးသွားဖို့ ရှိပါတယ်’ လို့ပြောကြားခဲ့ပါတယ်။

Lay အနေနဲ့လည်း ‘MAC နဲ့ဒီလိုတွဲဖက်လုပ်ကိုင်ရတာဂုဏ်ယူမိပြီး လူတွေအလှအပပေါ်ထားတဲ့ ကန့်သတ်ချက်အမြင်တွေကို လျော့ပါးသွားအောင်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်’ လို့ပြောကြားခဲ့ပါတယ်။

နောက်ပိုင်း Mac နဲ့အတူတူ ဘယ်လိုဓာတ်ပုံတွေဘယ်လိုလှုပ်ရှားမှုတွေ တွေ့လာရဦးမလဲဆိုတာကတော့ အခုကတည်းကရင်ခုန်နေပါပြီ။ Lay ရဲ့အောင်မြင်မှုအပေါ်လည်း EXO-L တွေနဲ့ထပ်တူထပ်မျှ ဂုဏ်ယူပါတယ်။

(Zawgyi) နာမည္ႀကီး Cosmetics brand ရဲ့ Global Ambassador ျဖစ္လာတဲ့ Lay Zhang

MAC Cosmetics ကကမၻာတစ္လႊမ္းကို အလွကုန္ပစၥည္းေတြျဖန႔္ျဖဴးေရာင္းခ်ေနတဲ့ နာမည္ေကာင္းရထားၿပီးသား Cosmetics brand တစ္ခုျဖစ္ပါတယ္။ ဇူလိုင္လ ၁၈ ရက္ေန႔က MAC Cosmetics က Lay Zhang က္ိုသူတို႔ရဲ့ Global Ambassador အျဖစ္ခန႔္အပ္လိုက္ေၾကာင္း သူတို႔ရဲ့ Instagram ကေနတစ္ဆင့္ေျပာၾကားခဲ့ပါတယ္။

သူတို႔ရဲ့ Instagram post မွာလည္း ‘အရည္အခ်င္းရွိတဲ့ EXO အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Lay Zhang ကို Global Ambassador အျဖစ္ခန႔္အပ္ၿပီး ေနာက္ပိုင္းမွာလည္းပိုမိုေကာင္းမြန္တဲ့ ဆက္ဆံေရးေတြဖန္တီးသြားဖို႔ ရွိပါတယ္’ လို႔ေျပာၾကားခဲ့ပါတယ္။

Lay အေနနဲ႔လည္း ‘MAC နဲ႔ဒီလိုတြဲဖက္လုပ္ကိုင္ရတာဂုဏ္ယူမိၿပီး လူေတြအလွအပေပၚထားတဲ့ ကန႔္သတ္ခ်က္အျမင္ေတြကို ေလ်ာ့ပါးသြားေအာင္လုပ္နိုင္မယ္လို႔ေမၽွာ္လင့္ပါတယ္’ လို႔ေျပာၾကားခဲ့ပါတယ္။

ေနာက္ပိုင္း Mac နဲ႔အတူတူ ဘယ္လိုဓာတ္ပုံေတြဘယ္လိုလႈပ္ရွားမႈေတြ ေတြ႕လာရဦးမလဲဆိုတာကေတာ့ အခုကတည္းကရင္ခုန္ေနပါၿပီ။ Lay ရဲ့ေအာင္ျမင္မႈအေပၚလည္း EXO-L ေတြနဲ႔ထပ္တူထပ္မၽွ ဂုဏ္ယူပါတယ္။

Written: Helra

Share