အနုပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုရင်တော့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေက နေရာတကာမှာရှိနေပြီး ခြေလှမ်းလေးတစ်ချက်မှား စကားလေးတစ်ခွန်းမှားတာနဲ့ ဝေဖန်ထိုးနှက်ဖို့စောင့်နေသူတွေက အများကြီးပါ။ အထူးသဖြင့် ဒီကိုရီးယားမင်းသမီးတွေကတော့ အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ ဝေဖန်ခံခဲ့ရတာပါ။
Han So Hee
The World Of The Morried နဲ့ တစ်ဟုန်ထိုးအောင်မြင်လာအပြီးမှာ Han So Hee ဟာ သူ့ရဲ့အရင်တုန်းက တက်တူးနဲ့ပုံတွေ၊ ဆေးလိပ်သောက်နေတဲ့ပုံတွေကို ပြန်လှန်ပြီး ဝေဖန်တာကိုခံခဲ့ရပါတယ်။
သူ့ကိုယ်ပေါ်မှာသူတက်တူးထိုးတာ၊ ဆေးလိပ်သောက်တာဟာ ဒီဘက်ခေတ်ကြီးမှာ ဘယ်သူ့ကိုမှထိခိုက်နေတာမဟုတ်သလို ကိုယ်ကျင့်တရားပျက်ပြားတာလဲ မဟုတ်လို့ ဒါကိုအားနည်းချက်ကြီးတစ်ခုလို ထောက်ပြတာကတော့ အတော်လေး အဓိပ္ပာယ်မရှိတာပါ။
Kang Dong Won
သရုပ်ဆောင်တော်တာအပြင် သူ့ရဲ့ချောမောသန့်ပြန့်တဲ့ရုပ်ရည်ကြောင့် ပရိတ်သတ်အားပေးမှုကို အခိုင်အမာရခဲ့တဲ့ Kang Dong Won ကတော့ မကြာသေးမီကမှ သူ့ရဲ့ရုပ်ရည်ကြောင့်ပဲ ဝေဖန်ခံခဲ့ရပါတယ်။
အကြောင်းကတော့ Peninsula ရုပ်ရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ဖက်ရှင်က ဦးလေးကြီးနဲ့တူတယ် မျက်နှာကလဲအရင်လိုမချောဘူးဆိုပြီး အပြစ်တင်ခဲ့ကြတာပါ။ အသက်အရွယ်ရလာပြီဖြစ်တဲ့ မင်းသားကို အရင်လိုကြည့်မကောင်းတော့ဘူးဆိုပြီး အပြစ်တင်တာကတော့ အတော်လေးနားမလည်စရာလုပ်ရပ်ပါ။
Jang Geun Suk
သရုပ်ဆောင်လဲကောင်း အဆိုလဲတော် ရုပ်ရည်ကလဲအပြစ်ပြောစရာမရှိပဲ အဘက်ဘက်ကပြည့်စုံနေတဲ့ Jang Geun Suk လဲ ဝေဖန်သူတွေရဲ့ ပါးစပ်က မလွတ်ခဲ့ပါဘူး။ သူဝေဖန်ခံခဲ့ရတဲ့အကြောင်းကတော့ ဝိတ်တက်လာလို့ပါတဲ့။
မင်းသားလဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုမရှိတဲ့အချိန်မှာ ကိုယ်အလေးချိန်အပြောင်းအလဲရှိတာအထိ ဝင်စွက်ဖက်တာကတော့ မနှစ်မြို့စရာပါပဲ။
Gong Hyo Jin
မင်းသမီး Gong Hyo Jin ကလဲ အကြောင်းအမျိုးမျိုးနဲ့ ဝေဖန်တိုက်ခိုက်မှုခံရသူတစ်ဦးပါ။ အဲ့ဒီထဲမှာမှ အဓိပ္ပာယ်မရှိဆုံးနဲ့ ကြောင်တောင်တောင်အနိုင်ဆုံးကတော့ When The Camelia Blooms ဇာတ်လမ်းတွဲရိုက်ကွင်းမှာ မင်းသား Kang Ha Neul နဲ့အတူ ရိုက်ခဲ့တဲ့ဓာတ်ပုံကိုတင်ခဲ့တဲ့အခါ ‘ချောမောတဲ့ Kang Ha Neul နဲ့ ရုပ်ဆိုးတဲ့ Gong Hyo Jin’ ဆိုတဲ့ comment ကို ရရှိခဲ့တာပါ။
Lee Ro Eun
The World Of The Married ဇာတ်လမ်းတွဲထဲမှာ ယောဒါဂယောင်းနဲ့ လီထယ်အိုတို့ရဲ့ သမီးအဖြစ်သရုပ်ဆောင်တဲ့ ကလေးလေး Lee Ro Eun ကိုလဲ ဇာတ်လမ်းထဲအ အသက်အရွယ်နဲ့မလိုက်လို့ ပြောဆိုခဲ့ကြပါသေးတယ်။
အချို့ကတော့ နှစ်နှစ်အရွယ်ကလေးနေရာနဲ့ မလိုက်ဖက်တဲ့ကလေးငယ်လေးကို ရွေးချယ်ခဲ့တဲ့ရိုက်ကူးရေးအဖွဲ့ကိုသာ အပြစ်တင်ခဲ့ပေမယ့် အချို့ကတော့ မဆီမဆိုင် ဘာမှနားမလည်သေးတဲ့ ကလေးငယ်လေးကိုပါ ဝေဖန်ခဲ့ကြတာပါ။
Source: Koreaboo
Written: Dar Dar