Categories: Celebrity News

ကိုရီးယားပြည်သူတွေ ရွေးချယ်ပေးတဲ့ kpop ရဲ့ အကောင်းဆုံး female dancer (၃) ဦး

Kpop idol တွေအားလုံးကတော့ နှစ်ပေါင်းများစွာ ခက်ခဲတဲ့ training တွေကို ဖြတ်ကျော်ခဲ့ပြီး အဆိုအကမှာ ပြစ်ချက်မရှိလောက်အောင် ပြီးပြည့်စုံပြီဆိုမှ စင်ပေါ်ကိုထွက်ပေါ်လာသူတွေပါ။ အဲ့ဒီထဲကမှ main dancer အဖြစ် ရွေးချယ်ခံရသူတွေကလဲ အကနဲ့ပတ်သတ်ရင် ပါရမီထူးသူတွေပါပဲ။ ကိုရီးယားအင်တာနက်သုံးစွဲသူတွေရဲ့ ရွေးချယ်မှုမှာတော့ ဒီ (၃) ယောက်က ထိပ်ဆုံးမှာရပ်တည်နေပါတယ်။

၃။ Seulgi (Red Velvet)


အဖွဲ့ရဲ့ main dancer ဖြစ်တာကြောင့် ခက်ခဲတဲ့ကကွက်တွေ dance break တွေကို အဓိကတာဝန်ယူရသူဖြစ်ပြီး ပွဲဦးမထွက်ခင် rookie ဘဝတည်းက အကစွမ်းရည်ကြောင့် နာမည်ကြီးသူပါ။ Be Natural သီချင်းရဲ့ ကကွက်တွေက အရမ်းနာမည်ကြီးပြီး သူ့ကိုတော့ Knetz တွေက top 3 ထဲမှာ တတိယနေရာအဖြစ် ရွေးချယ်ထားပါတယ်။

၂။ Chaeyeon (IZ*ONE)


Produce 48 ပြိုင်ပွဲကနေ IZ*ONE ရဲ့ main dancer အဖြစ်ပွဲဦးထွက်ခွင့်ရခဲ့ပြီး JYP မှာလဲ လေ့ကျင့်ခဲ့သူမို့ စီနီယာတွေကြားမှာတောင် Knetz တွေရဲ့ မျက်စိကျခံရပြီး ဒုတိယအဖြစ် ရွေးချယ်ခဲ့ပါတယ်။ မိန်းကလေးဖြစ်ပေမယ့် girl group သီချင်းတွေသာမက boy group တွေရဲ့ choreography အကြမ်းစားတွေကိုလဲ ကျွမ်းကျင်ပိုင်နိုင်တဲ့ skilled dancer တစ်ဦးပါ။

၁​။ Lisa (BLACKPINK)


Knetz တွေအကောင်းဆုံးလို့ ထင်မြင်တဲ့ female dancer ကတော့ Lisa ပါတဲ့။ ဖျော်ဖြေပွဲတွေရဲ့ solo stage မှာရော dance video တွေမှာရော ရေကုန်ရေခမ်း အင်အားအပြည့်နဲ့ ကတတ်သလို ဘယ်ျလာက်ခက်ခဲရှုပ်ထွေးတဲ့ ကကွက်ဖြစ်ဖြစ် တစ်ခေါက်ကြည့်လိုက်ရုံနဲ့ မှတ်မိတဲ့ပါရမီရှင်မို့ အားလုံးလဲ Knetz တွေရဲ့ ရွေးချယ်မှုကို သဘောတူကြမယ်လို့ထင်ပါတယ်။ သူတို့ကိုတော့ kpop လောကရဲ့ အကောင်းဆုံးယောက်ျားလေး main dancer တွေအဖြစ် ကိုရီးယားအင်တာနက်သုံးစွဲသူတွေက ရွေးချယ်ထားတာဖြစ်ပြီး kpopstarz သတင်းဌာနကဖော်ပြထားတာကြောင့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘောထားနဲ့ မတိုက်ဆိုင်ခဲ့ရင်တော့ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။

Source: Kpopstarz
Written: Dar Dar

Share