Categories: Celebrity News

ပွဲဦးထွက်ထွက်ချင်းမှာပဲ Perfect All-Kill ရရှိခဲ့တဲ့ Yoo Jae Suk, Rain နဲ့ Lee Hyori တို့ရဲ့ SSAK3

အနုပညာလောက နယ်ပယ်စုံက ဆရာကြီးဖြစ်တဲ့ Yoo Jae Suk, Lee Hyori နဲ့ Rain တို့ စုပေါင်းထားတဲ့အဖွဲ့ဖြစ်တဲ့အပြင် Rain နဲ့ Lee Hyori ကလဲ မေးစရာမလိုအောင် တော်ပြီးသား MC Yoo ရဲ့ စကေးတွေကိုလဲ သိပြီးသားဆိုတော့ အောင်မြင်မှုတွေလာမယ်ဆိုတာ တွေးထားပြီးသားဖြစ်ပေမယ့် သီချင်းထွက်ထွက်ချင်း Perfect All-Kill ကြီးကတော့ လွန်တာပေါ့လို့တောင် ပြောရမလိုပါပဲနော်။

ဒီသုံးယောက်ကတော့ ရုပ်သံအစီအစဉ်တစ်ခုကနေ sub-unit အဖြစ် ဖွဲ့စည်းကာ debut ခဲ့တာဖြစ်ပြီး သူတို့ရဲ့သီချင်းသစ်ဖြစ်တဲ့ Summer Beach Again ဟာ ထွက်ရှိပြီးသိပ်မကြာခင် ဇူလိုင် ၂၀ ကိုရီးယား စံတော်ချိန် မနက် ၇:၃၀ မှာပဲ perfect all-kill ရရှိသွားတယ်လို့ Instiz’s iChart ကနေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီသီချင်းဟာ ၂၀၂၀ အတွင်း perfect all-kill ရတဲ့ 5 ပုဒ်မြောက်သီချင်းလဲ ဖြစ်ပါတယ်။

Nation’s MC ကြီးနဲ့ အကျော်အမော်ဂီတပညာရှင်နှစ်ယောက်ရဲ့ ပေါင်းစပ်မှုကတော့ အံ့မခန်းပါပဲ။ စစချင်းမှာတင် ဒီနေ့ခေတ်ထိပ်တန်း idol တွေကို ကျော်ဖြတ်ပြီး chart တွေမှာ ဗိုလ်စွဲပစ်လိုက်တာပါ။

ပရိတ်သတ်တွေဟာ သူတို့ရဲ့ debut ကို အမျှော်ကြီးမျှော်ခဲ့ကြရပြီး ထွက်လာတော့လဲ မျှော်မှန်းထားတာထက်တောင် ပညာတွေပြထားကြတာမို့ အံ့အားသင့်ပြီး နှစ်ခြိုက်ခဲ့ရပါတယ်။ တစ်နိုင်ငံလုံးရဲ့ အချစ်တော်တွေဆိုတော့လဲ ဒီလောက်တော့ ရှိမှာပေါ့နော်။

(Zawgyi) ပြဲဦးထြက္ထြက္ခ်င္းမွာပဲ Perfect All-Kill ရရွိခဲ့တဲ့ Yoo Jae Suk, Rain နဲ႔ Lee Hyori တို႔ရဲ့ SSAK3

အႏုပညာေလာက နယ္ပယ္စုံက ဆရာႀကီးျဖစ္တဲ့ Yoo Jae Suk, Lee Hyori နဲ႔ Rain တို႔ စုေပါင္းထားတဲ့အဖြဲ႕ျဖစ္တဲ့အျပင္ Rain နဲ႔ Lee Hyori ကလဲ ေမးစရာမလိုေအာင္ ေတာ္ၿပီးသား MC Yoo ရဲ့ စေကးေတြကိုလဲ သိၿပီးသားဆိုေတာ့ ေအာင္ျမင္မႈေတြလာမယ္ဆိုတာ ေတြးထားၿပီးသားျဖစ္ေပမယ့္ သီခ်င္းထြက္ထြက္ခ်င္း Perfect All-Kill ႀကီးကေတာ့ လြန္တာေပါ့လို႔ေတာင္ ေျပာရမလိုပါပဲေနာ္။

ဒီသုံးေယာက္ကေတာ့ ႐ုပ္သံအစီအစဥ္တစ္ခုကေန sub-unit အျဖစ္ ဖြဲ႕စည္းကာ debut ခဲ့တာျဖစ္ၿပီး သူတို႔ရဲ့သီခ်င္းသစ္ျဖစ္တဲ့ Summer Beach Again ဟာ ထြက္ရွိၿပီးသိပ္မၾကာခင္ ဇူလိုင္ ၂၀ ကိုရီးယား စံေတာ္ခ်ိန္ မနက္ ၇:၃၀ မွာပဲ perfect all-kill ရရွိသြားတယ္လို႔ Instiz’s iChart ကေန ထုတ္ျပန္ခဲ့ပါတယ္။ ဒီသီခ်င္းဟာ ၂၀၂၀ အတြင္း perfect all-kill ရတဲ့ 5 ပုဒ္ေျမာက္သီခ်င္းလဲ ျဖစ္ပါတယ္။

Nation’s MC ႀကီးနဲ႔ အေက်ာ္အေမာ္ဂီတပညာရွင္ႏွစ္ေယာက္ရဲ့ ေပါင္းစပ္မႈကေတာ့ အံ့မခန္းပါပဲ။ စစခ်င္းမွာတင္ ဒီေန႔ေခတ္ထိပ္တန္း idol ေတြကို ေက်ာ္ျဖတ္ၿပီး chart ေတြမွာ ဗိုလ္စြဲပစ္လိုက္တာပါ။

ပရိတ္သတ္ေတြဟာ သူတို႔ရဲ့ debut ကို အေမၽွာ္ႀကီးေမၽွာ္ခဲ့ၾကရၿပီး ထြက္လာေတာ့လဲ ေမၽွာ္မွန္းထားတာထက္ေတာင္ ပညာေတြျပထားၾကတာမို႔ အံ့အားသင့္ၿပီး ႏွစ္ၿခိဳက္ခဲ့ရပါတယ္။ တစ္နိုင္ငံလုံးရဲ့ အခ်စ္ေတာ္ေတြဆိုေတာ့လဲ ဒီေလာက္ေတာ့ ရွိမွာေပါ့ေနာ္။

Source : Soompi
Written : Dar Dar

Share