Categories: Celebrity News

မိခင်ရဲ့ အကြွေးကိစ္စနဲ့ပက်သတ်ပြီးနစ်နာသူတွေက်ုတောင်းပန်ခဲ့တဲ့ Han So Hee

The World of the Married ထဲက ဒုတိယမင်းသမီးလေး Han So Hee လတ်တလောရင်ဆိုင်နေရတဲ့ ပြဿနာကိုအားလုံးပဲသိကြမှာပါ။ ဖြစ်စဉ်က Han Seo Hee မိခင်က အတိတ်တုန်းက ပိုက်ဆံတွေလိမ်ခဲ့ဖူးပြီး အချို့ကိစ္စတွေမှာ သမီးဖြစ်သူ Han Seo Hee နာမည်ကိုပါအသုံးပြုခဲ့ဖူးပါတယ်တဲ့။

ဒီကိစ္စနဲ့ပက်သတ်ပြီး Han So Hee ကသူမရဲ့ blog မှာတောင်းပန်စာရေးသားခဲ့ပြီး ရှင်းလင်းဖို့ကျန်နေတဲ့ကိစ္စတွေက်ိုပါတစ်ခါတည်းရှင်းလင်းပြခဲ့ပါတယ်။ စာထဲမှာ ဒီကိစ္စနဲ့ပက်သတ်တဲ့ နစ်နာသူတွေကိုတောင်းပန်ခဲ့ပြီး ဒီလိုကိစ္စအတွက်ရှက်မိကြောင်းနဲ့ နောက်ထပ်နစ်နာသူတွေ ထပ်မရှိဖို့ မျှော်လင့်မိကြောင်းရေးပြီး လှိုက်လှိုက်လှဲလှဲတောင်းပန်ခဲ့ပါတယ်။

ဒါ့အပြင်သူမရဲ့ မိခင်နဲ့ ဖခင်ဟာ သူမအသက် ၅ နှစ်ကတည်းကကွာရှင်းခဲ့တာဖြစ်ပြီး ငယ်ငယ်ကတည်းက အဘွားဖြစ်သူနဲ့အတူကြီးပြင်းလာရတာပါတဲ့။ Debut မလုပ်ခင်ကတည်းက မိခင်ရဲ့ အကြွေးတွေကိုရှင်းပေးဖို့ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရပြီး Debut ပြီးနောက်မှာလည်း အမေက အကြွေးယူဖို့သူမနာမည်ကိုသုံးခဲ့လို့ ကြွေးရှင်တွေက အေဂျင်စီကိုလာရှာတာမျိုးတောင်ရှိခဲ့ပါတယ်တဲ့။

အဲဒီအချိန်တုန်းကတော့ ဘာမှနားမလည်သေးလို့ ထွေထွေထူးထူးမဖြေရှင်းပဲ ဒီအတိုင်းအကြွေးဆပ်ပေးခဲ့မိလို ဒီလိုပြဿနာတွေထပ်ကြီးလာရတဲ့အတွက်လည်းတောင်းပန်ထားပါတယ်။ မိခင်ကိုအပြစ်မတင်ခဲ့ပဲ အကြွေးတွေကိုဆပ်ပေးပြီး မတတ်သာမှဖွင့်ပြောခဲ့တဲ့ သမီးလိမ္မာလေး Han So Hee ရင်ဆိုင်ခဲ့ရတဲ့ ဘဝကခက်ခဲလွန်းပါတယ်။

ကိုယ့်ထူးကိုယ်ချွန်အောင်မြင်လာခဲ့ပြီးအလုပ်ကြိုးစားတဲ့ Han So Hee တစ်ယောက် ရင်ဆိုင်ရတဲ့ပြဿနာတွေ ဒီလောက်နဲ့ရပ်ပြီး ပန်းခင်းလမ်းကိုအမြန်လျှောက်လှမ်းနိုင်ပါစေနော်။

Source: Koreaboo
Written: Helra

Share