Categories: Celebrity News

ကိုရီးယားနိုင်ငံရဲ့မိန်းမလှကျွန်း (သို့) Daegu နွယ်ဖွားအလှလေးများ

ကိုရီးယားနိုင်ငံရဲ့ မြို့ကြီးတွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ Daegu မြို့က တောင်ကိုရီးယားအထည်အလိပ်လုပ်ငန်းအတွက်အရေးပါတဲ့မြို့တစ်မြို့ပါ။ ဒါ့အပြင် Kpop idol တွေထဲမှာလည်း Daegu မြို့ကလူတွေအများအပြားပါပြီး ဒရမ်မာတွေထဲမှာလည်း ဒီမြို့အကြောင်းပါတတ်လို့ ပရိတ်သတ်တွေနဲ့မစိမ်းတဲ့မြို့ပါ။ ဒီတစ်ခေါက်တော့အချောအလှတွေစုတဲ့ Daegu မြို့ဖွား မိန်းကလေး idol (၁၀) ယောက်ကိုဖော်ပြလိုက်ပါတယ်။

Son Ye Jin


မင်းသမီးချော Son Ye Jin ကလည်း Daegu ကပဲနော်။ သူမက အဲဒီမြ်ို့မှာပဲ အကြာကြီး ကြီးပြင်းခဲ့ပြီး အဲဒီကနေပဲအထက်တန်းအောင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာမှ အေဂျင်စီတစ်ခုရဲ့ CEO ကသူမရဲ့ထင်းနေတဲ့အလှအပကို သတိထားမိသွားပြီး မြေတောင်မြှောက်ပေးခဲ့ရာက ဒီနေ့အားလုံးချစ်တဲ့ မင်းသမီး Son Ye Jin ဖြစ်လာခဲ့တာပါ။

Song Hye Kyo


နောက်ထပ် ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ Song Hye Kyo ကလည်း Daegu မြို့ဖွားတစ်ယောက်ပါ။ သူမက Dalseo အရပ်မှာဖွားမြင်ခဲ့တာပါ။ သူမအဲဒီမှာကျောင်းတက်ခဲ့တုန်းက School Uniform Model Contest တစ်ခုမှာအနိုင်ရရှိခဲ့ပါသေးတယ်။

Irene (Red Velvet)


Red Velvet ရဲ့ အလှလေး Irene က Daegu မြို့သူဆိုတာတော့အားလုံးပဲသိထားကြမှာပါ။ သူမက Daegu မြို့မှာကြီးပြင်းလာကတည်းက အလှအပကြောင့်ထင်ရှားခဲ့သူဖြစ်ပါတယ်တဲ့။ Daegu ဟာပုံမှန်အခြားမြို့တွေထက်ပူထာကြောင့် သူမဟာရာသီဥတုပူတဲ့ဒဏ်ကို အတောင်အသင့်ကျင့်သားရပြီး အချို့ show တွေမှာလည်း Daegu လေယူလေသိမ်းနဲ့ ချစ်စရာကောင်းအောင်ပြောပြတတ်ပါသေးတယ်။

Min Hyo Rin


အရုပ်မလေးလိုလှတယ်လို့တင်စားရတဲ့ Taeyang ရဲ့ မဟေသီ မင်းသမီးချော Min Hyo Rin ကိုလည်း Daegu မှာပဲမွေးဖွားခဲ့တာပါ။ သူမရဲ့ထူးခြားတဲ့ရုပ်ရည်လေးကြောင့် လူတွေအချစ်ကိုရရှိခဲ့သူပါ။ အထူးသဖြင့်သူမရဲ့နှာခေါင်းက အခုချိန်ထိယှဉ်ပြိုင်နိုင်သူမရှိအောင်ပြိုင်စံရှားလှပတယ်ဆိုပြီး ကိုရီးယားပြည်သူတွေကချီးကျူးခဲ့ကြပါတယ်။

Nancy (Momoland)


အမေရိကန်လူမျိုးဖခင်နဲ့ က်ိုရီးယားမိခင်တို့ထံကမွေးဖွားခဲ့တဲ့ ကိုရီးယား-အမေရိကန်သူလေး Nancy ကလည်း အမေရိကန်နိုင်ငံမှာကြီးပြင်းခဲ့ပေမယ့် Daegu မှာဖွားမြင်ခဲ့တဲ့ Daegu သူလေးပါ။ ကပြားမလေးသူမကလည်း ဘိုဆန်တဲ့အလှကြောင့်နာမည်ကြီးပါတယ်။

Moon Chae Won


ငယ်ငယ်ကတည်းက ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကြောင့် ပရိတ်သတ်အချစ်ခံရတဲ့ မင်းသမီး Moon Chae Won ကလည်း Daegu မြို့သူတစ်ယာက်ဖြစ်ပြီး သူမ ခြောက်တန်းရောက်မှ Seoul ကိုပြောင်းရွှေ့ခဲ့တာပါ။

Sojin (Girl’s Day)


Girl’s Day အဖွဲ့ခေါင်းဆောင် Sojin ကလည်း Daegu သူပါပဲနော်။ JTBC ရဲ့ Crime Scene 3 ဇာတ်လမ်းတွဲမှာတောင် သူမရဲ့ Daegu လေယူလေသိမ်းနဲ့ စကားပြောပုံလေးကို ကြားခဲ့ရပါသေးတယ်။ ကျောင်းမှာလဲ အလှဘုရင်မဘွဲ့ကို ခံယူခဲ့တဲ့ Daegu ရဲ့ရတနာလေးပါ။

Bona (WJSN)


နောက်တစ်ယောက်ကတော့ WJSN အဖွဲ့ဝင် အလှပဂေးလေး Bona ပဲဖြစ်ပါတယ်။ သူမကို Daegu မြို့ Dalseo မြို့နယ်မှာမွေးဖွားခဲ့ပြီး Girls’ Generation 1979 ဇာတ်လမ်းတွဲမှာ သူမရဲ့ Daegu လေသံလေးကိုအသုံးချခဲ့ပါတယ်။

Yena (APRIL)


April အဖွဲ့ဝင် Yena ကလည်း Daegu မြို့ကပါ။ သူမဆို training ကာလမစခင်အထိ အဲဒီမှာပဲ သူမရဲ့ငယ်ဘဝအချိန်တော်တော်များများကိုကုန်ဆုံးခဲ့တာပါတဲ့။ ရိုးရှင်းပြီး အမြဲလှနေတဲ့သူလေးကိုကြည့်ရင်တော့ Daegu မြို့သူတွေ ဘယ်လောက်လှလဲဆိုတာ သံသယဖြစ်စရာမလိုပါဘူး။

Kim Hee Sun


မြန်မာပရိတ်သတ်တွေ လီဟန်နီလို့သိကြတဲ့ မင်းသမီးချော Kim Hee Sun ကလည်း Daegu သူဖြစ်ပြီး သူမဟာ အလယ်တန်းကတည်းကဒီမြို့မှာအလှအပကြောင့်ထင်ရှားနေပါပြီတဲ့။ ၁၉၉၂ ခုနှစ်မှာတော့ Fair Face Beauty Contest မှာအနိုင်ရခဲ့ပြီး အနုပညာလောကထဲမှာ စတင်နေရာရဖို့ဖြစ်လာခဲ့ပါတယ်။

Source : Soompi
Written : Helra

Share