Categories: Celebrity News

1997 ခုနှစ်ကို kpop ရဲ့ရွှေနှစ်လို့ ခေါ်ရခြင်းရဲ့ အဖိုးတန်အကြောင်းအရင်းလေးများ

Kpop နဲ့ရင်းနှီးကျွမ်းဝင်နေသူဆိုရင်တော့ ၁၉၉၇ ခုနှစ်ဟာ kpop လောကထွန်းတောက်လာဖို့ အများကြီးအထောက်အကူပြုခဲ့တဲ့နှစ်ဆိုတာ အားလုံးသိကြမှာပါ။ ဘာလို့လဲဆိုတော့ kpop လောကရဲ့ အဖိုးတန်ရတနာလေးတွေအများစုက ဒီနှစ်မှာမွေးဖွားခဲ့လို့ပါပဲ။

၁။ BTS အဖွဲ့ရဲ့ အစ်ကိုတွေရော ပရိတ်သတ်တွေပါ ဝိုင်းချစ်ရတဲ့ Golden Maknae လေး Jungkook ရဲ့မွေးနှစ်ကတော့ 1997 ပါ။ အငယ်ဆုံးပေမယ့် အဆိုလားအကလား ဘာမဆို အရည်အချင်းပြည့်ဝတဲ့ idol တစ်ဦးပါ။

၂။ GOT7 အဖွဲ့ရဲ့ အငယ်နှစ်ယောက် Bam Bam နဲ့ Yugyeom ကလဲ 1997 ခုနှစ်ဖွားပါ။ အဖွဲ့ရဲ့ အကပိုင်းမှာတာဝန်ယူထား သူတွေဖြစ်သလို စလိုက်နောက်လိုက်နဲ့ အဖွဲ့ကိုအမြဲတက်ကြွနေအောင် ဖန်တီးပေးတဲ့နှစ်ယောက်ပါ။

၃။ အဆိုနဲ့အကမှာ သူမတူအောင်ထူးချွန်တဲ့ BLACKPINK ရဲ့ Rosè နဲ့ Lisa ကလဲ 1997 ခုနှစ်ရဲ့ ရတနာလေးတွေပါပဲ။ အဖွဲ့ရဲ့ အငယ်လေးတွေပီပီ ချစ်စရာအပြုအမူလေးတွေနဲ့ အားလုံးရဲ့နှလုံးသားကို ခြွေယူသူလေးတွေပါပဲ။

၄။ Kpop ရဲ့ဒီ generation အတွက် အားထားရတဲ့ visual တစ်ဦးဖြစ်တဲ့ Astro အဖွဲ့ဝင် မင်းသားချောလေး Cha Eunwoo ကလဲ kpop လောကအတွက်ပေးခဲ့တဲ့ 1997 ခုနှစ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးပါပဲ။

၅။ (G)I-DLE အဖွဲ့ရဲ့ visual ပိုင်းမှာရော vocal ပိုင်းမှာရော အားသာတဲ့ Miyeon နဲ့ဘယ်နေရာမှာမဆို ထူးချွန်တဲ့ Minnie ကိုလဲ 1997 ခုနှစ်မှာသာမွေးဖွားခဲ့တာမို့ 97 liner တွေကိုက အဆင်းရောအချင်းပါပြည့်စုံသူတွေလားလို့တောင် စဉ်းစားမိပါရဲ့။

၆။ Twice အဖွဲ့ရဲ့ leader တဖြစ်လဲ kpop လောကရဲ့စံပြခေါင်းဆောင်ကြီး Jihyo နဲ့ အရည်အချင်းတွေပြည့်ဝနေတဲ့ အလှပဂေး Mina ကလဲ 1997 ခုနှစ်မှာ kpop လောကကိုထွန်းတောက်စေဖို့ ကမ္ဘာမြေပေါ်ရောက်ရှိလာခဲ့ကြတာပါ။

၇။ Gfriend အတွက်ရော Kpop လောကအတွက်ရော အားထားရတဲ့ vocalist နှစ်ယောက်ဖြစ်တဲ့ နတ်သမီးအသံပိုင်ရှင်လေး Yuju နဲ့ Eunha တို့ကလဲ kpop ရဲ့အကောင်းဆုံးနှစ်ဟာ ၁၉၉၇ ခုနှစ်လို့ ပြောရတဲ့ အကြောင်းအရင်းတွေထဲမှာ အပါအဝင်ပါ။

၈။ အရည်အချင်းရော visual တွေရော ပရိတ်သတ်အချစ်ခံရတဲ့နေရာမှာလဲ ရှေ့ပြေးတဲ့ iKON မှာလဲ စွမ်းရည်ပြည့်ဝပြီးချောမောတဲ့ 97 liner နှစ်ယောက်တောင်ပါတာပါ။ သူတို့ကတော့ DK (Donghyuk) နဲ့ Ju-ne (Junhoe) ပါပဲ။

၉။ အဆင်းရောအချင်းပါ ပြည့်စုံတဲ့ 97 liner တွေအကြောင်းပြောရင် Seventeen ရဲ့ DK, Mingyu, The8 တို့ကိုလဲ ချန်ထားလို့တော့ဘယ်ဖြစ်ပါ့မလဲ။ ကိုယ့်အဖွဲ့အတွက်ရော industry တစ်ခုလုံးအတွက်ရော ဘက်စုံထောင့်စုံကနေ အကျိုးပြုသူတွေပါ။

၁၀။ NCT ရဲ့ 97 liner နှစ်ယောက်ဖြစ်တဲ့ Jaehyun နဲ့ WinWin ကတော့ နှစ်ယောက်လုံး မြင်သူတကာငေးရလောက်အောင်ချောမောတဲ့ visual တွေ ဖြစ်တဲ့အပြင် အသံချိုချိုလေးတွေနဲ့ အဆိုစွမ်းရည်လဲ အရမ်းကောင်းသူတွေပါ။

အခြားသော 97 liner လေးတွေလဲ အများကြီးရှိသေးပေမယ့် ပရိတ်သတ်အားပေးမှုအများဆုံးသူတို့လေးတွေကတော့ 1997 ​ကို kpop ရဲ့အဖိုးတန်နှစ်လို့ ခေါ်ရတဲ့အကြောင်းအရင်းလေးတွေပါပဲ။ ပရိတ်သတ်တွေရော ဘယ် 97 liner လေးကို အချစ်ဆုံးလဲဆိုတာ ပြောပြပေးသွားပါဦးနော်။

Written: Dar Dar

Share