Categories: Celebrity News

YG Entertainment’s Boy Groups တွေရဲ့ Leader များမှာရှိတတ်တဲ့ တူညီတဲ့အချက်

Kpop groups တွေအားလုံးရဲ့ Leaders တယောက်ချင်းစီမှာ ကိုယ်ပိုင်အရည်အချင်းတွေနှင့် ထူးခြားတဲ့နောင်ကြောင်းရာဇဝင်တွေ ရှိတတ်ကြပါတယ်။ YG entertainment မှ groupsတွေရဲ့ Leaders တွေမှာထိုကဲ့သို့ Unique ဖြစ်တဲ့အချက်တစ်ခု ပိုင်ဆိုင်ထားပါတယ်။

အဲ့အချက်ကလည်း YG entertainment ရဲ့ Leaders တိုင်းမှာရှိနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ သူတို့တွေအားလုံးဟာ ပရိတ်သတ်ရှေ့မှာ Officially debut မလုပ်ခင်ကပင် လူထုကသိနေကြတာပဲ ဖြစ်ပါတယ်။

1.G-Dragon (BIGBANG)

G-Dragon ဟာအသက် ၆နှစ်အရွယ်လောက်တည်းက TV ထဲမှာပါခဲ့ဖူးပါတယ်။ အဲ့အချိန်တုန်းက GD ဟာ Little Roo’Ra ဆိုတဲ့အဖွဲ့ဝင်ဖြစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲအဲ့အဖွဲလည်း ဖျက်သိမ်းခဲ့ပါတယ်။ ထိုအချိန်ထဲက G-Dragon ပေါက်စလေးကို လူထုကသတိထားမိကြတာပဲ ဖြစ်ပါတယ်။

2.Seungyoon (WINNER)

Seungyoon လည်း WINNER အဖွဲ့အဖြစ် Official debut မလုပ်ခင်ကတည်းက ပရိတ်သတ်ကြားမှာ နာမည်ကြီးခဲ့ပါတယ်။ Superstar K2 မှာပါဝင်ခဲ့ပြီး အဲ့အချိန်တုန်းက သူဟာ ၁၆နှစ်သာရှိပါသေးတယ်။ သူရဲ့ထူးခြားတဲ့ talents ကြောင့်သာမက ကောင်းလွန်းတဲ့ Vocal ကြောင့်လည်း ပရိတ်သတ်များ၏ အသိအမှတ်ပြုတာကို ခံခဲ့ရပါတယ်။

3.B.I (Former Member of iKON)

B.I ဟာ ၁၃နှစ်သားအရွယ်တုန်းက MC Mongရဲ့ “Indian Boy” သီချင်းမှာ Featuring လုပ်ပေးခဲ့ဖူးပါတယ်။ Songရဲ့ Promotion အတွက်လည်း B.I ဟာအဓိက ပါဝင်အားဖြည့်ခဲ့ဖူးပါတယ်။ ဒါ့ကြောင်ပရိတ်သတ်တွေက အဲ့ကတည်းက B.I ပိစိလေးကို သိခဲ့ကြတာပါ။

4.Hyunsuk & Jihoon(TREASURE)

Hyunsuk အသက် ၁၈နှစ်အရွယ်တုန်းက MIXNINE ဆိုတဲ့ survival show ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ Debut လုပ်မယ့် Team ထဲကိုလည်း ပါဝင်နိုင်ခဲ့သော်လည်း အဆိုပါ group မှာပျက်ခဲ့ရပါတယ်။ Jihoon ကလည်း Stray Kids ရဲ့ အပိုင်းတစ်ခုမှာ ခဏတာ ပါခဲ့ဖူးပါတယ်။ ထိုအချိန်တုန်းက Jihoon ရဲ့အသက်ဟာ 17 နှစ်သာရှိပါသေးတယ်။

YG entertainment ၏ Boy Groups တွေရဲ့ Leaders တွေမှာရှိတဲ့ တူညီတဲ့အချက်ဟာ debut မလုပ်ခင်ကတည်းက လူထုနှင့်ရင်းနှီးပြီးသာ ဖြစ်နေကြတာပါ။ ဒီအချက်ဟာဆိုရင် အားသာချက်တစ်ခုလို့ ပြောရမယ်ထင်ပါတယ်။

ပရိတ်သတ်တွေနှင့် ရင်းနှီးပြီးသာသူတစ်ယောက်က အနုပညာရှင်တစ်ယောက်ဖြစ်လာတော့ ပိုပြီးအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ YG entertainment ရဲ့ Leaders တွေကတော့ အရည်အချင်းလည်းရှိသလို၊ Leadership လည်းကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ထဲမှာလည်း ပါပါတယ်။

Source: Koreaboo
Written: Phoo Phoo

Share