Categories: Celebrity News

စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ SHINee အဖွဲ့ဝင် Onew ရဲ့နှုတ်ဆက်စကား

ဇူလိုင်လ ၂ဝရက်နေ့မှာ SHINee အဖွဲ့ဝင် Onew ဟာ စစ်မှုထမ်းတဲ့တာဝန် ပြီးဆုံးခဲ့ပါပြီ။ စစ်ထဲကထွက်လာတဲ့ Onew ကတော့ သူချစ်တဲ့ပရိတ်သတ်တွေကို အသံဖိုင်နှင့် လက်ရေးစာကိုအတူ SHINee Official website မှာတင်ပြီး နှုတ်ဆက်လိုက်ပါတယ်။

Voice message ထဲမှာတော့ Onew ကပရိတ်သတ်တွေကို နှုတ်ဆက်ပြီး၊ သူ့ကိုအခုအချိန်အထိ အားပေးပြီးစောင့်နေကြတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ ” Hello, အခုပြောနေတာ Onew ပါ။ ကျွန်တော် ဇူလိုင်လ၂ဝရက်နေ့တွင် စစ်မှုထမ်းတာဝန် ပြီးဆုံးသွားခဲ့ပါပြီ။

အာလုံးကိုလည်း လူချင်းတွေ့ပြီး နှုတ်ဆက်ချင်ပါသေးတယ်။ ကျွန်တော်စစ်ထဲမှာ ရှိနေစဉ်အတွင်းမှာ အားပေးခဲ့ကြတဲ့ပရိတ်သတ်ကြီးအတွက်လည်း မကြာခင်မှာ ပြောင်မြောက်တဲ့ အနုပညာတွေနဲ့ ကျေးဇူးဆပ်ပါမယ်။ ခဏလေးပဲ စောင့်ပေးပါနော်။”

သူ့ရဲ့လက်ရေးစာထဲမှာတော့ ” SHINee World လေးတွေ အကုန်လုံး နေကောင်းကြလား။ ကျွန်တော်က SHINee အဖွဲ့ရဲ့ ခေါင်းဆောင် Onew ပါ။ အခုလိုအချိန်အကြာကြီး စောင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ပရိတ်သတ်ရဲ့ အချစ်တော်လေး Onew လည်း တာဝန်ပြီးဆုံးသွားပြီမို့ ပရိတ်သတ်တွေလည်း ဝမ်းသာနေလိမ့်မယ်လို့ ထင်ပါတယ်။ SHINee အဖွဲ့ဝင်တွေအနေနဲ့လည်း နောက်ထပ်ထူးခြားတဲ့ Comeback တွေနှင့် ပြန်လာနိုင်တာမို့ အားလုံးပဲ စောင့်မျှော်အားပေးကြပါဦးနော်။

Source: Allkpop
Written: Phoo Phoo

Share