Categories: Celebrity News

မကြာခင်ထွက်ရှိလာမယ်လို့မျှော်လင့်ရတဲ့ YG Entertainment ရဲ့တရုတ်မိန်းကလေးတွေနဲ့ အဖွဲ့သစ်

၂၀၂၀ နှစ်ဆန်းတုန်းက YG Entertainment က တရုတ်မိန်းကလေးအဖွဲ့ကို debut ပေးဖို့ရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပက်သတ်ပြီး ဒီကြားထဲမှာဘာမှမကြားရပဲ မကြာသေးခင်ကမှ အေဂျင်စီရဲ့ တရုတ်ရုံးခွဲဖြစ်တဲ့ Shining Entertainment က အဖွဲ့ရဲ့ member ၂ ဦးကိုသူတို့ရဲ့ weibo စာမျက်နှာကနေတစ်ဆင့် မိတ်ဆက်ခဲ့ပါတယ်။

သူမတို့နှစ်ဦးကတော့ ၂၀၀၀ ခုနှစ်ဖွား Vicky Wei (Wei Chen) နဲ့ ၁၉၉၉ ခုနှစ်ဖွား Jang Wang (Wang Siyu) တို့နှစ်ဦးပဲဖြစ်ပါတယ်။ နှစ်ဦးစလုံး တရုတ်ရဲ့အောင်မြင်တဲ့ survival show တစ်ခုဖြစ်တဲ့ Youth With You မှာပါဝင်ယှဉ်ပြိုင်ဖူးတဲ့အတွက်ပရိတ်သတ်တွေနဲ့တော့ မစိမ်းပါဘူး။

ဒါဟာ YG ရဲ့စတုတ္ထမြောက်မိန်းကလေးအဖွဲ့ဖြစ်ပြီး နိုင်ငံခြားအခြေစိုက်ကတော့ပထမဆုံးပါ။ JYP ကလည်းမကြာသေးမီက NiziU ဆိုတဲ့ဂျပန်မိန်းကလေးအဖွဲ့ထွက်ထားပြီး နိုင်ငံတကာမှာလည်း အောင်မြင်မှုတွေရခဲ့ပါတယ်။

YG အနေနဲ့လည်း ဒီအဖွဲ့အတွက်ထောက်ပံ့မှုတွေကောင်းကောင်းလုပ်ပေးနိုင်ပါ့မလားဆိုတာလည်း ပရိတ်သတ်တွေကြားမှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ဘာပဖြစ်ဖြစ် YG လက်အောက်ကမို့ အခြားအဖွဲ့တွေနဲ့မတူတဲ့ concept နဲ့ထွက်ရှိလာမှာဖြစ်လို့စောင့်ကြည့်ရမယ့်အဖွဲ့တစ်ဖွဲ့ပါ။

Yg Entertainment Building

(Zawgyi) မၾကာခင္ထြက္ရွိလာမယ္လို႔ေမၽွာ္လင့္ရတဲ့ YG Entertainment ရဲ့တ႐ုတ္မိန္းကေလးေတြနဲ႔ အဖြဲ႕သစ္

၂၀၂၀ ႏွစ္ဆန္းတုန္းက YG Entertainment က တ႐ုတ္မိန္းကေလးအဖြဲ႕ကို debut ေပးဖို႔ရွိတယ္လို႔ထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းနဲ႔ပက္သတ္ၿပီး ဒီၾကားထဲမွာဘာမွမၾကားရပဲ မၾကာေသးခင္ကမွ ေအဂ်င္စီရဲ့ တ႐ုတ္႐ုံးခြဲျဖစ္တဲ့ Shining Entertainment က အဖြဲ႕ရဲ့ member ၂ ဦးကိုသူတို႔ရဲ့ weibo စာမ်က္ႏွာကေနတစ္ဆင့္ မိတ္ဆက္ခဲ့ပါတယ္။

သူမတို႔ႏွစ္ဦးကေတာ့ ၂၀၀၀ ခုႏွစ္ဖြား Vicky Wei (Wei Chen) နဲ႔ ၁၉၉၉ ခုႏွစ္ဖြား Jang Wang (Wang Siyu) တို႔ႏွစ္ဦးပဲျဖစ္ပါတယ္။ ႏွစ္ဦးစလုံး တ႐ုတ္ရဲ့ေအာင္ျမင္တဲ့ survival show တစ္ခုျဖစ္တဲ့ Youth With You မွာပါဝင္ယွဥ္ၿပိဳင္ဖူးတဲ့အတြက္ပရိတ္သတ္ေတြနဲ႔ေတာ့ မစိမ္းပါဘူး။

ဒါဟာ YG ရဲ့စတုတၳေျမာက္မိန္းကေလးအဖြဲ႕ျဖစ္ၿပီး နိုင္ငံျခားအေျခစိုက္ကေတာ့ပထမဆုံးပါ။ JYP ကလည္းမၾကာေသးမီက NiziU ဆိုတဲ့ဂ်ပန္မိန္းကေလးအဖြဲ႕ထြက္ထားၿပီး နိုင္ငံတကာမွာလည္း ေအာင္ျမင္မႈေတြရခဲ့ပါတယ္။

YG အေနနဲ႔လည္း ဒီအဖြဲ႕အတြက္ေထာက္ပံ့မႈေတြေကာင္းေကာင္းလုပ္ေပးနိုင္ပါ့မလားဆိုတာလည္း ပရိတ္သတ္ေတြၾကားမွာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။ ဘာပျဖစ္ျဖစ္ YG လက္ေအာက္ကမို႔ အျခားအဖြဲ႕ေတြနဲ႔မတူတဲ့ concept နဲ႔ထြက္ရွိလာမွာျဖစ္လို႔ေစာင့္ၾကည့္ရမယ့္အဖြဲ႕တစ္ဖြဲ႕ပါ။

Source: allkpop
Written: helra

Share