Categories: Celebrity News

K-Drama တွေထဲက Kim Soo Hyun နဲ့ တွဲဖက် အကျော်အမော်မင်းသမီးများ

စစ်မှုထမ်းအပြီး ဇာတ်လမ်းတွဲတွေပြန်လည်လက်ခံရိုက်ကူးတဲ့အခါမှာ It’s Okay To Not Be Okay ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရဲ့အာရုံကိုဖမ်းစားနေတဲ့ Kim Soo Hyun ကတော့ လက်ရှိတွဲဖက်မင်းသမီးဖြစ်တဲ့ Seo Ye Ji နဲ့လဲ အတော်လေး လိုက်ဖက်တယ်လို့ သတ်မှတ်ခံနေရပါတယ်။

Kim Soo Hyun တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတွေထဲကမှ ဘယ်သူနဲ့အလိုက်ဖက်ဆုံးလဲဆိုတာတော့ ပရိတ်သတ်တွေက ရွေးချယ်ပေးသွားကြပါဦးနော်။

Suzy (Dream High)


Kim Soo Hyun ရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်မှု အစပျိုးရာဖြစ်တဲ့ Dream High 1 ဇာတ်လမ်းတွဲမှာတော့ Suzy နဲ့တွဲဖက်သရုပ်ဆောင်ခဲ့ရတာပါ။ အေးချမ်းတဲ့မျက်နှာလေးနဲ့ နှစ်လိုဖွယ်ချောမောတဲ့ Kim Soo Hyun နဲ့ အလှဘုရင်မလေး Suzy တို့ကတော့ ကျောင်းသားဝတ်စုံလေးတွေနဲ့ တကယ်ကိုချစ်စရာကောင်းတဲ့ အတွဲအဖက်ဖြစ်ခဲ့ပါတယ်။

IU (The Producers)


Dream High စီးရီးမှာကတည်းက ရင်းနှီးလာခဲ့တဲ့ သူငယ်ချင်း IU နဲ့တွဲဖက် သရုပ်ဆောင်ရတာမို့ chemistry မိချက်ကတော့ ပြောနေစရာတောင်မလိုပါဘူး။ ဘုဆတ်ဆတ် idol မလေးနဲ့ အနေတည်တဲ့ producer ကိုလူချောလေးတို့ဟာ ဇာတ်ကောင်အရအတော်လေး လိုက်ဖက်မှုရှိပါတယ်။

Jun Ji Hyun (My Love From Another Star)


ချောင်းဆုန်းရီနဲ့ ဒိုမင်ဂျွန်းကတော့ K-Drama ချစ်သူတွေအတွက် မမေ့နိုင်တဲ့စုံတွဲလေးပါပဲ။ တခြားကမ္ဘာကလာတဲ့ ဂြိုဟ်သားလေးနဲ့ ရှပ်ပြာမင်းသမီးလေးတို့ရဲ့ ဇာတ်လမ်းကိုလဲ ပရိတ်သတ်သဘောတွေ့ခဲ့ကြသလို မင်းသားနဲ့မင်းသမီးရဲ့လိုက်ဖက်မှုကြောင့်လဲ အခုချိန်ထိ တသသဖြစ်နေရတဲ့ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပါ။

Seo Ye Ji (It’s Okay To Not Be Okay)


လတ်တလော နိုင်ငံတကာကပရိတ်သတ်တွေကြားမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ It’s Okay To Not Be Okay ထဲက တွဲဖက်မင်းသမီး Seo Ye Ji နဲ့လဲ အပေးအယူမျှမျှသရုပ်ဆောင်နိုင်သလို နှစ်ဖက်လုံးရဲ့ ချောမောမှုကြောင့်လဲ တော်တော်လိုက်ဖက်တဲ့ အတွဲအစပ်လို့ဆိုရမှာပါ။

Cele Bar ပရိတ်သတ်တွေရော Kim Soo Hyun ရဲ့တွဲဖက်မင်းသမီးချောများစွာထဲက ဘယ်သူ့ကို သဘောအကျဆုံးလဲဆိုတာ ပြောပြပေးသွားပါဦးနော်။

Source: Metro-style
Written: Dar Dar

Share